ကာရီးရက္စ္အပါအဝင္ကစားသမား၈ဦးအထိေရာင္းခ်ေတာ့မယ့္လီဗာပူး
လီဗာပူးအသင္းဟာ ဒီရာသီအေျပာင္းအေရႊ ့ကာလမွာ အသင္းကို အေျပာင္းအလဲမ်ားစြာျပဳလုပ္လိုေနပါတယ္။
လီဗာပူးအသင္းဟာ အသင္း ကစားသမား ၈ ဦးအထိ ဒီရာသီမွာ ေရာင္းခ်ဖို ့အေရာင္းစာရင္းတင္ထားခဲ့တာျဖစ္ၿပီး ကလပ္ဟာ သူတို ့ရဲ႕ လူစာရင္းကို ပိုမိုက်စ္လစ္ေတာင့္တင္းလာဖို ့ႀကိဳးပမ္းေနတာပဲျဖစ္ပါတယ္။
နည္းျပကေလာ့ ရဲ႕ ကာရီးရက္စ္အေပၚ ယံုၾကည္မႈမရွိေတာ့ပဲ ကမာၻ ့ဂိုးသမားစံခ်ိန္တင္အေျပာင္းအေရႊ ့ျဖင့္ အယ္လီဆန္ကို ေခၚယူႏိုင္ခဲ့တာကို ပဲၾကည့္မယ္ဆိုရင္ေတာ့လီဗာပူးပရိတ္သတ္တစ္ေယာက္အေနနဲ႔ စိတ္မသက္မသာျဖစ္ႏိုင္ပါတယ္။
ဒါပင္မယ့္လည္း ဂိုးသမားကားရီးရက္စ္ ရဲ႕ ခြင့္မလႊတ္ႏိုင္စရာအမွားေတြက နည္းျပဂ်ာဂန္ကေလာ့ကို စိတ္ကုန္ေစခဲ့ၿပီပဲျဖစ္ပါတယ္။
ဒါ့အျပင္ အခ်ိဳ ့ေသာလီဗာပူးကစားသမားေတြဟာ နည္းျပဂ်ာဂန္ကေလာ့ရဲ႕ အနာဂတ္အစီအစဥ္မွာ မပါဝင္ေတာ့ပါဘူး။Mirror ရဲ႕ အဆိုအရ လီဗာပူးအသင္းဟာ သူတို ့အသင္းရဲ႕ ကစားသမား ၈ဦးအထိ ေရာင္ခ်ၿပီး ေပါင္သန္း ၁၀၀ အထိျပန္လည္ရရွိဖို ့ေမွ်ာ္မွန္းေနေၾကာင္းသိရပါတယ္။
လာဇာမာကိုဗစ္၊ဒယ္နီရယ္အင့္စ္ နဲ႔ ဒီေဗာ့အိုရီဂီ တို ့ဟာ အေရာင္းစာရင္းမွာ ပါဝင္လာခဲ့ၿပီး ရွီရီအိုဂ်ိဴ နဲ႔ ဘင္ဝဒ္ဗမ္း တို ့လည္း ပါဝင္ေနတယ္လို ့သိရပါတယ္။
Marco Grujic နဲ႔ စပိန္ကြင္းလယ္လူ ပတ္ဒ႐ို ခ်ီရာဗီယာ တို ့ဟာ အသင္းလူစာရင္းကေန ေလ်ာ့ခ်ခံရဖို ့ရွိေနၿပီး ဂိုးသမား ၂ေယာက္ျဖစ္တဲ့ မန္ႏိုလတ္နဲ႔ ကားရီးရက္စ္ တို ့ဟာ အသင္းကေန ေရာင္းခ်ခံရဖို ့လည္း ျမင္ေနပါတယ္။
မႏွစ္ရာသီ ထဲက ကေလာ့ရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္ေတာ့တဲ့ အဂၤလန္တိုက္စစ္မွဴး ဒယ္နီရစ္ စတာရစ္ခ်္ ရဲ႕ အနာဂတ္အစီအစဥ္ဟာလည္း အသံတိတ္ၿပီး ေသြးေအးလို ့ေနေနပါတယ္။ဒါပင္မယ့္လည္း ရာသီႀကိဳပြဲစဥ္ေတြမွာ ပါဝင္လာတဲ့ စတာရစ္ခ်္ တစ္ေယာက္ အသင္းရဲ႕ ေနရာတစ္ေနရာအတြက္ ျပန္လည္တိုက္ပြဲဝင္သြားဖို ့ရွိေနပါတယ္။
အဆိုပါ တိုက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ ့ကာလက နယူးကာဆယ္အသင္းဆီ ေျပာင္းေရႊ ့ဖို ့နီးစပ္ခဲ့ေသာ္လည္း ဝက္စ္ဘရြန္း အသင္းမွာ အငွားသြားေရာက္ကစားဖို ့ေရြးခ်ယ္ဆံုးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။
လာမယ့္ရာသီ အန္ဖီးမွာ ရင္ခုန္စိတ္လႈပ္ရွားစရာ အရာေတြ ကို လီဗာပူးပရိတ္သတ္ေတြကလည္း ေစာင့္ဆိုင္းေမွ်ာ္လင့္ေနၾကၿပီပဲျဖစ္ပါတယ္။ မႏွစ္ရာသီက အဆင့္ ၄နဲ႔သာ ေက်နပ္ခဲ့ရေသာ္လည္း ယခုႏွစ္ အေျပာင္းအေရႊ ့မွာ တစ္ခ်ိန္လံုးနီးပါး အလုပ္ေတြ ရႈပ္ေနခဲ့ၿပီး အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ေနတဲ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိပ္ဆုအတြက္ မန္စီးတီး အဓိက ၿခိမ္းေျခာက္လာႏိုင္ဖြယ္ရွိတယ္လို ့သံုးသပ္လိုက္ပါတယ္။
(Unicode)
လီဗာပူးအသင်းဟာ ဒီရာသီအပြောင်းအရွှေ ့ကာလမှာ အသင်းကို အပြောင်းအလဲများစွာပြုလုပ်လိုနေပါတယ်။
လီဗာပူးအသင်းဟာ အသင်း ကစားသမား ၈ ဦးအထိ ဒီရာသီမှာ ရောင်းချဖို ့အရောင်းစာရင်းတင်ထားခဲ့တာဖြစ်ပြီး ကလပ်ဟာ သူတို ့ရဲ့ လူစာရင်းကို ပိုမိုကျစ်လစ်တောင့်တင်းလာဖို ့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။
နည်းပြကလော့ ရဲ့ ကာရီးရက်စ်အပေါ် ယုံကြည်မှုမရှိတော့ပဲ ကမ္ဘာ ့ဂိုးသမားစံချိန်တင်အပြောင်းအရွှေ ့ဖြင့် အယ်လီဆန်ကို ခေါ်ယူနိုင်ခဲ့တာကို ပဲကြည့်မယ်ဆိုရင်တော့လီဗာပူးပရိတ်သတ်တစ်ယောက်အနေနဲ့ စိတ်မသက်မသာဖြစ်နိုင်ပါတယ်။
ဒါပင်မယ့်လည်း ဂိုးသမားကားရီးရက်စ် ရဲ့ ခွင့်မလွှတ်နိုင်စရာအမှားတွေက နည်းပြဂျာဂန်ကလော့ကို စိတ်ကုန်စေခဲ့ပြီပဲဖြစ်ပါတယ်။
ဒါ့အပြင် အချို ့သောလီဗာပူးကစားသမားတွေဟာ နည်းပြဂျာဂန်ကလော့ရဲ့ အနာဂတ်အစီအစဉ်မှာ မပါဝင်တော့ပါဘူး။Mirror ရဲ့ အဆိုအရ လီဗာပူးအသင်းဟာ သူတို ့အသင်းရဲ့ ကစားသမား ၈ဦးအထိ ရောင်ချပြီး ပေါင်သန်း ၁၀၀ အထိပြန်လည်ရရှိဖို ့မျှော်မှန်းနေကြောင်းသိရပါတယ်။
လာဇာမာကိုဗစ်၊ဒယ်နီရယ်အင့်စ် နဲ့ ဒီဗော့အိုရီဂီ တို ့ဟာ အရောင်းစာရင်းမှာ ပါဝင်လာခဲ့ပြီး ရှီရီအိုဂျိူ နဲ့ ဘင်ဝဒ်ဗမ်း တို ့လည်း ပါဝင်နေတယ်လို ့သိရပါတယ်။
Marco Grujic နဲ့ စပိန်ကွင်းလယ်လူ ပတ်ဒရို ချီရာဗီယာ တို ့ဟာ အသင်းလူစာရင်းကနေ လျော့ချခံရဖို ့ရှိနေပြီး ဂိုးသမား ၂ယောက်ဖြစ်တဲ့ မန်နိုလတ်နဲ့ ကားရီးရက်စ် တို ့ဟာ အသင်းကနေ ရောင်းချခံရဖို ့လည်း မြင်နေပါတယ်။
မနှစ်ရာသီ ထဲက ကလော့ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဒယ်နီရစ် စတာရစ်ချ် ရဲ့ အနာဂတ်အစီအစဉ်ဟာလည်း အသံတိတ်ပြီး သွေးအေးလို ့နေနေပါတယ်။ဒါပင်မယ့်လည်း ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်လာတဲ့ စတာရစ်ချ် တစ်ယောက် အသင်းရဲ့ နေရာတစ်နေရာအတွက် ပြန်လည်တိုက်ပွဲဝင်သွားဖို ့ရှိနေပါတယ်။
အဆိုပါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ ့ကာလက နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ ့ဖို ့နီးစပ်ခဲ့သော်လည်း ဝက်စ်ဘရွန်း အသင်းမှာ အငှားသွားရောက်ကစားဖို ့ရွေးချယ်ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
လာမယ့်ရာသီ အန်ဖီးမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ အရာတွေ ကို လီဗာပူးပရိတ်သတ်တွေကလည်း စောင့်ဆိုင်းမျှော်လင့်နေကြပြီပဲဖြစ်ပါတယ်။ မနှစ်ရာသီက အဆင့် ၄နဲ့သာ ကျေနပ်ခဲ့ရသော်လည်း ယခုနှစ် အပြောင်းအရွှေ ့မှာ တစ်ချိန်လုံးနီးပါး အလုပ်တွေ ရှုပ်နေခဲ့ပြီး အပြောင်းအလဲများစွာ ပြုလုပ်နေတဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိပ်ဆုအတွက် မန်စီးတီး အဓိက ခြိမ်းခြောက်လာနိုင်ဖွယ်ရှိတယ်လို ့သုံးသပ်လိုက်ပါတယ်။
Post a Comment