မန္ယူႏိုက္တက္ဆီ လာမယ့္တစ္ပတ္အတြင္း ေရာက္ရွိလာလိမ့္မယ္လို ့ယံုၾကည္ေနတဲ့ မက္ဂြားယား
လက္စတာ ေနာက္ခံလူ မက္ဂြားယားဟာ ယူႏိုက္တက္အသင္းဆီ ေပါင္ ၆၅ သန္းျဖင့္ေရာက္ရွိလိမ့္မယ္လို ့ယံုၾကည္ေနေၾကာင္း Mirror ကေဖာ္ျပထားပါတယ္။
ကမာၻ ့ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ အဆိုပါေနာက္ခံလူကို အိုထရက္ဖို ့ဒ္အသင္းက အလြန္အမင္းစိတ္ဝင္စားေနတာပဲျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ မက္ဂြားယား ကို ေခၚယူခ်င္တယ္တဲ့ ကိစၥ လက္စတာအသင္းထံ တရားဝင္အေၾကာင္းၾကား ၿပီးၿပီလို ့သိရပါတယ္။
အဆိုပါ ကစားသမားဟာ ထိပ္တန္းကလပ္ဆီ ေျပာင္း ေရႊ ့ဖို ့အလြန္စိတ္အားထက္သန္ေနၿပီး ကင္းပါဝါ အသင္းဟာ လြန္ခဲ့တဲ့ ၁ႏွစ္က မက္ဂြားယား ကို ေပါင္ ၁၇ သန္း ျဖင့္ ေခၚယူႏိုင္ခဲ့ပါတယ္။
ရာသီႀကိဳ ေလ့က်င့္ခန္း အစီအစဥ္အတြက္ အသင္းနဲ႔ ျပန္လည္ပူးေပါင္းခ်ိန္မွာေတာ့ လက္စတာစီးတီးအသင္းဟာ မက္ဂြားယား ကို တစ္ပတ္လုပ္ခ ေပါင္ ၁သိန္းျဖင့္ စာခ်ဳပ္သက္တမ္းတိုးဖို ့စီစဥ္ေနတာပဲျဖစ္ပါတယ္။
ယူႏိုက္တက္နည္းျပ ဟာ အသင္းရဲ႕ ေနာက္ခံလူ ဒီေလးဘလိုင္း ကို ေအးဂ်က္စ္အသင္းထံ ျပန္လည္ေရာင္းခ်ခဲ့တဲ့အျပင္ ဒါယီမန္းဟာ လည္း အသင္းကေနထြက္ခြာဖို ့ရွိေနတာေၾကာင့္ မက္ဂြားယား တစ္ေယာက္ ေမာ္ရင္ဟို နဲ႔ လာေရာက္ပူးေပါင္းလိုေနတာပဲျဖစ္ပါတယ္။
ေမာ္ရင္ဟို ယူႏိုက္တက္ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ စေမာလင္း၊ ဖီးလ္ဂ်ံဴး၊ လင္ဒီေလာ့ဖ္ ၊အဲရစ္ဘိုင္လီနဲ႔ ႐ိုဂ်ိဳ တို ့အေပၚ အားမလို အားမရျဖစ္ေနပါတယ္။
အျခားေနာက္ခံလူ ေတြ ျဖစ္တဲ့ ဗလန္စီယာ နဲ႔ ဒယ္ေလာ့တို ့ဟာ ဒဏ္ရာေၾကာင့္ ရာသီအစပြဲစဥ္ေတြမွာ ပါဝင္ႏိုင္ဖြယ္မရွိပါဘူး။
မန္ယူႏိုက္တက္အသင္းဟာ ၾသဂုတ္လ ၁၀ ရက္ေန ့မွာ ပရီးမီးယားလိပ္ အဖြင့္ပြဲစဥ္ အျဖစ္ မက္ဂြားယား ရဲ႕ လက္စတာစီးတီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲျဖစ္ပါတယ္။
(Unicode)
လက်စတာ နောက်ခံလူ မက်ဂွားယားဟာ ယူနိုက်တက်အသင်းဆီ ပေါင် ၆၅ သန်းဖြင့်ရောက်ရှိလိမ့်မယ်လို ့ယုံကြည်နေကြောင်း Mirror ကဖော်ပြထားပါတယ်။
ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ အဆိုပါနောက်ခံလူကို အိုထရက်ဖို ့ဒ်အသင်းက အလွန်အမင်းစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ မက်ဂွားယား ကို ခေါ်ယူချင်တယ်တဲ့ ကိစ္စ လက်စတာအသင်းထံ တရားဝင်အကြောင်းကြား ပြီးပြီလို ့သိရပါတယ်။
အဆိုပါ ကစားသမားဟာ ထိပ်တန်းကလပ်ဆီ ပြောင်း ရွှေ ့ဖို ့အလွန်စိတ်အားထက်သန်နေပြီး ကင်းပါဝါ အသင်းဟာ လွန်ခဲ့တဲ့ ၁နှစ်က မက်ဂွားယား ကို ပေါင် ၁၇ သန်း ဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။
ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်အတွက် အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာတော့ လက်စတာစီးတီးအသင်းဟာ မက်ဂွားယား ကို တစ်ပတ်လုပ်ခ ပေါင် ၁သိန်းဖြင့် စာချုပ်သက်တမ်းတိုးဖို ့စီစဉ်နေတာပဲဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ ဟာ အသင်းရဲ့ နောက်ခံလူ ဒီလေးဘလိုင်း ကို အေးဂျက်စ်အသင်းထံ ပြန်လည်ရောင်းချခဲ့တဲ့အပြင် ဒါယီမန်းဟာ လည်း အသင်းကနေထွက်ခွာဖို ့ရှိနေတာကြောင့် မက်ဂွားယား တစ်ယောက် မော်ရင်ဟို နဲ့ လာရောက်ပူးပေါင်းလိုနေတာပဲဖြစ်ပါတယ်။
မော်ရင်ဟို ယူနိုက်တက်နောက်ခံလူတွေ ဖြစ်ကြတဲ့ စမောလင်း၊ ဖီးလ်ဂျံူး၊ လင်ဒီလော့ဖ် ၊အဲရစ်ဘိုင်လီနဲ့ ရိုဂျို တို ့အပေါ် အားမလို အားမရဖြစ်နေပါတယ်။
အခြားနောက်ခံလူ တွေ ဖြစ်တဲ့ ဗလန်စီယာ နဲ့ ဒယ်လော့တို ့ဟာ ဒဏ်ရာကြောင့် ရာသီအစပွဲစဉ်တွေမှာ ပါဝင်နိုင်ဖွယ်မရှိပါဘူး။
မန်ယူနိုက်တက်အသင်းဟာ သြဂုတ်လ ၁၀ ရက်နေ ့မှာ ပရီးမီးယားလိပ် အဖွင့်ပွဲစဉ် အဖြစ် မက်ဂွားယား ရဲ့ လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။a
Post a Comment