Header Ads


အသင္းဆီျပန္လည္ပူးေပါင္းဖို ့ပ်က္ကြက္တဲ့ မာရွယ္ကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တဲ့ ေမာ္ရင္ဟို



မန္ယူႏိုက္တက္ရဲ႕ ရာသီႀကိဳပြဲစဥ္ေတြ ဆီ ျပန္လည္လာေရာက္ပူးေပါင္းဖို ့ပ်က္ကြက္ခဲ့တဲ့ မာရွယ္ကို နည္းျပေမာ္ရင္ဟိုက ေဝဖန္လိုက္ပါတယ္။

မာရွယ္ဟာ ၿပီးခဲ့တဲ့အပတ္က သူ ့ေကာင္မေလး မီးဖြားဖို ့အတြက္ US ကေန အိမ္ျပန္သြားခဲ့တာပဲျဖစ္ပါတယ္။

ဒါပင္မယ့္ေမာ္ရင္ဟို ေမွ်ာ္လင့္ခဲ့တာက အဆိုပါျပင္သစ္သားဟာ ကေလးေမြးဖြားမႈကိစၥၿပီးၿပီးေနာက္ အသင္းဆီ ျပန္လည္ပူးေပါင္းလာလိမ့္မယ္လို ့ ေမွ်ာ္လင့္ခဲ့တာပဲျဖစ္ပါတယ္။

လီဗာပူးအသင္းကို ၄-၁ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာေတာ့ ေပၚတူဂီလူမ်ိဳး ေမာ္ရင္ဟိုဟာ မာရွယ္အေပၚစိတ္ပ်က္ေနေၾကာင္း သူ ့ရဲ႕ ပြဲၿပီး သတင္းစာရွင္းလင္းပြဲအရ သိရပါတယ္။

" သူ ့ကေလးေလးေမြးဖြားၿပီးသြားပါၿပီ။ အရမ္းကို ခ်စ္စရာေကာင္းၿပီး လွပတဲ့ ကေလးေလးပါ။ကေလးက်န္မားေရးဟာ ျပည့္စံုေကာင္းမြန္ပါတယ္။ ဘုရားသခင္ကိုေက်းဇူးတင္ပါတယ္"

"သူ ဒီကိုေရာက္သင့္ေနပါၿပီ။ သူဒီမွာ ရွိမေနပါဘူး" လို ့MUTV ကိုေျပာၾကားခဲ့ပါတယ္။


ခ်ဲလ္ဆီးနဲ႔ စပါးအသင္းတို႔က စိတ္ဝင္စားေနတဲ့ မာရွယ္ကို ယူႏိုက္တက္အသင္းက ၿပိဳင္ဘက္အသင္းေတြထံ ေရာင္းခ်မွာ မဟုတ္ေၾကာင္းသိရပါၿပီး ယူႏိုက္တက္က သူ ့အတြက္ ေပါင္သန္း ၇၀ သတ္မွတ္ထားပါတယ္။

ယူႏိုက္တက္ဟာ မာရွယ္ကို ျပည္တြင္းပရီးမီးယားလိပ္အသင္းေတြထက္ အျခားဥေရာပအသင္းေတြဆီသာ ေရာင္းခ်လိုၿပီး PSGနဲ႔ ဘိုင္ယန္ အသင္းတို႔ ကခ်ိတ္ဆက္လ်က္ရွိေနေၾကာင္းသိရပါတယ္။

မာရွယ္ဟာ ကမာၻ ့ဖလားရျပင္သစ္အသင္းမွာ ပါဝင္ခြင့္ရဖို ့ပံုမွန္ပြဲထြက္ခြင့္ရရွိလိုေနတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။
(Unicode)
မန်ယူနိုက်တက်ရဲ့ ရာသီကြိုပွဲစဉ်တွေ ဆီ ပြန်လည်လာရောက်ပူးပေါင်းဖို ့ပျက်ကွက်ခဲ့တဲ့ မာရှယ်ကို နည်းပြမော်ရင်ဟိုက ဝေဖန်လိုက်ပါတယ်။

မာရှယ်ဟာ ပြီးခဲ့တဲ့အပတ်က သူ ့ကောင်မလေး မီးဖွားဖို ့အတွက် US ကနေ အိမ်ပြန်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါပင်မယ့်မော်ရင်ဟို မျှော်လင့်ခဲ့တာက အဆိုပါပြင်သစ်သားဟာ ကလေးမွေးဖွားမှုကိစ္စပြီးပြီးနောက် အသင်းဆီ ပြန်လည်ပူးပေါင်းလာလိမ့်မယ်လို ့ မျှော်လင့်ခဲ့တာပဲဖြစ်ပါတယ်။

လီဗာပူးအသင်းကို ၄-၁ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ပေါ်တူဂီလူမျိုး မော်ရင်ဟိုဟာ မာရှယ်အပေါ်စိတ်ပျက်နေကြောင်း သူ ့ရဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။

" သူ ့ကလေးလေးမွေးဖွားပြီးသွားပါပြီ။ အရမ်းကို ချစ်စရာကောင်းပြီး လှပတဲ့ ကလေးလေးပါ။ကလေးကျန်မားရေးဟာ ပြည့်စုံကောင်းမွန်ပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်"

"သူ ဒီကိုရောက်သင့်နေပါပြီ။ သူဒီမှာ ရှိမနေပါဘူး" လို ့MUTV ကိုပြောကြားခဲ့ပါတယ်။


ချဲလ်ဆီးနဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေတဲ့ မာရှယ်ကို ယူနိုက်တက်အသင်းက ပြိုင်ဘက်အသင်းတွေထံ ရောင်းချမှာ မဟုတ်ကြောင်းသိရပါပြီး ယူနိုက်တက်က သူ ့အတွက် ပေါင်သန်း ၇၀ သတ်မှတ်ထားပါတယ်။

ယူနိုက်တက်ဟာ မာရှယ်ကို ပြည်တွင်းပရီးမီးယားလိပ်အသင်းတွေထက် အခြားဥရောပအသင်းတွေဆီသာ ရောင်းချလိုပြီး PSGနဲ့ ဘိုင်ယန် အသင်းတို့ ကချိတ်ဆက်လျက်ရှိနေကြောင်းသိရပါတယ်။

မာရှယ်ဟာ ကမ္ဘာ ့ဖလားရပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရဖို ့ပုံမှန်ပွဲထွက်ခွင့်ရရှိလိုနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

No comments

Powered by Blogger.