ေဂ်ာ္ဂ်င္ဟို ဟာ ခ်ဲလ္ဆီးအသင္းကို နည္းျပဆာရီနဲ႔ လိုက္ေလ်ာညီေထြမႈရွိေအာင္ကူညီေပးပါလိမ့္မယ္
ခ်ဲလ္ဆီးကစားသမားသစ္ ေဂ်ာ္ဂ်င္ဟိုဟာ နည္းျပသစ္ ဆာရီ ရဲ႕ တိုက္စစ္ကစားေပးဟန္နဲ႔ ခ်ဲလ္ဆီးအသင္းကို လိုက္ေလ်ာညီေထြမႈရွိေအာင္ ကူညီေပးလိမ့္မယ္လို ့ ေနာက္ခံလူ မားကပ္စ္ အလြန္ဆို ကခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။
ေဂ်ာ္ဂ်င္ဟိုဟာ နည္းျပဆာရီရဲ႕ နာပိုလီအသင္းမွာ ၃ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ နည္းျပႀကီး ရဲ႕ အေၾကာင္းေကာင္းေကာင္းနားလည္ေနၿပီး ဆရာတပည့္ ၂ေယာက္ဟာ ဒီရာသီမွာ ခ်ဲလ္ဆီး အသင္းဆီေရာက္ရွိလာခဲ့တာပဲျဖစ္ပါတယ္။
ခ်ဲလ္ဆီး အသင္းဆီ ေပါင္ ၅၇ သန္းျဖင့္ေျပာင္းေရႊ ့လာတဲ့ ေဂ်ာ္ဂ်င္ဟိုကို ေနာက္ခံလူ မားကိုစ္အလြန္ဆိုက
" သူဟာ ဒီပံုစံအတိုင္း ကစားေနတဲ့ သူတစ္ေယာက္ျဖစ္ၿပီး အသားက်ေနပါၿပီ။အဲ့ဒါေၾကာင့္ ဒီကရွိေနတဲ့ လူတိုင္းကို သူကူညီေပးပါလိမ့္မယ္။သူက ကၽြန္ေတာ္တို ့ကို နည္းျပရဲ႕ ကစားဟန္နဲ႔ ရင္းနွီးသြားေအာင္ လက္ေတြ ့အၾကံေပးစကားေတြ ေျပာျပေပးေနပါတယ္။"
"ကၽြန္ေတာ္တို ့ဟာ အရင္ ကစားဟန္ ကိုေျပာင္းလဲၿပီး ပံုစံသစ္နဲ႔ ကစားေနပါၿပီ။သူကၽြန္ေတာ္တို ့ကို ေတာင္းဆိုတဲ့ ပံုစံအသစ္က ဖိကစားခိုင္းၿပီး အသင္းကို စုစုစည္းစည္းရွိေနဖို ့နဲ႔ ေဘာလံုးကိုင္ကစားၾကဖို ့ပါ။"
ခ်ဲလ္ဆီးအသင္းဟာ ၾသဂုတ္လ ၁၅ ရက္ေန ့မွာ မန္စီးတီး အသင္းနဲ႔ ကြန္ျမဴနတီဒိုင္းဖလားပြဲကို ကစားရမွာျဖစ္ၿပီး ၅ရက္အၾကာမွာေတာ့ ဟယ္လ္ဒါဖီး အသင္းနဲ႔ ပရီးမီးယားလိပ္အဖြင့္ပြဲကို ရင္ဆိုင္ကစားရမွာပဲျဖစ္ပါတယ္။
ေဂ်ာ္ဂ်င္ဟို ဟာ သူ ့ရဲ႕ ပထမဆံုးခ်ဲလ္ဆီး ပြဲကို Perth Glory အသင္း အား ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ ပါဝင္ကစားခဲ့တာပဲျဖစ္ပါတယ္။
(Unicode)
ချဲလ်ဆီးကစားသမားသစ် ဂျော်ဂျင်ဟိုဟာ နည်းပြသစ် ဆာရီ ရဲ့ တိုက်စစ်ကစားပေးဟန်နဲ့ ချဲလ်ဆီးအသင်းကို လိုက်လျောညီထွေမှုရှိအောင် ကူညီပေးလိမ့်မယ်လို ့ နောက်ခံလူ မားကပ်စ် အလွန်ဆို ကချီးကျူးပြောဆိုသွားခဲ့ပါတယ်။
ဂျော်ဂျင်ဟိုဟာ နည်းပြဆာရီရဲ့ နာပိုလီအသင်းမှာ ၃ နှစ်ကြာကစားခဲ့ပြီးနောက် နည်းပြကြီး ရဲ့ အကြောင်းကောင်းကောင်းနားလည်နေပြီး ဆရာတပည့် ၂ယောက်ဟာ ဒီရာသီမှာ ချဲလ်ဆီး အသင်းဆီရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းဆီ ပေါင် ၅၇ သန်းဖြင့်ပြောင်းရွှေ ့လာတဲ့ ဂျော်ဂျင်ဟိုကို နောက်ခံလူ မားကိုစ်အလွန်ဆိုက
" သူဟာ ဒီပုံစံအတိုင်း ကစားနေတဲ့ သူတစ်ယောက်ဖြစ်ပြီး အသားကျနေပါပြီ။အဲ့ဒါကြောင့် ဒီကရှိနေတဲ့ လူတိုင်းကို သူကူညီပေးပါလိမ့်မယ်။သူက ကျွန်တော်တို ့ကို နည်းပြရဲ့ ကစားဟန်နဲ့ ရင်းနှီးသွားအောင် လက်တွေ ့အကြံပေးစကားတွေ ပြောပြပေးနေပါတယ်။"
"ကျွန်တော်တို ့ဟာ အရင် ကစားဟန် ကိုပြောင်းလဲပြီး ပုံစံသစ်နဲ့ ကစားနေပါပြီ။သူကျွန်တော်တို ့ကို တောင်းဆိုတဲ့ ပုံစံအသစ်က ဖိကစားခိုင်းပြီး အသင်းကို စုစုစည်းစည်းရှိနေဖို ့နဲ့ ဘောလုံးကိုင်ကစားကြဖို ့ပါ။"
ချဲလ်ဆီးအသင်းဟာ သြဂုတ်လ ၁၅ ရက်နေ ့မှာ မန်စီးတီး အသင်းနဲ့ ကွန်မြူနတီဒိုင်းဖလားပွဲကို ကစားရမှာဖြစ်ပြီး ၅ရက်အကြာမှာတော့ ဟယ်လ်ဒါဖီး အသင်းနဲ့ ပရီးမီးယားလိပ်အဖွင့်ပွဲကို ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။
ဂျော်ဂျင်ဟို ဟာ သူ ့ရဲ့ ပထမဆုံးချဲလ်ဆီး ပွဲကို Perth Glory အသင်း အား ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခဲ့တာပဲဖြစ်ပါတယ်။
Post a Comment