Header Ads


လီဝန္ေဒါစကီးကိုေရာင္းခ်မွာမဟုတ္ဘူးလို ့ဆိုလိုက္တဲ့ ဘိုင္ယန္နည္းျပကိုဗာခ်္



ဘိုင္ယန္ျမဴနစ္တိုက္စစ္မွဴး ဟာ အသင္းကေနထြက္ခြာခ်င္ယံုဆႏၵသာရွိၿပီး ဆံုးျဖတ္ခ်က္မခ်ရေသးတဲ့အတြက္ ဘြန္ဒက္စ္လီဂါမွာပဲဆက္ေနမယ္လို ့ ဘိုက္ယန္ျမဴးနစ္ နည္းျပသစ္က ဆိုလိုက္ပါတယ္။

နီကိုကိုဗာခ်္ က ရီးရဲလ္အသင္းရဲ႕ အဓိက ပစ္မွတ္ လီဝန္ေဒါ့စကီးကို လက္မလႊတ္ရဖို ့အေရးကို လံုးဝလက္ေလွ်ာ ့လိမ့္မွာ မဟုတ္ေၾကာင္းသိရပါတယ္။

လီဝန္ေဒါ့စကီးရဲ႕ ေအးဂ်င့္ ပင္နီဇာဟာဗီ က ေအရီနာ ကေန သူ ့ကစားသမားဟာ ထြက္ခြာဖို ့ေမွ်ာ္လင့္ေနၿပီး ကိုဗာခ်္က သူ ့ရဲ႕ ဆႏၵကို အေလးထားေနတယ္လို ့အတည္ျပဳေျပာၾကားလိုက္ပါတယ္။

ဥေရာပ၃ႏွစ္ဆက္ခ်န္ပီယံဟာ သူတို ့အသင္းရဲ႕ ဂိုးသြင္းဘုရင္ ႐ိုနယ္ဒို ေနရာ အစားထိုးဖို ့ပိုလန္တိုက္စစ္မွဴး လီဝန္ေဒါ့စကီးကို အလိုရွိေနတာပဲျဖစ္ပါတယ္။

ေဒါ့မြန္ အသင္းရဲ႕ CEO ဟန္ဂ်ိဳအာခ်င္ဝက္စ္ကီး က သူတို ့အသင္းရဲ႕ တိုက္စစ္မွဴးေဟာင္းလီဝန္ေဒါ့စကီးကို ယူ႐ိုသန္း ၁၀၀ ေပးၿပီး ျပန္ေခၚဖို ့လည္းရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္နည္းျပသစ္ ကိုဗာခ်္ကေတာ့ သူတို ့အသင္းရဲ႕ စတားတိုက္စစ္မွဴး လက္လႊတ္ဆံုးရံႈးခံဖြယ္ရွိမေနပါဘူး။

" ေရာဘတ္နဲ႔ ပတ္သတ္ၿပီး ဘာမွအသစ္ေတြ ရွိလာမွာမဟုတ္ပါဘူး။ သူအသင္းကို စြန္ ့ခြာမွာမဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ပါတယ္။ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္တို ့ရဲ႕ ထိပ္တန္းတိုက္စစ္မွဴးတစ္ေယာက္ျဖစ္ေနၿပီး ကၽြန္ေတာ္တို ့သူ ့ကို အသင္းကေန ထြက္ခြာခြင့္ေပးမွာ မဟုတ္ပါဘူး။"

"သူနဲ႔ အတူ ေအာင္ျမင္မႈေတြအမ်ားႀကီး ကၽြန္ေတာ္တို ့ရယူခ်င္ပါေသးတယ္။ သူဟာ ေတာ္တဲ့ ေဘာလံုးသမားတစ္ေယာက္ပါ။ ဘြန္ဒက္စ္လီဂါမွာလည္း ေအာင္ျမင္မႈေတြ အမ်ားႀကီးရထားၿပီး သြင္းဂိုးေတြ အမ်ားႀကီးရယူထားတာပါ။ အခုလာမယ့္ရာသီသစ္မွာလည္း ဂိုးေတြအမ်ားႀကီးသြင္းယူပါလိမ့္မယ္"

နည္းျပကိုဗခ်္ က အသက္ ၂၉ ႏွစ္အရြယ္ေရာဘတ္လီဝန္ေဒါစကီးဟာ ပ႐ိုကစားသမား စိတ္ဓာတ္အျပည့္ရွိေၾကာင္း ဆိုခဲ့ပါတယ္။

" ေရာဘတ္ဟာ အသင္းကေနထြက္ခြာခ်င္ယံုဆႏၵသာရွိပါတယ္။ ဒါဟာ သူ လိုခ်င္တဲ့အရာပါ။ေနာက္တစ္ခုက ကၽြန္ေတာ္တို ့လုပ္ေစခ်င္တဲ့ အရာပါ။"

" ေရာဘတ္မွာ စာခ်ဳပ္သက္တမ္းက်န္ရွိေနပါေသးတယ္။ ဘယ္ေလာက္က်န္ေသးလဲေတာ့ကၽြန္ေတာ္မသိေသးပါဘူး။ ဒီမွာ ဆက္ရွိေနမယ္ဆို တာေသခ်ာပါတယ္။" လို ့ဖရန္ ့ဖတ္ နည္းျပေဟာင္းႀကီး ကိုဗာခ်္က ဆိုသြားပါတယ္။

(Unicode)


ဘိုင်ယန်မြူနစ်တိုက်စစ်မှူး ဟာ အသင်းကနေထွက်ခွာချင်ယုံဆန္ဒသာရှိပြီး ဆုံးဖြတ်ချက်မချရသေးတဲ့အတွက် ဘွန်ဒက်စ်လီဂါမှာပဲဆက်နေမယ်လို ့ ဘိုက်ယန်မြူးနစ် နည်းပြသစ်က ဆိုလိုက်ပါတယ်။

နီကိုကိုဗာချ် က ရီးရဲလ်အသင်းရဲ့ အဓိက ပစ်မှတ် လီဝန်ဒေါ့စကီးကို လက်မလွှတ်ရဖို ့အရေးကို လုံးဝလက်လျှော ့လိမ့်မှာ မဟုတ်ကြောင်းသိရပါတယ်။

လီဝန်ဒေါ့စကီးရဲ့ အေးဂျင့် ပင်နီဇာဟာဗီ က အေရီနာ ကနေ သူ ့ကစားသမားဟာ ထွက်ခွာဖို ့မျှော်လင့်နေပြီး ကိုဗာချ်က သူ ့ရဲ့ ဆန္ဒကို အလေးထားနေတယ်လို ့အတည်ပြုပြောကြားလိုက်ပါတယ်။

ဥရောပ၃နှစ်ဆက်ချန်ပီယံဟာ သူတို ့အသင်းရဲ့ ဂိုးသွင်းဘုရင် ရိုနယ်ဒို နေရာ အစားထိုးဖို ့ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို အလိုရှိနေတာပဲဖြစ်ပါတယ်။

ဒေါ့မွန် အသင်းရဲ့ CEO ဟန်ဂျိုအာချင်ဝက်စ်ကီး က သူတို ့အသင်းရဲ့ တိုက်စစ်မှူးဟောင်းလီဝန်ဒေါ့စကီးကို ယူရိုသန်း ၁၀၀ ပေးပြီး ပြန်ခေါ်ဖို ့လည်းရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြသစ် ကိုဗာချ်ကတော့ သူတို ့အသင်းရဲ့ စတားတိုက်စစ်မှူး လက်လွှတ်ဆုံးရှုံးခံဖွယ်ရှိမနေပါဘူး။

" ရောဘတ်နဲ့ ပတ်သတ်ပြီး ဘာမှအသစ်တွေ ရှိလာမှာမဟုတ်ပါဘူး။ သူအသင်းကို စွန် ့ခွာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ဘာလို ့လဲဆိုတော့ ကျွန်တော်တို ့ရဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်နေပြီး ကျွန်တော်တို ့သူ ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး။"

"သူနဲ့ အတူ အောင်မြင်မှုတွေအများကြီး ကျွန်တော်တို ့ရယူချင်ပါသေးတယ်။ သူဟာ တော်တဲ့ ဘောလုံးသမားတစ်ယောက်ပါ။ ဘွန်ဒက်စ်လီဂါမှာလည်း အောင်မြင်မှုတွေ အများကြီးရထားပြီး သွင်းဂိုးတွေ အများကြီးရယူထားတာပါ။ အခုလာမယ့်ရာသီသစ်မှာလည်း ဂိုးတွေအများကြီးသွင်းယူပါလိမ့်မယ်"

နည်းပြကိုဗချ် က အသက် ၂၉ နှစ်အရွယ်ရောဘတ်လီဝန်ဒေါစကီးဟာ ပရိုကစားသမား စိတ်ဓာတ်အပြည့်ရှိကြောင်း ဆိုခဲ့ပါတယ်။

" ရောဘတ်ဟာ အသင်းကနေထွက်ခွာချင်ယုံဆန္ဒသာရှိပါတယ်။ ဒါဟာ သူ လိုချင်တဲ့အရာပါ။နောက်တစ်ခုက ကျွန်တော်တို ့လုပ်စေချင်တဲ့ အရာပါ။"

" ရောဘတ်မှာ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ဘယ်လောက်ကျန်သေးလဲတော့ကျွန်တော်မသိသေးပါဘူး။ ဒီမှာ ဆက်ရှိနေမယ်ဆို တာသေချာပါတယ်။" လို ့ဖရန် ့ဖတ် နည်းပြဟောင်းကြီး ကိုဗာချ်က ဆိုသွားပါတယ်။


No comments

Powered by Blogger.