Header Ads


အန္ဒီယာဂိုမီးစ္ကိုေခၚယူမယ့္ အာဆင္နယ္



အာဆင္နယ္အသင္းဟာ ဘာစီလိုနာကြင္းလယ္လူ အန္ဒီယာဂိုမီးစ္ကို ေခၚယူေတာ့မယ္လို RAC1 Sports ကဆိုထားပါတယ္။

အဆိုပါေပၚတူဂီကြင္းလယ္လူဟာ ဘာစီလိုနာအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို ့အေတာ္ေလး႐ုန္းကန္ေနရပါတယ္။

ႏူးကမ့္မွာ ပြဲထြက္ခြင့္တစ္ေနရာ ေပ်ာက္ဆံုးေနတဲ့ ဂိုမီးစ္ကို ဘာစီလိုနာ အသင္းက ေပါင္၂၆. သန္းအထိ အလိုရွိေနၿပီး အာဆင္နယ္အသင္းက အဆိုပါပမာဏကိုေပးေခ်ဖို ့အဆင္သင့္ရွိေနတယ္လို ့သိရပါတယ္။

ဘတ္ဂ်က္ သန္း ၇၀ သာရထားတဲ့ အာဆင္နယ္နည္းျပအူႏိုင္းအမ္မရီက ဂိုမီးဇ္ကို တစ္ရာသီအငွားျဖင့္ အရင္ေခၚယူလိုၿပီး စာခ်ဳပ္မွာ အၿပီးသတ္ေျပာင္းေရႊ ့ခြင့္ အခ်က္ပါတဲ့ အေနအထားျဖင့္ ဂိုမီးဇ္ကို ေခၚယူလိုေနတယ္လို ့သိရပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂိုမီးဇ္ဟာ ဘာစီလိုနာအသင္းမွာ ၄၆ ပြဲကစားထားၿပီး ၃ဂိုးသြင္းယူထားပါတယ္။

(Unicode)

အာဆင်နယ်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အန်ဒီယာဂိုမီးစ်ကို ခေါ်ယူတော့မယ်လို ့RAC1 Sports ကဆိုထားပါတယ်။

အဆိုပါပေါ်တူဂီကွင်းလယ်လူဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို ့အတော်လေးရုန်းကန်နေရပါတယ်။

နူးကမ့်မှာ ပွဲထွက်ခွင့်တစ်နေရာ ပျောက်ဆုံးနေတဲ့ ဂိုမီးစ်ကို ဘာစီလိုနာ အသင်းက ပေါင်၂၆.၈ သန်းအထိ အလိုရှိနေပြီး အာဆင်နယ်အသင်းက အဆိုပါပမာဏကိုပေးချေဖို ့အဆင်သင့်ရှိနေတယ်လို ့သိရပါတယ်။

ဘတ်ဂျက် သန်း ၇၀ သာရထားတဲ့ အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက ဂိုမီးဇ်ကို တစ်ရာသီအငှားဖြင့် အရင်ခေါ်ယူလိုပြီး စာချုပ်မှာ အပြီးသတ်ပြောင်းရွှေ ့ခွင့် အချက်ပါတဲ့ အနေအထားဖြင့် ဂိုမီးဇ်ကို ခေါ်ယူလိုနေတယ်လို ့သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂိုမီးဇ်ဟာ ဘာစီလိုနာအသင်းမှာ ၄၆ ပွဲကစားထားပြီး ၃ဂိုးသွင်းယူထားပါတယ်။

No comments

Powered by Blogger.