ဖာဂူဆန်ရဲ့ ခွဲစိတ်မှုနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရုပ်သံဖိုင်
(Unicode)
ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ဟာ မေလ က ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်ပြီး ခွဲစိပ်မှုပြီး နောက်ပထမဦးဆုံးအကြိမ် ရုပ်သံဖိုင်ထုတ်လွှင်ကာ ကျေးဇူးတင်စကားပြောကြားသွားပါတယ်။သူကို အစစအရာရာဂရုစိုက်ပေး ကူညီပေးခဲ့တဲ့ သူတွေကို ယူနိုက်တက်အသင်းရဲ့ကိုယ်ပိုင်ရုပ်သံလိုင်းမှ တဆင့် ပြောကြားသွားပါတယ်။
ထိုရုပ်သံဖိုင်အတိုမှာ ဖာဂူဆန်က ကျန်းကျန်းမာမာနှင့်ကင်မရာကိုတည်တည်ငြိမ်ငြိမ်ကြည့်ကာပြောကြားထားပါတယ်။
"ဒီကနေတစ်ဆင့် အားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ပြီးတော့Macclesfieldက Salford Royal ဆေးရုံနဲ့Alexandraဆေးရုံက ဝန်ထမ်းတွေ ဆရာဝန်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။"
"ကျွန်တော် ယုံကြည်တယ် သူတို့လောက်ကျွန်တော်အပေါ်ဂရုစိုက်ပေးမည့်သူမရှိဘူးဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်။အကယ်၍ သူတို့သာ မရှိခဲ့ရင် ဒီနေ့အခုလိုထိုင်နေလို့တောင်ရမှာမဟုတ်ပါဘူး။အဲဒီအတွက် ကျွန်တော်ဖက်ကရော ကျွန်တော် မိသားစုဖက်က ပါ အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
"ကျွန်တော်အားလုံးကိုရင်ထဲကနေ ကျွန်တော် ကိုကျွန်တော် နှိမ့်ချပြီး ပြောပါရစေ ကမ္ဘာတစ်ဝန်းက ဆုတောင်းပေးကြတဲ့သူတွေအားလုံးကို အားလုံးကိုလိိှုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ဆုတောင်းသံတွေက ကျွန်တော်ဆီအရောင်ဟပ်လို့ ကျန်းမာနေတာမို့ ကျွန်တော်ကို သတိရတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။
"နောက်ဆုံးအနေနဲ့ မကြာခင်ရာသီအသစ် စတင်တော့မှာဖြစ်တာကြောင့် ဂျိုစေး နဲ့အသင်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်"
Post a Comment