တနင်္ဂနွေနေ့ နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းတိုများ
(Unicode)
အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းဖို ့နှောင့်နေးကြန် ့ကြာနေတဲ့ အသက် ၂၇ နှစ်အရွယ်ကွင်းလယ်လူ ရမ်ဆေးကို ချဲလ်ဆီးအသင်းက ပေါင်သန်း၃၀ ပေးပြီးခေါ်ယူဖို ့ရှိနေကြောင်း Daily Mail က ဆိုထားပါတယ်။
မန်ယူနိုက်တက်နည်းပြ မော်ရင်ဟိုက သူခေါ်ချင်တဲ့ ကစားသမား ၅ဦးစာရင်းကို အသင်းဆီ လွန်ခဲ့တဲ့ ၅လထဲက ပေးထားတာဖြစ်ကြောင်းနဲ့ အခုအချိန်မှာ ၁ယောက်သာရောက်လာဖို ့ဖြစ်တော့ကြောင်း စိတ်ပျက်လက်ပျက်ပြောကြားခဲ့ပြီး အပြောင်းအရွှေ ့မှာယူနိုက်တက်အသင်းရဲ့ နှောင့်နေးကြန် ့ကြာမှုကို စိတ်ပျက်နေကြောင်းပြောဆိုသွားပါတယ်။
ယူနိုက်တက်ကွင်းလယ်လူ မာတစ်ဟာကမ္ဘာ ့ဖလားပြိုင်ပွဲကနေ ဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ရာသီအစပွဲစဉ်များကို လွဲချော်မှာဖြစ်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ်ကစားသမား ပူလီဆစ်ကို ပေါင် ၆၅ သန်းဝန်းကျင်ပေးကာ ခေါ်ယူမယ်လို ့သိရပါတယ်။
ရိုးမားအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း နဲ့ လက်ရှိမှာ Director အဖြစ်ဆောင်ရွက်နေသူ တော့တီက အကယ်၍ မက်ဆီသာ ရိုးမား အသင်းဆီရောက်လာပါက သူကိုယ်တိုင် မက်ဆီကို လေဆိပ်မှာလာကြိုမယ်လို ့ပြောကြားလိုက်ပါတယ်။
Post a Comment