Header Ads
ပေါ့ဘာရဲ့ ရင့်ကျက်လာမှုအပေါ်ပျော်ရွှင်နေသော်လည်း ပြန်ခေါ်မှာမဟုတ်တဲ့အယ်လီဂရီ
 ယူနိုက်တက်အသင်းဟာအမျိုးမျိုးအဖုံဖုံ အခွင့်အလမ်းတွေကိုကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ ဖျက်ဆီးခဲ့ကာ ပြီးခဲ့တဲ့ရာသီပြီးနောက်ပရီးမီးယားလိဂ်ဒုတိယ အဆင့်တွေနှင့် FAဖလားပြိုင်ပွဲ မှာ ထွက်ခွာခဲ့ရသော်လည်းပေါ့ဘာကတော့ ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ ဖလားကိုရယူနိုင်ခဲ့ကာ ဗိုလ်လုပွဲမှာအသင်းအတွက်အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အယ်လီဂရီ ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ဂိုး နှင့် အနိုင်ရခဲ့တဲ့ ICC Cup ပြိုင်ပွဲ မှာ အသင်းရဲ့ကစားသမားတွေကိုစောင့်ကြည့်ခဲ့ပြီး အီမာချန် နှင့် ကန်ဆယ်လို တို့ကိုချီးကျူးစကားပြောဆိုခဲ့ပြီး အရမ်းတိုးတက်လာတဲ့အသင်းလို့ ချီးကျူးစကားဆိုသွားပါတယ်။
(Unicode)
ဂျုဗင်တပ်အသင်းဟာ သူတို့ရဲ့ကစားသမားဟောင်း ယူနိုက်တက်အသင်းကွင်းလယ်ကစားသမားပေါ့ဘာကို တူရင်ကိုပြန်ခေါ်ချင်နေသောမျှော်လင်ချက်ကို အသင်းနှင့်မဆွေးနွေးရသေးဘူးဆိုတဲ့အကြောင်းပြချက်နှင့်ရပ်တံ့လိုက်ပါတယ်။
ဂျူဗင်တပ်အသင်းရဲ့ မန်နေဂျာအယ်လီဂရီဟာ အသင်းရဲ့ကစားသမားဟောင်းပေါ့ဘာကို ကမ္ဘာ ့ဖလားပြိုင်ပွဲမှာအထူးခြေစွမ်းပြကစားခဲ့ပြီး ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ ့ဖလားရယူနိုင်ခဲ့တဲ့ခြေစွမ်းကိုသဘောကျကာအသင်းကိုပြန်လည်ခေါ်ယူဖို့စီစဉ်ခဲ့သော်လည်း ထိုအစီအစဉ်ကို ယခုအခါရပ်တံ့လိုက်ပါတယ်။
 ယူနိုက်တက်အသင်းဟာအမျိုးမျိုးအဖုံဖုံ အခွင့်အလမ်းတွေကိုကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ ဖျက်ဆီးခဲ့ကာ ပြီးခဲ့တဲ့ရာသီပြီးနောက်ပရီးမီးယားလိဂ်ဒုတိယ အဆင့်တွေနှင့့်် FAဖလားပြိုင်ပွဲ မှာ ထွက်ခွာခဲ့ရသော်လည်းပေါ့ဘာကတော့ ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ ့ဖလားကိုရယူနိုင်ခဲ့ကာ ဗိုလ်လုပွဲမှာအသင်းအတွက်အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အသက်၂၅နှစ်အရွယ်ရှိတဲ့လက်ရွေးစင် အသင်းဖော် Blaise Matuidiက ပေါ့ဘာကိုဂျူဗင်တပ်စ်အသင်းကိုပြန်လာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီအပေါ်မှာ ထွက်ပေါ်လာတဲ့ကောလဟလကတော့ သူစီးရီးအေးကိုပြန်လာဖို့စိတ်ဝင်စားနေတယ်ဖြစ်ကြောင်းအကြောင်းအရင်းက ရိုနယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းကိုရောက်ရှိလာတာကြောင့်သူပြန်လာဖို့ရှိနေတယ် လို့ကျယ်လောင်စွာထွက်ပေါ်လာပါတယ်။
အယ်လီဂရီ ကပေါ့်ဘာကို ၂၀၁၆ သြဂတ်စ်လ မှာ ယူနိုက်အသင်းကို ယူရို ၁၀၅သန်းနှင့်ရောင်းချခဲ့ပါတယ်။အဲဒီအချိန်ကာလ ကဆိုရင်ဖြင့်သူဟာ နည်းပြ Bianconeri ရဲ့လက်အောက်မှာ အရောင်သွေးအတောက်ပဆုံး ဖြစ်ခဲ့တယ်လို့ချီးကျူးစကားပြောဆိုပြီးကမ္ဘာ ့ဖလားပြိုင်ပွဲမှာ သူရဲ့ခြေစွမ်းကို ပိုမိုနှစ်ခြိုက်လာကာ ပြန်ခေါ်ယူချင်သော်လည်းတိကျတဲ့စကားကမ်းလှမ်းမှုမရှိခဲ့ပါဘူး။
"ကျွန်တော်တစ်ခုပဲပြောချင်တယ်။သူအခုလိုခြေစွမ်းတိုးတက်ပြီးကမ္ဘာ ့ဖလားရရှိခဲ့တဲ့အတွက်သူ့အစားအရမ်းပျော်ရွင်မိပါတယ်လို့ " အယ်လီဂရီ က သတင်းထောက်တွေကိုပြောကြားသွားပါတယ်။
"သူကောင်းမွန်စွာကစားခဲ့ပါတယ်။အရင်အတိတ်က ခြေစွမ်း ကိုကျွန်တော်ပြန်မြင်မိပါတယ်။သူအရမ်းတိုးတက်လာပါတယ်"
အယ်လီဂရီ ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ဂိုး ၀ နှင့် အနိုင်ရခဲ့တဲ့ ICC Cup ပြိုင်ပွဲ မှာ အသင်းရဲ့ကစားသမားတွေကိုစောင့်ကြည့်ခဲ့ပြီး အီမာချန် နှင့် ကန်ဆယ်လိုု တို့ကိုချီးကျူးစကားပြောဆိုခဲ့ပြီး အရမ်းတိုးတက်လာတဲ့အသင်းလို့ ချီးကျူးစကားဆိုသွားပါတယ်။
ဂျူဗင်အသင်းရဲ့ဂိုးသွင်းယူခဲ့တဲ့သူမှာအသက် ၂၁အရွယ်ကစားသမား Andrea Favilliကို အယ်လီဂရီ က ပထမအသင်းကြီးမှာကစားခွင့်ရခန်နီးပြီဖြစ်ကြောင်း သဘောကျနှစ်ခြိုက်နေတယ်ဖြစ်ကြောင်းပြောကြားသွားပါတယ်။
"သူက တကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ"
"သူက အလားအလာရှိပြီးထူးချွန်တဲ့စွမ်းရည်ရှိပါတယ်။ဒါပေမယ့်ကျွန်တော်ထင်တယ် သူကို လာမည့်နှစ်ဂျီနိုအာကိုအငှါးချ လိုပါလိမ့်မယ်" လို ့ပြောဆိုုသွားပါတယ်။
No comments
Powered by Blogger.