သောကြာနေ့  နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းတိုများ
ခရစ်စတိန်းပူလီဆစ် ရဲ့ ဖခင်ဖြစ်သူဟာ လီဗာပူး အသင်းဟာ သူ့ သားကို ခေါ်ယူဖို့ ဒေါ့မွန် အသင်းကို ဈေးနှုန်းဆွေးနွေးသင့်တယ်လို့  အကြံပေးပြောဆိုသွားပါတယ်။
(Unicode)
မန်ယူနိုက်တက်နောက်ခံလူ ဗလန်စီယာဟာ ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိပ်ရာသီအစပွဲစဉ်များကို လွဲချော်မှာဖြစ်တဲ့အတွက် ဘယ်နောက်ခံလူ အက်ရှ်လေယန်းဟာ ညာနောက်ခံလူ အဖြစ်ကစားလိမ့်မယ်လို ့နည်းပြမော်ရင်ဟိုက အရိပ်အမြွက်ပြောကြားသွားပါတယ်။
အေစီမီလန် အသင်းရဲ့ နည်းစနစ်ဒါရိုက်တာက အသင်းနောက်ခံလူ ဘိုနူချီဟာ ဂျူဗင်တပ်စ်ဆီပြောင်းရွှေ ့ခြင်းနေတယ်လို ့ဝန်ခံပြောကြားသွားပါတယ်။
အာဆင်နယ်နည်းပြ အမ်မရီ ဟာ ကွင်းလယ်လူ ရမ်ဆေးဟာ သူတို ့အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ယောက်အဖြစ်လျာထားကြောင်း အရိပ်အမြွက်ပြောဆိုသွားပါတယ်။
ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမား က သူဟာ မနှစ်ရာသီက အောင်မြင်မှုတွေ အပေါ် မကျေနပ်သေးပဲ ဆက်လက်တိုးတက်အောင်မြင်အောင် လုပ်ဆောင်နေတယ်လို ့ဆိုသွားပါတယ်။
ခရစ်စတိန်းပူလီဆစ် ရဲ့ ဖခင်ဖြစ်သူဟာ လီဗာပူး အသင်းဟာ သူ ့သားကို ခေါ်ယူဖို ့ဒေါ့မွန် အသင်းကို စျေးနှုန်းဆွေးနွေးသင့်တယ်လို ့ အကြံပေးပြောဆိုသွားပါတယ်။
မန်ယူနိုက်တက်အသင်း ဟာ အသင်းရဲ့ ကစားသမား အန်တိုနီယို မာရှယ် အသင်းကနေမထွက်ခွာခင် ပါရီဆစ်ကို အရင်ခေါ်ယူမယ်လို ့သိရပါတယ်။
ဂျူဗင်တပ်စ် အထွေထွေမန်နေဂျာဖြစ်သူက သူတို ့အသင်းတိုက်စစ်မှူး ဟီဂွာအင် အတွက် ချဲလ်ဆီး နဲ့ မီလန်တို ့ရဲ့ ကမ်းလှမ်းမှုတစ်စုံတစ်ရာ မရသေးဘူးလို ့ဆိုလိုက်ပါတယ်။
Post a Comment