အာဆင္နယ္ရဲ့စိတ္ဝင္စားမွု ကိုျငင္းဆန္လိုက္ တဲ့ ကင္းစ္ေလးကိုမန္း
ဘိုင္ယန္ျမဴးနစ္အသင္းကစားသမား ကိုမန္းဟာ သူကိုခ်ိတ္ဆက္လာတဲ့အသင္းေတြရဲ႕ ေမွ်ာ္လင့္ခ်က္ ေတြကိုေအးခဲေစလိုက္ပါတယ္။
လက္႐ွိလတ္တေလာကာလအတြင္းမွာ ပရီးမီးယားလိဂ္ ကလပ္တစ္ခုျဖစ္တဲ့ အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေသာ္လည္း ကိုမန္းက ပရီးမီးယားလိဂ္ ကိုေျပာင္းေရြ႔မည္မဟုတ္ေၾကာင္း ဘိုင္ယန္ျမဴးနစ္အသင္းမွာသာေနရာတစ္ေနရာရ႐ွိေအာင္ႀကိဳးစားကစားမည္ျဖစ္ေၾကာင္းသတင္းမ်ားကေဖာ္ျပၾကပါတယ္။
အသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္လက္ေရြးစင္ကစားသမား ဟာ ဘိုင္ယန္အသင္းမွာ ၂၀၁၇ ၁၈ ရာသီမွာအသင္းအတြက္ ၁၀ပြဲသာ ကစားခြင့္ရခဲ့ၿပီး သူရဲ႕အမွားတစ္ခ်ိဳ႕ေၾကာင့္အသင္းကိုကူညီမႈေလ်ာ့နည္းခဲ့ပါတယ္။ဘိုင္ယန္ျမဴးနစ္အသင္းကို ၂၀၁၅ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္အသင္းမွ ေျပာင္းေရြ႔လာခဲ့ပါတယ္။
မည့္သိုပင္ဆိုပါေစ သူဟာ အသင္းႏွင့္ ဒီဇင္ဘာ လက အသင္းႏွင့္ ၃ႏွစ္ထပ္မံတိုးျမႇင့္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ဒါေၾကာင့္ျပင္သစ္သား ကိုမန္းဟာ အသင္းမွာ ၂၀၂၃အထိ႐ွိေနမည္ျဖစ္ပါတယ္။
အာဆင္နယ္အသင္းရဲ႕နည္းျပ အမ္မရီ က ကုိမန္း ကိုေခၚယူခ်င္ေၾကာင္းဖြင္ေျပာခဲ့ပါတယ္။သို႔ေသာ္ကိုမန္းက
"ကြၽန္ေတာ္အသင္းႏွင့္ ၅ႏွစ္စာခ်ဳပ္က်န္ပါေသးတယ္။ကြၽန္ေတာ္သူတို႔(အာဆင္နယ္)နဲ႔ စာခ်ဳပ္ ခ်ဳပ္ဖို႔ မ႐ွိပါဘူး"
ကိုမန္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ေျခခ်င္းဝတ္ ဒဏ္ရာရ႐ွိခဲ့ၿပီးအသင္းရဲ႕လက္က်န္ပြဲစဥ္ေတြႏွင့္ ျပင္သစ္အသင္းရဲ႕ ကမာၻ ့ဖလား လူစာရင္းၿပိဳင္ပြဲဝင္အသင္းမွာ လည္းပါဝင္ႏိုင္ခဲ့ျခင္းမ႐ွိပါဘူး။ကမာၻ ့ဖလားကာလအတြင္းသူရဲ႕ဒဏ္ရာအကင္းမေသးတာေၾကာင့္မပါဝင္ႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။
စေန ေန႔က ဘိုင္ယန္အသင္းႏွင့္ PSGအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ တဲ့ပြဲစဥ္မွာ ဒုတိယ ပိုင္းမွာ ပါဝင္ကစားခဲ့ပါတယ္။ထိုပြဲစဥ္ ဘိုင္ယန္အသင္း က ၃ဂိုး ၁ဂိုးႏွင့္ PSGအသင္းကိုအႏိူင္ရ႐ွိခဲ့ပါတယ္။ထိုပြဲစဥ္မွာအေကာင္းဆံုးၾကံခိုင္ေရးႏွင့္ကစားႏိူင္ခဲ့ၿပိး သူရဲ႕စြမ္းရည္ကိုတဖန္ျပသႏိုင္ခဲ့ပါတယ္။
"ကြၽန္ေတာ္ဆီမွာစကားလံုးနဲ့ ေဖာ္ျပလို႔မရတဲ့ ျပင္းျပတဲ့ဆႏၵေတြ႐ွိပါတယ္။ကြၽန္ေတာ္ဒဏ္ရာမရခင္က ႐ွိခဲ့တဲ့ေျခစြမ္းမ်ိဳးျပန္ရေအာင္အေကာင္းဆံုးႀကိဳးစားေနပါတယ္"။
သူကဆက္လက္ၿပီး "ကြၽန္ေတာ္တို႔အားလံုးဒီမွာတူတူ႐ွိၿပီးအသင္းကိုအေကာင္းဆံုးကူညီေနၾကပါတယ္။ဒီမွာဘယ္သူကအေကာင္းဆံုးကစားႏိုင္ၾကလဲဆိုတာသိပါတယ္။အဲဒါအာလံုးကို အာရံုမစိုက္ဘဲ ကြၽန္ေတာ္ကို ကြၽန္ေတာ္ အာရံုထားပါတယ္။ကြၽန္ေတာ္အရင္ေျခစြမ္းျပန္ရဖို႔အတြက္ အရာရာကိုေပးဆပ္ဖို႔အသင့္ျဖစ္ေနပါၿပီ"။
"ေသခ်ာေပါက္ရဲရဲေျပာႏိုင္တယ္။ကြၽန္ေတာ္အားလံုးကအသင္းမွာ ေကာင္းေကာင္း ႀကီးကစားခ်င္ေနၾကတယ္။ဒီႏွစ္မွ မဟုတ္ဘူး အရင္ႏွစ္ကလည္းပဲ ကစားခ်င္ခဲ့တာပါ ဒီအရင္ရဲ႕အရင္က လည္းကစားခ်င္ခဲ့တာပါ"။
"ဒါၿပီးေတာ့ ဒီမွာက နည္းျပလည္း႐ွိတယ္။သူကအေကာင္းဆံုး ဆံုးျဖတ္ၿပီးစီစဥ္မွာ သူရဲ႕ဆံုးျဖတ္ခ်က္ကို အကုန္သေဘာတူၾကပါတယ္။ကြၽန္ေတာ္တို႔အကုန္လံုးက ကစားခ်င္ၾကတယ္ေလ ။နည္းျပအစိီအစဥ္ကို အကုန္လိုက္နာဖို႔အသင့္ပါပဲ။"
(Unicode)
ဘိုင်ယန်မြူးနစ်အသင်းကစားသမား ကိုမန်းဟာ သူကိုချိတ်ဆက်လာတဲ့အသင်းတွေရဲ့ မျှော်လင့်ချက် တွေကိုအေးခဲစေလိုက်ပါတယ်။
လက်ရှိလတ်တလောကာလအတွင်းမှာ ပရီးမီးယားလိဂ် ကလပ်တစ်ခုဖြစ်တဲ့ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သော်လည်း ကိုမန်းက ပရီးမီးယားလိဂ် ကိုပြောင်းရွေ့မည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းမှာသာနေရာတစ်နေရာရရှိအောင်ကြိုးစားကစားမည်ဖြစ်ကြောင်းသတင်းများကဖော်ပြကြပါတယ်။
အသက် ၂၂ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမား ဟာ ဘိုင်ယန်အသင်းမှာ ၂၀၁၇ ၁၈ ရာသီမှာအသင်းအတွက် ၁ဝပွဲသာ ကစားခွင့်ရခဲ့ပြီး သူရဲ့အမှားတစ်ချို့ကြောင့်အသင်းကိုကူညီမှုလျော့နည်းခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၅ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းမှ ပြောင်းရွေ့လာခဲ့ပါတယ်။
မည့်သိုပင်ဆိုပါစေ သူဟာ အသင်းနှင့် ဒီဇင်ဘာ လက အသင်းနှင့် ၃နှစ်ထပ်မံတိုးမြှင့်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒါကြောင့်ပြင်သစ်သား ကိုမန်းဟာ အသင်းမှာ ၂၀၂၃အထိရှိနေမည်ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့နည်းပြ အမ်မရီ က ကိုမန်း ကိုခေါ်ယူချင်ကြောင်းဖွင်ပြောခဲ့ပါတယ်။သို့သော်ကိုမန်းက
"ကျွန်တော်အသင်းနှင့် ၅နှစ်စာချုပ်ကျန်ပါသေးတယ်။ကျွန်တော်သူတို့(အာဆင်နယ်)နဲ့ စာချုပ် ချုပ်ဖို့ မရှိပါဘူး"
ကိုမန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီးအသင်းရဲ့လက်ကျန်ပွဲစဉ်တွေနှင့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ ့ဖလား လူစာရင်းပြိုင်ပွဲဝင်အသင်းမှာ လည်းပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ကမ္ဘာ ့ဖလားကာလအတွင်းသူရဲ့ဒဏ်ရာအကင်းမသေးတာကြောင့်မပါဝင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
စနေ နေ့က ဘိုင်ယန်အသင်းနှင့် PSGအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ တဲ့ပွဲစဉ်မှာ ဒုတိယ ပိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ထိုပွဲစဉ် ဘိုင်ယန်အသင်း က ၃ဂိုး ၁ဂိုးနှင့် PSGအသင်းကိုအနိူင်ရရှိခဲ့ပါတယ်။ထိုပွဲစဉ်မှာအကောင်းဆုံးကြံခိုင်ရေးနှင့်ကစားနိူင်ခဲ့ပြိး သူရဲ့စွမ်းရည်ကိုတဖန်ပြသနိုင်ခဲ့ပါတယ်။
"ကျွန်တော်ဆီမှာစကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ပြင်းပြတဲ့ဆန္ဒတွေရှိပါတယ်။ကျွန်တော်ဒဏ်ရာမရခင်က ရှိခဲ့တဲ့ခြေစွမ်းမျိုးပြန်ရအောင်အကောင်းဆုံးကြိုးစားနေပါတယ်"။
သူကဆက်လက်ပြီး "ကျွန်တော်တို့အားလုံးဒီမှာတူတူရှိပြီးအသင်းကိုအကောင်းဆုံးကူညီနေကြပါတယ်။ဒီမှာဘယ်သူကအကောင်းဆုံးကစားနိုင်ကြလဲဆိုတာသိပါတယ်။အဲဒါအာလုံးကို အာရုံမစိုက်ဘဲ ကျွန်တော်ကို ကျွန်တော် အာရုံထားပါတယ်။ကျွန်တော်အရင်ခြေစွမ်းပြန်ရဖို့အတွက် အရာရာကိုပေးဆပ်ဖို့အသင့်ဖြစ်နေပါပြီ"။
"သေချာပေါက်ရဲရဲပြောနိုင်တယ်။ကျွန်တော်အားလုံးကအသင်းမှာ ကောင်းကောင်း ကြီးကစားချင်နေကြတယ်။ဒီနှစ်မှ မဟုတ်ဘူး အရင်နှစ်ကလည်းပဲ ကစားချင်ခဲ့တာပါ ဒီအရင်ရဲ့အရင်က လည်းကစားချင်ခဲ့တာပါ"။
"ဒါပြီးတော့ ဒီမှာက နည်းပြလည်းရှိတယ်။သူကအကောင်းဆုံး ဆုံးဖြတ်ပြီးစီစဉ်မှာ သူရဲ့ဆုံးဖြတ်ချက်ကို အကုန်သဘောတူကြပါတယ်။ကျွန်တော်တို့အကုန်လုံးက ကစားချင်ကြတယ်လေ ။နည်းပြအစိီအစဉ်ကို အကုန်လိုက်နာဖို့အသင့်ပါပဲ။
Post a Comment