မာရွယ္ဟာ အေကာင္းဆံုးကစားသမားေတြထဲကတစ္ေယာက္ပါ။- ဟာရဲရား
စပိန္ကြင္းလယ္လူ အန္ဒါဟာရဲရားက သူ ့ရဲ႕ ယူႏိုက္တက္ကြင္းလယ္လူ မာရွယ္ဟာ ကမာၻ ့အေကာင္းဆံုးကစားသမားေတြထဲက တစ္ေယာက္လို ့ခ်ီးက်ဴးေျပာဆိုသြားပါတယ္။
မႏွစ္ရာသီက ယူႏိုက္တက္အသင္းအတြက္ ၁၁ဂိုးသာသြင္းယူေပးႏိုင္ခဲ့တဲ့ မာရွယ္ဟာ နည္းျပေမာ္ရင္ဟို လက္ေအာက္မွာ အရံလူျဖစ္နဲ႔သာ အခ်ိန္ကုန္ခဲ့ရၿပီး ပြဲခ်ိန္အျပည့္ ပါဝင္ခြင့္ရတာဆိုလို ့ ၆ပြဲသာရွိခဲ့ပါတယ္။
ဒါေၾကာင့္ အသက္ ၂၂အရြယ္ မာရွယ္ဟာ ကမာၻ ့ဖလားခ်န္ပီယံျပင္သစ္လူစာရင္းမွ ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။
ယခုႏွစ္ေႏြရာသီ အေျပာင္းအေရႊ ့အေစာပိုင္းမွာ မာရွယ္ရဲ႕ ေအးဂ်င့္က သူ ့ရဲ႕ ကစားသမားဟာ အသင္းကေန ထြက္ခြာမယ္လို ့အတိအလင္းေျပာၾကားခဲ့ပါတယ္။
အသင္းေဖာ္မာရွယ္နဲ႔ ပတ္သတ္ၿပီး Sky Sports ကို ဟာရဲရား ေျပာခဲ့တာကေတာ့
" သူဟာ ပါရမီရွင္ကစားသမားပါ။သူဟာ ကမာၻ ့အေကာင္းဆံုးကစားသမားေတြထဲက တစ္ေယာက္ပါပဲ။လာမယ့္ရာသီမွာ သူ ့အစြမ္းကို သက္ေသျပႏိုင္လိမ့္မယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။"
"ခင္ဗ်ားဆီမွာ မာရွယ္၊ရပ္ဖို ့ဒ္၊လင္ဂတ္၊မာတာနဲ႔ ဆန္းခ်က္တို ့လို ကစားသမားေတြရွိေနရင္ေတာ့ ပြဲရဲ႕ အေျဖကို အခ်ိန္မေရြး ေျပာင္းလဲပစ္လိုက္လို ့ရပါတယ္။"
"အဲ့ဒါေၾကာင့္ သူတို ့ထဲကတစ္ယာက္ေယာက္မပါႏိုင္ရင္ေတာင္ က်န္တဲ့သူေတြရွိေသးေတာ့ ေရြးခ်ယ္စရာေတြ ရွိသးတာေပါ့ဗ်ာ။ အျခာပရီးမီးယားလိပ္အသင္းေတြထဲမွာ ပိုေကာင္းတဲ့ ကစားသမားေတြရွိေနတယ္လို ့ကၽြန္ေတာ္တို ့မယူဆသင့္ပါဘူး။အနည္းဆံုးေတာ့ သူတို ့ေလာက္ေကာင္းတဲ့ ကစားသမားေတြ ကၽြန္ေတာ္တို ့မွာ ရွိပါတယ္။"
" အခုအခ်ိန္မွာေတာ့ အလုပ္အတြက္ အာရံုစိုက္ထားၿပီး ယံုၾကည္မႈေတြ အျပည့္ရွိေနတဲ့ မာရွယ္ဟာ အေကာင္းဆံုးျပန္လုပ္ျပႏိုင္ပါလိမ့္မယ္။သူ ့ရဲ႕ ေျခစြမ္းဟာ အရမ္းထက္ျမက္ေနၿပီး ကၽြန္ေတာ့္ အသင္းေဖာ္ေတြဟာ အံၾသစရာေကာင္းတဲ့ ကစားသမားေတြမို ့ကၽြန္ေတာ္ယံုၾကည္မႈအျပည့္ရွိပါတယ္။" လို ့ဆိုသြားပါတယ္။
မန္ယူႏိုက္တက္အသင္းဟာ ရာသီႀကိဳ ေျခစမ္းပြဲ ဒုတိယပြဲအျဖစ္ Jose Earthquake အသင္းနဲ႔ မနက္ဖန္ မနက္ မွာ ယွဥ္ၿပိဳင္ကစားရမွာပဲျဖစ္ပါတယ္။
(Unicode)
စပိန်ကွင်းလယ်လူ အန်ဒါဟာရဲရားက သူ ့ရဲ့ ယူနိုက်တက်ကွင်းလယ်လူ မာရှယ်ဟာ ကမ္ဘာ ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်လို ့ချီးကျူးပြောဆိုသွားပါတယ်။
မနှစ်ရာသီက ယူနိုက်တက်အသင်းအတွက် ၁၁ဂိုးသာသွင်းယူပေးနိုင်ခဲ့တဲ့ မာရှယ်ဟာ နည်းပြမော်ရင်ဟို လက်အောက်မှာ အရံလူဖြစ်နဲ့သာ အချိန်ကုန်ခဲ့ရပြီး ပွဲချိန်အပြည့် ပါဝင်ခွင့်ရတာဆိုလို ့ ၆ပွဲသာရှိခဲ့ပါတယ်။
ဒါကြောင့် အသက် ၂၂အရွယ် မာရှယ်ဟာ ကမ္ဘာ ့ဖလားချန်ပီယံပြင်သစ်လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ယခုနှစ်နွေရာသီ အပြောင်းအရွှေ ့အစောပိုင်းမှာ မာရှယ်ရဲ့ အေးဂျင့်က သူ ့ရဲ့ ကစားသမားဟာ အသင်းကနေ ထွက်ခွာမယ်လို ့အတိအလင်းပြောကြားခဲ့ပါတယ်။
အသင်းဖော်မာရှယ်နဲ့ ပတ်သတ်ပြီး Sky Sports ကို ဟာရဲရား ပြောခဲ့တာကတော့
" သူဟာ ပါရမီရှင်ကစားသမားပါ။သူဟာ ကမ္ဘာ ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါပဲ။လာမယ့်ရာသီမှာ သူ ့အစွမ်းကို သက်သေပြနိုင်လိမ့်မယ်လို ့ကျွန်တော်ထင်ပါတယ်။"
"ခင်ဗျားဆီမှာ မာရှယ်၊ရပ်ဖို ့ဒ်၊လင်ဂတ်၊မာတာနဲ့ ဆန်းချက်တို ့လို ကစားသမားတွေရှိနေရင်တော့ ပွဲရဲ့ အဖြေကို အချိန်မရွေး ပြောင်းလဲပစ်လိုက်လို ့ရပါတယ်။"
"အဲ့ဒါကြောင့် သူတို ့ထဲကတစ်ယာက်ယောက်မပါနိုင်ရင်တောင် ကျန်တဲ့သူတွေရှိသေးတော့ ရွေးချယ်စရာတွေ ရှိသးတာပေါ့ဗျာ။ အခြာပရီးမီးယားလိပ်အသင်းတွေထဲမှာ ပိုကောင်းတဲ့ ကစားသမားတွေရှိနေတယ်လို ့ကျွန်တော်တို ့မယူဆသင့်ပါဘူး။အနည်းဆုံးတော့ သူတို ့လောက်ကောင်းတဲ့ ကစားသမားတွေ ကျွန်တော်တို ့မှာ ရှိပါတယ်။"
" အခုအချိန်မှာတော့ အလုပ်အတွက် အာရုံစိုက်ထားပြီး ယုံကြည်မှုတွေ အပြည့်ရှိနေတဲ့ မာရှယ်ဟာ အကောင်းဆုံးပြန်လုပ်ပြနိုင်ပါလိမ့်မယ်။သူ ့ရဲ့ ခြေစွမ်းဟာ အရမ်းထက်မြက်နေပြီး ကျွန်တော့် အသင်းဖော်တွေဟာ အံသြစရာကောင်းတဲ့ ကစားသမားတွေမို ့ကျွန်တော်ယုံကြည်မှုအပြည့်ရှိပါတယ်။" လို ့ဆိုသွားပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ရာသီကြို ခြေစမ်းပွဲ ဒုတိယပွဲအဖြစ် Jose Earthquake အသင်းနဲ့ မနက်ဖန် မနက် မှာ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။
Post a Comment