Header Ads
အသင်းနှင့်စာချုပ်အသစ်ချုပ်ဖို့မသေချာတော့တဲ့ရမ်ဆေး
ရမ်ဆေးဟာ ၂၀၁၇ ၂၀၁၈ ရာသီမှာ ဒဏ်ရာများနှင့်ရုန်းကန်ခဲ့ရသော်လည်း အသင်းအတွက် ၂၄ပွဲ ပါဝင်ကစားခဲ့ကာ ၇ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။
"ကျွန်တော်တို့အခုထိဘာသဘောတူညီချက်မှ မရသေးပါဘူးအကယ်၍ဒါဟာနောက်ဆုံးဆိုရင် ကျွန်တော်ဒီမှာကစားခဲ့ရတာအရမ်းပျော်ရွှင်ခဲ့တယ်ဆိုတာပြောချင်ပါတယ်"
(Unicode)
အာဆင်နယ်အသင်းကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ အသင်းနှင့်စာချုပ်အသစ်ချုပ်ဆိုဖို့ မျှော်လင့်ချက်ကိုရက်အနည်းငယ်အတွင်းရှင်းရှင်းလင်းလင်း သိရှိလိုနေပါတယ်။သို့သော်အသင်းရဲ့နည်းပြ အမ်မရီနှင့်ယခုကိစ္စကိုမဆွေးနွေးရသေးကြောင်း သိရပါတယ်။
ရမ်ဆေးက" ဘာကမ်းလှမ်းသဘောတူချက်မှ အသင်းဆီကမရသေးပါဘူး။" သူဟာအသင်းနှင့် စာချုပ် ထပ်မံချုပ်ဆိုလိုနေပြီးသူရဲ့အသင်းစာချုပ်ကုန်ဆုံးခန်နီးတွင်အသစ်ထပ်မံချုပ်ဆိုမည်ဟု သဘောတူညီမှုရရှိထားခဲ့ဖူးပါသည်။
အာဆင်နယ် အသင်းရဲ့နည်းပြအသစ်အမ်မရီဟာ အသင်းနှင့် လာမည်ရာသီအတွက်အကောင်းဆုံးပြင်ဆင်နေပြီးလက်ရှိစင်ကာပူနိုင်ငံမှာ ကလပ်အသင်းခြေစမ်းပွဲရောက်ရှိနေပါတယ်။ရမ်ဆေးက သတင်းသမားတွေနှင့်တွေ့ဆုံရာမှာ 
"သူအသင်းမှာ ဆက်နေဖို့ကိစ္စမသေချာတော့ကြောင်း၊ဒါပေမယ့်အသင်းနှင့်စာချုပ်ကိစ္စက စီစဉ်နေဆဲပါ" လို့ပြောကြားသွားပါတယ်။
ရမ်ဆေးဟာ ၂၀၁၇ ၂၀၁၈ ရာသီမှာ ဒဏ်ရာများနှင့်ရုန်းကန်ခဲ့ရသော်လည်း အသင်းအတွက် ၂၄ပွဲ ပါဝင်ကစားခဲ့ကာ ရဂိုးအထိသွင်းယူပေးခဲ့ပါတယ်။
လက်ရှိနည်းပြအမ်မရီဟာ စာချုပ်အသစ်ဆွေးနွေးမှုမှာ ပါဝင်မလား မပါဝင်ဘူးလားဆိုတာ သူအနေနဲ့ဆုံးဖြတ်ရပါလိမ့်မည်။"အမ်မရီနဲ့တစ်ခါမှ စကားမပြောရသေးပါဘူး။ကျွန်တော်စာချုပ်ကိစ္စကိုအသင်းနဲ့ပဲ ပြောရသေးပါတယ်"လို့ ရမ်ဆေးကဆိုပါတယ်။
"ကျွန်တော်အသင်းမှာဆက်ကစားဖို့ အတွက် သူနဲ့စကားနည်းနည်းလောက်ဖြစ်ဖြစ်ပြောချင်ပါတယ်"။
ရမ်ဆေးဟာ အာဆင်နယ်အသင်းကို ၂၀၀၈ခုနှစ်က ကာဒေ့ဖ် စီးတီးအသင်းမှ ပြောင်းရွေ့လာခဲ့ပါတယ်။သူရဲ့ငြီးတွားတောင်းတတဲ့စကားတွေကြောင့်သူကိုအသင်းမှာဆက်ရှိမလား ဆိုတဲ့ဆွေးနွေးပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်မှုတွေကို ရာသီမစခင်ပြုလုပ်တော့မည်ဖြစ်ပါတယ်။
"ကျွန်တော်တို့အခုထိဘာသဘောတူညိီချက်မှ မရသေးပါဘူးအကယ်၍ဒါဟာနောက်ဆုံးဆိုရင် ကျွန်တော်ဒီမှာကစားခဲ့ရတာအရမ်းပျော်ရွှင်ခဲ့တယ်ဆိုတာပြောချင်ပါတယ်"
အသင်းရဲ့ဂိုးသမားပီိတာချက်ကလည်း သူရဲ့ဘဝကို သံသယတွေက ကျော်လွန်နိုင်ခဲ့ ရင် ဝေးလ်လက်ရွေးစင်အသင်းရဲ့ ကစားသမားကောင်းကို ဖြစ်တဲ့ရမ်ဆေးကို သူနှင့်အဆင်ပြေမည့်ကလပ်ကို လမ်းညွန်ပေးချင်နေတယ်လို့သိရပါတယ်။
ချက်အသင်းရဲ့ ကာကွယ်ရေးသမားကြီး ပိီတာချက်က သူလည်းပဲ ရမ်ဆေးလိုအခြေအနေမျိုးနှင့် ကြုံကြိုက်နေသော်လည်း သူကအသင်းနှင့် စာချုပ်၁နှစ်ကျန်ရှိသေးပါတယ်။သူက အသင်းကိုရမ်ဆေးနှင့်ပတ်သက်ပြီးတိုက်တွန်းကာရမ်ဆေးနှင့်အသင်းအကြောင်းဖွင့်ပြောသွားပါတယ်။
"ဒါဟာရမ်ဆေးနှင့်အသင်း ကစားသမားနှင့် အသင်းတို့ရဲ့
လျိုဝှက်လုပ်ဆောင်ရမည့်ကိစ္စတွေပါ "
"ထင်ထင်ရှားရှား သိသာပါတယ်။ကျွန်တော်တို့ကိုကစားသမားကောင်းတွေကိုစုစည်းထားသင့်တယ်လို့ထင်ပါတယ်။သူ(ရမ်ဆေး)နဲ့ကျွန်တော်နဲ့ကအခြေအနေတူနေတယ်ထွက်မယ်ဆိူရင်တူတူမြန်မြန်ထွက်ဖို့ရှိပါတယ်"။
"ဒါက ကစားသမားတိုင်း သူလိုပဲ ခံစားရတာတွေ ကြုံတွေနေရတဲ့ပတ်ဝန်းကျင်တွေကို ကစားပွဲထဲမစတင်ခင် အကောင်းဆုံး ဖြေရှင်းချင်ကြပါတယ်"။
"သူလေကျင့်ခန်းစဆင်းတာ နှစ်ပတ် သုံးပတ်လောက်ရှိပြီထင်တယ်။သူအကောင်းဆုံးအစွမ်းကုန်ကြိုးစားတဲ့ကစားသမားပါ။အခုဖြစ်နေတဲ့ကိစ္စတွေကို သူကိုမထိခိုက်နိုင်ဘူးလို့ုမြင်တယ်။အဲဒါကလည်းသူအတွက်အရမ်းကောင်းတယ်။သူက အဲလ်ိုကြုံခဲ့ရင်လည်းအမြန်ဆုံးရှင်းတဲ့သူဆိုတာ ကျွန်တော်တို့သိပါတယ်" လိုု ့ဆုုိသွားပါတယ်။
No comments
Powered by Blogger.