မာရွယ္ကို ေခၚယူဖို ့ႀကိဳးစားေနတဲ့ စပါးအသင္းကို လက္ေလွ်ာ့ဖို ့ေျပာၾကားလိုက္တဲ့ယူႏိုက္တက္
Manchester Evening Newsရဲ႕ ေဖာ္ျပခ်က္အရ မန္ယူႏိုက္တက္အသင္းဟာ သူတို ့အသင္းရဲ႕ ကစားသမား မာရွယ္အေပၚ ကမ္းလွမ္းဖို ့စီစဥ္ေနမႈအေပၚေမ ့လိုက္ေတာ့ဟု စပါးအသင္းကိုေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။
ယူႏိုက္တက္အသင္းမွာ အထိုင္မက်ျဖစ္ေနတဲ့ ျပင္သစ္ေတာင္ပံကစားသမား မာရွယ္ဟာ ဒီရာသီမွာ အသင္းကေနထြက္ခြာဖို ့မီးစိမ္းျပေနေသာ္လည္း ယူႏိုက္တက္က ထြက္ခြာခြင့္မျပဳေတာ့ေပ။
ဒါပင္မယ့္လည္း သူ ့မိန္းမ ကေလးမီးဖြားဖို ့အတြက္ ယူႏိုက္တက္ရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြကေန အေစာဆံုးအိမ္ျပန္သြားခဲ့တဲ့ မာရွယ္ေနရာကို ယူႏိုက္တက္ အသင္းက ပါရီဆစ္နဲ႔ အစားထိုးဖို ့ႀကိဳးပမ္းေနပါတယ္။
လန္ဒန္ၿမိဳ ့ခံအသင္းေတြျဖစ္တဲ့ စပါးအသင္းေရာ ၊ခ်ဲလ္ဆီး အသင္းကပါ အသက္၂၂ အရြယ္ မာရွယ္ကို ေခၚယူဖို ့ႀကိဳးပမ္းေနၾကၿပီး ကနဦး ခ်ဥ္းကပ္မႈသာ လုပ္ေဆာင္ခဲ့ၾကတယ္လို ့လည္းသိရပါတယ္။
ဒါပင္မယ့္လည္း ယူႏိုက္တက္အသင္းဟာ မာရွယ္ကို ၿပိဳင္ဘက္အသင္းေတြထံ လက္လႊတ္ဖို ့ အစီအစဥ္မရွိတဲ့ အျပင္ စပါး အသင္းကို မာရွယ္အတြက္ အခ်ိန္ျဖဳန္းမေနနဲ႔လို ့သတိေပးလိုက္ပါတယ္။
ယူႏိုက္တက္ဟာ မာရွယ္အတြက္ ေပါင္သန္း ၇၀ ဝန္းက်င္ရမွ လက္လႊတ္ဖြယ္ရွိေနပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းက ပါစိတ္ဝင္စားေနတဲ့ မာရွယ္ဟာ PSG အသင္းဆီေျပာင္းေရႊ ့ဖို ့စိတ္ပါေနတယ္လို ့သိရပါတယ္။
ဒါေၾကာင့္ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းရဲ႕ လူစာရင္းမွာ ပါဝင္ခြင့္ လြဲေခ်ာ္ခဲ့တဲ့ မာရွယ္ဟာ ပံုမွန္ပြဲထြက္ခြင့္ရဖို ့အလိုရွိေနတာပဲျဖစ္ပါတယ္။
ယူႏိုက္တက္နည္းျပေမာ္ရင္ဟို ဟာ အင္တာေတာင္ပံကစားသမား ပါရီဆစ္အတြက္ ေပါင္သန္း ၄၀ ဝန္းက်င္ ကမ္းလွမ္းခဲ့ေသာ္လည္း ေဆြးေႏြးမႈမေအာင္ျမင္ခဲ့ပါဘူး။
ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ခ႐ိုေအးရွား အသင္းနဲ႔ ေျခစြမ္းျပကစားခဲ့တဲ့ ပါရီဆစ္ဟာ အခုအခ်ိန္မွာ ေပါင္သန္း ၆၀ ဝန္းက်င္ေက်ာ္တန္ဖိုးရွိေနတယ္လို ့လည္းသိရပါတယ္။
(Unicode)
Manchester Evening Newsရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်အသင်းဟာ သူတို ့အသင်းရဲ့ ကစားသမား မာရှယ်အပေါ် ကမ်းလှမ်းဖို ့စီစဉ်နေမှုအပေါ်မေ ့လိုက်တော့ဟု စပါးအသင်းကိုပြောကြားခဲ့ကြောင်းသိရပါတယ်။
ယူနိုက်တက်အသင်းမှာ အထိုင်မကျဖြစ်နေတဲ့ ပြင်သစ်တောင်ပံကစားသမား မာရှယ်ဟာ ဒီရာသီမှာ အသင်းကနေထွက်ခွာဖို ့မီးစိမ်းပြနေသော်လည်း ယူနိုက်တက်က ထွက်ခွာခွင့်မပြုတော့ပေ။
ဒါပင်မယ့်လည်း သူ ့မိန်းမ ကလေးမီးဖွားဖို ့အတွက် ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေကနေ အစောဆုံးအိမ်ပြန်သွားခဲ့တဲ့ မာရှယ်နေရာကို ယူနိုက်တက် အသင်းက ပါရီဆစ်နဲ့ အစားထိုးဖို ့ကြိုးပမ်းနေပါတယ်။
လန်ဒန်မြို ့ခံအသင်းတွေဖြစ်တဲ့ စပါးအသင်းရော ၊ချဲလ်ဆီး အသင်းကပါ အသက်၂၂ အရွယ် မာရှယ်ကို ခေါ်ယူဖို ့ကြိုးပမ်းနေကြပြီး ကနဦး ချဉ်းကပ်မှုသာ လုပ်ဆောင်ခဲ့ကြတယ်လို ့လည်းသိရပါတယ်။
ဒါပင်မယ့်လည်း ယူနိုက်တက်အသင်းဟာ မာရှယ်ကို ပြိုင်ဘက်အသင်းတွေထံ လက်လွှတ်ဖို ့ အစီအစဉ်မရှိတဲ့ အပြင် စပါး အသင်းကို မာရှယ်အတွက် အချိန်ဖြုန်းမနေနဲ့လို ့သတိပေးလိုက်ပါတယ်။
ယူနိုက်တက်ဟာ မာရှယ်အတွက် ပေါင်သန်း ၇၀ ဝန်းကျင်ရမှ လက်လွှတ်ဖွယ်ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ပါစိတ်ဝင်စားနေတဲ့ မာရှယ်ဟာ PSG အသင်းဆီပြောင်းရွှေ ့ဖို ့စိတ်ပါနေတယ်လို ့သိရပါတယ်။
ဒါကြောင့်ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့် လွဲချော်ခဲ့တဲ့ မာရှယ်ဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို ့အလိုရှိနေတာပဲဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြမော်ရင်ဟို ဟာ အင်တာတောင်ပံကစားသမား ပါရီဆစ်အတွက် ပေါင်သန်း ၄၀ ဝန်းကျင် ကမ်းလှမ်းခဲ့သော်လည်း ဆွေးနွေးမှုမအောင်မြင်ခဲ့ပါဘူး။
ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား အသင်းနဲ့ ခြေစွမ်းပြကစားခဲ့တဲ့ ပါရီဆစ်ဟာ အခုအချိန်မှာ ပေါင်သန်း ၆၀ ဝန်းကျင်ကျော်တန်ဖိုးရှိနေတယ်လို ့လည်းသိရပါတယ်။
Post a Comment