Header Ads


မဲလ္ဘုန္းအသင္းကစားသမားကိုေခၚယူႏိုင္ေတာ့မည္ မန္စီးတီး



မန္စီးတီးအသင္းဟာ ၾသစေတးလ်သား မဲလ္ဘုန္းအသင္းကစားသမားDaniel Arzaniကို သေဘာတူညီမႈရ႐ွိေတာ့မည္ျဖစ္ေၾကာင္းသိရပါတယ္။အကယ္၍သူကိုေခၚယူႏိုင္ခဲ့လ်ွင္ စေကာ့တလန္ ခ်န္ပီယံ ဆဲလ္တစ္အသင္းကို အငွါးျပန္ခ်ထားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္ ၁၉ႏွစ္အရြယ္ တုိက္စစ္မႉး Arzaniဟာအဂၤလန္ျပည္ကို ေပါင္၂ေသာင္း၈ေသာင္းႏွင့္ေရာက္႐ွိလာ
ႏိုင္မည့္ဟုေမ်ွာ္လင္ရပါတယ္။ဆဲလ္တစ္အသင္းက PSVအသင္းရဲ႕အရင္လက္ဦးမႈရယူႏိုင္မည့္လို႔ယံုၾကည္ေနပါတယ္။

သူဟာ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ လူစားလဲကစားသမားအျဖစ္၃ပြဲပါဝင္ခြင့္ရခဲ့ပါတယ္။သူကို႐ိုးမားအသင္းက သေဘာက်နွစ္ၿခိဳက္ခဲ့ၿပီး သူကိုေခၚယူႏိုင္ရန္ ခ်ိတ္ဆက္ခဲ့ၿပီး၊ သို႔ေသာ္ဆဲလ္တစ္အသင္းမွာ ႏိုင္ငံလက္ေရြးစင္အသင္းေဖာ္ Tom Rogicလည္း႐ွိေနတာေၾကာင့္ အကယ္၍ မန္စီးတီးက ေခၚယူႏိုင္ခဲ့လ်ွင္ဆဲလ္တစ္ကိုေရာက္ဖို႔ေသခ်ာေနပါတယ္။


ေနာက္အေျပာင္းအေရြတစ္ခုက ဟမ္းဒါးဖီးလ္အသင္းမွAaron mooy ကိုေခၚယူထားပါတယ္။ယခုအခ်ိန္
အေတာအတြင္းမန္စီးတီးအသင္းဟာ စပို႔တင္းလက္စ္ဘြန္းကစားသမား Rafeal leaoကို ေခၚယူရန္ေမ်ွာ္လင္ထားပါတယ္။

အသက္၁၉ႏွစ္အရြယ္႐ွိတဲ့ Leaoဟာ ဥေရာပမွာအေတာက္ပဆံုးကစားသမားျဖစ္လာဖို႔႐ွိေနပါတယ္။သူဟာတိုက္စစ္ေရာ ေတာင္ပံမွာပါေကာင္းမြန္စြာကစားႏိုင္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီမွစတင္ၿပီးအသင္းႀကီးမွာပါဝင္ခြင့္ရ႐ွိလာခဲ့ေသာလည္း အသင္းႏွင့္အထိုင္မက်ျဖစ္ေနၿပီး တစ္ခ်ိဳ႕ကစားသမားမ်ားက သူကို ေနရာေပးမႈကိုမလိုလားတာေၾကာင့္ေႏြရာသီမွာထြက္ခြာေတာ့မည္ျဖစ္တာေၾကာင့္ပရိသတ္ေတြ

စိတ္ဆိုးေဒါသထြက္ေနၾကပါတယ္။

(Unicode)

မန်စီးတီးအသင်းဟာ သြစတေးလျသား မဲလ်ဘုန်းအသင်းကစားသမားDaniel Arzaniကို သဘောတူညီမှုရရှိတော့မည်ဖြစ်ကြောင်းသိရပါတယ်။အကယ်၍သူကိုခေါ်ယူနိုင်ခဲ့လျှင် စကော့တလန် ချန်ပီယံ ဆဲလ်တစ်အသင်းကို အငှါးပြန်ချထားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက် ၁၉နှစ်အရွယ် တိုက်စစ်မှူး Arzaniဟာအင်္ဂလန်ပြည်ကို ပေါင်၂သောင်း၈သောင်းနှင့်ရောက်ရှိလာ
နိုင်မည့်ဟုမျှော်လင်ရပါတယ်။ဆဲလ်တစ်အသင်းက PSVအသင်းရဲ့အရင်လက်ဦးမှုရယူနိုင်မည့်လို့ယုံကြည်နေပါတယ်။

သူဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ လူစားလဲကစားသမားအဖြစ်၃ပွဲပါဝင်ခွင့်ရခဲ့ပါတယ်။သူကိုရိုးမားအသင်းက သဘောကျနှစ်ခြိုက်ခဲ့ပြီး သူကိုခေါ်ယူနိုင်ရန် ချိတ်ဆက်ခဲ့ပြီး၊ သို့သော်ဆဲလ်တစ်အသင်းမှာ နိုင်ငံလက်ရွေးစင်အသင်းဖော် Tom Rogicလည်းရှိနေတာကြောင့် အကယ်၍ မန်စီးတီးက ခေါ်ယူနိုင်ခဲ့လျှင်ဆဲလ်တစ်ကိုရောက်ဖို့သေချာနေပါတယ်။


နောက်အပြောင်းအရွေတစ်ခုက ဟမ်းဒါးဖီးလ်အသင်းမှAaron mooy ကိုခေါ်ယူထားပါတယ်။ယခုအချိန်
အတောအတွင်းမန်စီးတီးအသင်းဟာ စပို့တင်းလက်စ်ဘွန်းကစားသမား Rafeal leaoကို ခေါ်ယူရန်မျှော်လင်ထားပါတယ်။

အသက်၁၉နှစ်အရွယ်ရှိတဲ့ Leaoဟာ ဥရောပမှာအတောက်ပဆုံးကစားသမားဖြစ်လာဖို့ရှိနေပါတယ်။သူဟာတိုက်စစ်ရော တောင်ပံမှာပါကောင်းမွန်စွာကစားနိုင်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီမှစတင်ပြီးအသင်းကြီးမှာပါဝင်ခွင့်ရရှိလာခဲ့သောလည်း အသင်းနှင့်အထိုင်မကျဖြစ်နေပြီး တစ်ချို့ကစားသမားများက သူကို နေရာပေးမှုကိုမလိုလားတာကြောင့်နွေရာသီမှာထွက်ခွာတော့မည်ဖြစ်တာကြောင့်ပရိသတ်တွေ
စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

No comments

Powered by Blogger.