PSG ကိုေျပာင္းေရႊ ့ဖို ့ကန္တီကို တိုက္တြန္းခဲ့တယ္လို ့ဝန္ခံလိုက္တဲ့ ဘာေပး
ျပင္သစ္အသင္း နဲ႔ PSG လူငယ္ကစားသမားေလး ဘာေပးဟာ သူ ့ရဲ႕ ျပင္သစ္အသင္းေဖာ္ ခ်ဲလ္ဆီး ကြင္းလယ္လူ ကန္တီကို PSG အသင္းဆီလာေရာက္ကစားဖို ့ တိုက္တြန္းေျပာဆိုခဲ့တယ္လို ့ဝန္ခံေျပာၾကားလိုက္ပါတယ္။
Goal ကေတာ့ ဒီေႏြရာသီအေျပာင္းအေရႊ ့မွာ ေငြအသံုးၾကမ္း တဲ့ PSG အသင္းရဲ႕ အဓိက ပစ္မွတ္ကစားသမားဟာ ခ်ဲလ္ဆီးကြင္းလယ္လူ ကန္တီျဖစ္တယ္ဆိုတာကို နားလည္သေဘာေပါက္ေနပါတယ္။
ကြင္းဘယ္လူ ကန္တီဟာ ျပင္သစ္ကို ၂၀၁၈ ကမာၻ ့ဖလားရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ သူတစ္ေယာက္ျဖစ္ၿပီး ပရီးမီးယားလိပ္ ဆုကို လက္စတာစီးတီးနဲ႔ တစ္ႀကိမ္၊ ခ်ဲလ္ဆီး နဲ႔ တစ္ႀကိမ္ ၂ႀကိမ္တိုင္ ရရွိထားတဲ့ သူလည္းျဖစ္ပါတယ္။
PSG အသင္းဟာ ကန္တီအတြက္ ေပါင္သန္း ၁၀၀ ေလာက္ ခ်ဲလ္ဆီး အသင္းကို ေပးေခ်ရဖြယ္ရွိၿပီး ခ်ဲလ္ဆီး အသင္းကေတာ့ ကန္တီေနရာ မွာ လိုင္ယြန္ကြင္းလယ္လူ Tanguy Ndombele ကို ျပန္လည္အစားထိုးဖို ့ ၾကံရြယ္ေနပါတယ္။
၂၀၁၈ ကမာၻ ့ဖလား ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးလူငယ္ကစားသမားဆုရဘာေပးဟာ သူ ့ကို PSG ဥကၠ႒ Nasser Al-Khelaifi က အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူ ကန္တီကို ေခၚယူဖို ့ေမးျမန္းေဆြးေႏြးခဲ့ၿပီးေနာက္ သူဟာ ကန္တီကို PSG ဆီေျပာင္းလာဖို ့တိုက္တြန္းခဲ့ေၾကာင္းဝန္ခံခဲ့ပါတယ္။
" ဟုတ္ပါတယ္။ ဥကၠ႒ ကကၽြန္ေတာ့္ဆီက အၾကံညဏ္ရယူခဲ့ပါတယ္။"
" ကၽြန္ေတာ္ကမာၻ ့ၿပိဳင္ပြဲတုန္းက ကန္တီကို ေျပာခဲ့ပါတယ္။ဒီကိုေျပာင္းလာသင့္တယ္လို ့။ဒါပင္မယ့္ ႀကီးႀကီးက်ယ္က်ယ္ေတြ မေျပာခဲ့ပါဘူး။ဘာျဖစ္လို ့လဲဆိုေတာ့ ခင္ဗ်ားဦးေႏွာက္ဟာ အေျပာင္းအေရႊ ့အေၾကာင္းအရာ နဲ႔ ပဲပတ္သတ္ၿပီး တရစပ္ စဥ္းစားေနေတာ့မယ္ဆိုတာ ကၽြန္ေတာ္သိလို ့ပါ။" လို ့ French Football ကို ေျပာၾကားခဲ့ပါတယ္။
" ေနာက္ဆံုးမွာေတာ့ ကၽြန္ေတာ္ သူေကာင္းေကာင္းစဥ္းစားလို ့ရေအာင္ စကားလံုးတစ္ခ်ိဳ ့ခ်န္ထားခဲ့ပါတယ္။ အဲ့ေတာ့ သူအိမ္ျပန္ေရာက္တာနဲ႔ မက္ေဆ့ခ်္ပို ့ၿပီး မွန္မွန္ကန္ကန္ေျပာဆိုႏိုင္တာေပါ့" လို ့ဘာေပးက ဝန္ခံသြားပါတယ္။
Ballon D’Or ဆုအတြက္ ေရပန္းစားေနတဲ့ ျပင္သစ္တိုက္စစ္မွဴး ဘာေပးဟာ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါပင္မယ့္ လည္း Ballon D’Or ဆုအတြက္ မက္ဆီဟာ ေရပန္းမစားေတာ့ဘူးလို ့သူ ကထင္ျမင္ေနၿပီး ႐ိုနယ္ဒိုသာ ဆက္လက္ရယူႏိုင္လိမ့္မယ္လို ့သူကျမင္ေနပါတယ္။
" ေရပန္းစားတဲ့သူေတြကို ေျပာရပါဆိုလွ်င္ ႐ိုနယ္ဒိုရယ္၊လူကာမိုဒရစ္ရယ္၊ဗာရိန္းရယ္၊ ကၽြန္ေတာ္ရယ္" ေပါ့လို ့ေျပာၾကားသြားခဲ့ပါတယ္။
(Unicode)
ပြင်သစ်အသင်း နဲ့ PSG လူငယ်ကစားသမားလေး ဘာပေးဟာ သူ ့ရဲ့ ပြင်သစ်အသင်းဖော် ချဲလ်ဆီး ကွင်းလယ်လူ ကန်တီကို PSG အသင်းဆီလာရောက်ကစားဖို ့ တိုက်တွန်းပြောဆိုခဲ့တယ်လို ့ဝန်ခံပြောကြားလိုက်ပါတယ်။
Goal ကတော့ ဒီနွေရာသီအပြောင်းအရွှေ ့မှာ ငွေအသုံးကြမ်း တဲ့ PSG အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားဟာ ချဲလ်ဆီးကွင်းလယ်လူ ကန်တီဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်နေပါတယ်။
ကွင်းဘယ်လူ ကန်တီဟာ ပြင်သစ်ကို ၂၀၁၈ ကမ္ဘာ ့ဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိပ် ဆုကို လက်စတာစီးတီးနဲ့ တစ်ကြိမ်၊ ချဲလ်ဆီး နဲ့ တစ်ကြိမ် ၂ကြိမ်တိုင် ရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။
PSG အသင်းဟာ ကန်တီအတွက် ပေါင်သန်း ၁၀၀ လောက် ချဲလ်ဆီး အသင်းကို ပေးချေရဖွယ်ရှိပြီး ချဲလ်ဆီး အသင်းကတော့ ကန်တီနေရာ မှာ လိုင်ယွန်ကွင်းလယ်လူ Tanguy Ndombele ကို ပြန်လည်အစားထိုးဖို ့ ကြံရွယ်နေပါတယ်။
၂၀၁၈ ကမ္ဘာ ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရဘာပေးဟာ သူ ့ကို PSG ဥက္ကဋ္ဌ Nasser Al-Khelaifi က အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူ ကန်တီကို ခေါ်ယူဖို ့မေးမြန်းဆွေးနွေးခဲ့ပြီးနောက် သူဟာ ကန်တီကို PSG ဆီပြောင်းလာဖို ့တိုက်တွန်းခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။
" ဟုတ်ပါတယ်။ ဥက္ကဋ္ဌ ကကျွန်တော့်ဆီက အကြံညဏ်ရယူခဲ့ပါတယ်။"
" ကျွန်တော်ကမ္ဘာ ့ပြိုင်ပွဲတုန်းက ကန်တီကို ပြောခဲ့ပါတယ်။ဒီကိုပြောင်းလာသင့်တယ်လို ့။ဒါပင်မယ့် ကြီးကြီးကျယ်ကျယ်တွေ မပြောခဲ့ပါဘူး။ဘာဖြစ်လို ့လဲဆိုတော့ ခင်ဗျားဦးနှောက်ဟာ အပြောင်းအရွှေ ့အကြောင်းအရာ နဲ့ ပဲပတ်သတ်ပြီး တရစပ် စဉ်းစားနေတော့မယ်ဆိုတာ ကျွန်တော်သိလို ့ပါ။" လို ့ French Football ကို ပြောကြားခဲ့ပါတယ်။
" နောက်ဆုံးမှာတော့ ကျွန်တော် သူကောင်းကောင်းစဉ်းစားလို ့ရအောင် စကားလုံးတစ်ချို ့ချန်ထားခဲ့ပါတယ်။ အဲ့တော့ သူအိမ်ပြန်ရောက်တာနဲ့ မက်ဆေ့ချ်ပို ့ပြီး မှန်မှန်ကန်ကန်ပြောဆိုနိုင်တာပေါ့" လို ့ဘာပေးက ဝန်ခံသွားပါတယ်။
Ballon D’Or ဆုအတွက် ရေပန်းစားနေတဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေးဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပင်မယ့် လည်း Ballon D’Or ဆုအတွက် မက်ဆီဟာ ရေပန်းမစားတော့ဘူးလို ့သူ ကထင်မြင်နေပြီး ရိုနယ်ဒိုသာ ဆက်လက်ရယူနိုင်လိမ့်မယ်လို ့သူကမြင်နေပါတယ်။
" ရေပန်းစားတဲ့သူတွေကို ပြောရပါဆိုလျှင် ရိုနယ်ဒိုရယ်၊လူကာမိုဒရစ်ရယ်၊ဗာရိန်းရယ်၊ ကျွန်တော်ရယ်" ပေါ့လို ့ပြောကြားသွားခဲ့ပါတယ်။
Post a Comment