ဘိုႏုခ်ီကို ျပန္ေခၚခ်င္ေသာ္လည္းအသင္းမွာလူျပည့္ေနတဲ့ဂ်ဴဗင္တပ္စ္
ဂ်ဴဗင္တပ္စ္အသင္း အမႈေဆာင္ခ်ဳပ္ မိုေရာ့တာ က ဘိုႏုခ်ီျပန္လာခ်င္ေၾကာင္းေျပာၾကားခဲ့တာကိုဟုတ္မွန္ေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။"သူအသင္းကို ျပန္လာခ်င္ေနပါတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔ဆီိမွာ လူျပည့္ေနတယ္။အထူးသျဖင့္ ေနာက္တန္းမွာေပါ့"
ဘိုႏုခ်ီဟာၿပီးခဲ့တဲ့ရာသီက ေအစီမီလန္အသင္းကို ယူ႐ိုသန္း၄၀ႏွင့္ေျပာင္းေရြ႔သြားခဲ့ပါတယ္။ဒါေပမယ့္ယခုသူက ဂ်ဴဗငိတပ္စ္ အသင္းကိုျပန္လာခ်င္ေနပါတယ္။
"အခုဒီကိစၥစတင္လိုက္ပါၿပီ။ကြၽန္ေတာ္တို႔ ေအစီမီလန္အမႈေဆာင္ခ်ဳပ္နဲ႔ေတြဆံုလိုက္ၿပီးၿပီတစ္ခ်ိဳ႕အရာေတြကိုလည္းသင္ယူေလ့လာလိုက္ရပါတယ္လို႔" သတင္းေထာက္ ေတြကိုေျပာၾကားခဲ့ပါတယ္။
"ေအစီမီလန္ အမႈေဆာင္ခ်ဳပ္ က ကြၽန္ေတာ္တို႔ကိုေျပာတယ္။ဘိုုနုုခ်ီ ကဒီႏွစ္ဂ်ဴဗင္ကိုျပန္ခ်င္တယ္လို႔ စဥ္းစားၿပီးအသင္းကိုေျပာထားပါတယ္။မီလန္အသင္းက သူရဲ႕ခံစားခ်က္နဲ႔ပတ္သက္ၿပီးပဲ ကြၽန္ေတာ္တို႔ကိုေျပာတာပါ"
လက္႐ွိအေျခအေနက အသင္းမွာလူျပည့္ေနပါတယ္။အထူးသျဖင္ေနာက္တန္းခံစစ္အပိုင္းမွာပါ။ကြၽန္ေတာ္တို႔ သူနဲ႔အခ်ိတ္အဆက္အဆင့္ဆင့္႐ွိၿပီးေလးေလးစားစား႐ွိပါတယ္။ဒါ ေပမယ့္အခုထပ္ပိုၿပီး မသြားခ်င္ေသးပါဘူး။"
႐ိုနယ္လ္ဒိုကိုလည္းမၾကာခင္ကပဲအသင္းအတြက္ေခၚယူႏိုင္ခဲ့ၿပီး သူကိုအႀကီးအက်ယ္ေမ်ွာ္လင့္ထားပါတယ္။ေပၚတူဂီသားေၾကာင့္ ဟီဂူအင္ကို ေရာင္းခ်ဖို႔စီစဥ္ေနပါၿပီ။
"ကြၽန္ေတာ္တို႔သူကိုေခၚယူႏိုင္ခဲ့တာ အရမ္းဂုဏ္ယူရပါတယ္။႐ိုနယ္လ္ဒိုက အံမခန္းလွေအာင္ထူးခြၽန္တဲ့ကစားသမားေကာင္းတစ္ေယာက္ျဖစ္ပါတယ္။အသင္းရဲ႕ဥကၠ႒ Agnelli
ကိုလည္းေက်းဇူးအမ်ားႀကီးတင္ပါတယ္။"
"ဟီဂူအင္နဲ႔ပတ္သက္ၿပီးေတာ့ေျပာခ်င္တာက သူက အသင္းအတြက္အေရးပါတဲ့သူတစ္ေယာက္ပါ။ဒါေပမယ့္သာမန္အဆင့္ေလာက္ပါပဲ အခုဒီမွာ သူေနရာအတြက္ၿပိဳင္ဖက္ေတြမ်ားေနပါတယ္။ဒါေၾကာင့္သူနဲ႔စကားေျပာေဆြးေႏြးေနပါတယ္။ၿပီးေတာ့သူလည္းစဥ္းစားဆံုးျဖတ္ၿပီး အါးလံုးအတြက္အေကာင္းဆံုးအေျဖတစ္ခုရမည္လို႔ေမ်ွာ္လင့္ပါတယ္။"
"ဒါဟာ ကစားသမားအားလံုးအေပၚထားတဲ့ အႀကီးမားဆံုးေလးစားမႈပါ" လိုု ့ဆိုုသြားပါတယ္။
(Unicode)
ဂျူဗင်တပ်စ်အသင်း အမှုဆောင်ချုပ် မိုရော့တာ က ဘိုနုချီပြန်လာချင်ကြောင်းပြောကြားခဲ့တာကိုဟုတ်မှန်ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။"သူအသင်းကို ပြန်လာချင်နေပါတယ်။ဒါပေမယ့် ကျွန်တော်တို့ဆီိမှာ လူပြည့်နေတယ်။အထူးသဖြင့် နောက်တန်းမှာပေါ့"
ဘိုနုချီဟာပြီးခဲ့တဲ့ရာသီက အေစီမီလန်အသင်းကို ယူရိုသန်း၄ဝနှင့်ပြောင်းရွေ့သွားခဲ့ပါတယ်။ဒါပေမယ့်ယခုသူက ဂျူဗငိတပ်စ် အသင်းကိုပြန်လာချင်နေပါတယ်။
"အခုဒီကိစ္စစတင်လိုက်ပါပြီ။ကျွန်တော်တို့ အေစီမီလန်အမှုဆောင်ချုပ်နဲ့တွေဆုံလိုက်ပြီးပြီတစ်ချို့အရာတွေကိုလည်းသင်ယူလေ့လာလိုက်ရပါတယ်လို့" သတင်းထောက် တွေကိုပြောကြားခဲ့ပါတယ်။
"အေစီမီလန် အမှုဆောင်ချုပ် က ကျွန်တော်တို့ကိုပြောတယ်။ဘိုုနုုချီ ကဒီနှစ်ဂျူဗင်ကိုပြန်ချင်တယ်လို့ စဉ်းစားပြီးအသင်းကိုပြောထားပါတယ်။မီလန်အသင်းက သူရဲ့ခံစားချက်နဲ့ပတ်သက်ပြီးပဲ ကျွန်တော်တို့ကိုပြောတာပါ"
လက်ရှိအခြေအနေက အသင်းမှာလူပြည့်နေပါတယ်။အထူးသဖြင်နောက်တန်းခံစစ်အပိုင်းမှာပါ။ကျွန်တော်တို့ သူနဲ့အချိတ်အဆက်အဆင့်ဆင့်ရှိပြီးလေးလေးစားစားရှိပါတယ်။ဒါ ပေမယ့်အခုထပ်ပိုပြီး မသွားချင်သေးပါဘူး။"
ရိုနယ်လ်ဒိုကိုလည်းမကြာခင်ကပဲအသင်းအတွက်ခေါ်ယူနိုင်ခဲ့ပြီး သူကိုအကြီးအကျယ်မျှော်လင့်ထားပါတယ်။ပေါ်တူဂီသားကြောင့် ဟီဂူအင်ကို ရောင်းချဖို့စီစဉ်နေပါပြီ။
"ကျွန်တော်တို့သူကိုခေါ်ယူနိုင်ခဲ့တာ အရမ်းဂုဏ်ယူရပါတယ်။ရိုနယ်လ်ဒိုက အံမခန်းလှအောင်ထူးချွန်တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။အသင်းရဲ့ဥက္ကဋ္ဌ Agnelli
ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။"
"ဟီဂူအင်နဲ့ပတ်သက်ပြီးတော့ပြောချင်တာက သူက အသင်းအတွက်အရေးပါတဲ့သူတစ်ယောက်ပါ။ဒါပေမယ့်သာမန်အဆင့်လောက်ပါပဲ အခုဒီမှာ သူနေရာအတွက်ပြိုင်ဖက်တွေများနေပါတယ်။ဒါကြောင့်သူနဲ့စကားပြောဆွေးနွေးနေပါတယ်။ပြီးတော့သူလည်းစဉ်းစားဆုံးဖြတ်ပြီး အါးလုံးအတွက်အကောင်းဆုံးအဖြေတစ်ခုရမည်လို့မျှော်လင့်ပါတယ်။"
"ဒါဟာ ကစားသမားအားလုံးအပေါ်ထားတဲ့ အကြီးမားဆုံးလေးစားမှုပါ" လိုု ့ဆိုုသွားပါတယ်။
Post a Comment