ငါကပဲအဖ်က္ထုတ္ခံခ်င္ေနတယ္လို႔မင္းတို ့ထင္ေနတာလား? အရမ္းနာတယ္ကြ!!
PSG အသင္းနဲ႔ ဘရာဇီးစတားေနမာ ဟာ ကြင္းအတြင္းေဘာလံုးကစားေနစဥ္အတြင္း တစ္ဖက္အသင္းနဲ႔ ယွဥ္ကစားရင္း ခဏခဏ ျမက္ခင္းေပၚလဲက်ေနတာေၾကာင့္ ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးျဖစ္ပါတယ္။
ဒါပင္မယ့္လည္း သူအေပၚဖ်က္ထုတ္မႈမ်ားဟာ အရမ္းနာက်င္ခဲ့ရတယ္လို ့ေနမာက ျပန္လည္တံု ့ျပန္ေျပာဆိုလိုက္ပါတယ္။
ေနမာဟာ သူဟာ ျမက္ခင္းေပၚမွာ အလြယ္တကူလူးလိမ့္ေနျပသူလို ့ေဝဖန္ေနမႈအေပၚ ျငင္းဆိုခဲ့ၿပီး သူ ့ရဲ႕ အလိမ္အေခါက္အစြမ္းအရည္ေတြက သူ ့ကို အားလံုးရဲ႕ ပစ္မွတ္တစ္ခုလို ျဖစ္သြားေစတယ္လို ့ေျပာၾကားခဲ့ပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ေနမာဟာ ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီ ကို ေျခေထာက္အ႐ိုးက်ိဳးခဲ့မႈဒဏ္ရာနဲ႔အတူ အဆံုးသတ္ခဲ့ရတာျဖစ္ၿပီး ဘရာဇီး အသင္းနဲ႔ ကမာၻ ့ဖလားမွာ ပါဝင္ခြင့္ရဖို ့ အခ်ိန္ယူျပင္ဆင္ခဲ့ရတာပဲျဖစ္ပါတယ္။ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲ ႐ုရွားေျမမွာ ဘရာဇီးအသင္းကို ေနမာက ဦးေဆာင္ပါဝင္ႏိုင္ခဲ့ေသာ္လည္း ၿပိဳင္ပြဲတစ္ေလွ်ာက္ သူဟာ အႀကိမ္ႀကိမ္ အဖ်က္ထုတ္ခံရမႈေပါင္းမ်ားစြာနဲ႔ ၾကံဳေတြ ့ခဲ့ရၿပီး ျမက္ခင္းေပၚ အလူးအလိမ့္ အလြယ္တကူျဖစ္ခဲ့တာေၾကာင့္ ပြဲစဥ္တစ္ခ်ိဳ ့ဟာ သူ ့ေၾကာင့္ အခ်ိန္ေႏွာင့္ေႏွးၾကန္ ့ၾကာခဲ့ရတယ္လို ့တစ္ဖက္နည္းျပေတြက အစ ေဝဖန္သည္အထိ ေနမာဟာ ေဝဖန္မႈမ်ိဳးစံုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
ဒါ့အျပင္ေနမာရဲ႕ ကြင္းအတြင္းဟန္ေဆာင္လဲက်မႈကို ေနမာရဲ႕ Hater မ်ားနဲ႔ ပရိတ္သတ္တစ္ခ်ိဳ ့က" Neymer Challenge “ ဆိုၿပီး လူနဲ႔ အနည္းငယ္ထိမိတာနဲ႔ လဲက်ျပတဲ့ ေနမာ့ပံုစံမ်ိဳး လုပ္ျပထားေသာ ဟာသဗီဒီယို တစ္ခ်ိဳ ့ဟာ လည္း လူမႈကြန္ယက္မ်ားေပၚမွာ ေတာ္ေတာ္ေလးနာမည္ႀကီးခဲ့ပါတယ္။ ေနမာကိုယ္တိုင္က ပြဲၾကည့္ပရိတ္သတ္မ်ားဟာ သူ ရင္ဆိုင္ခဲ့ရတာနဲ႔ ပတ္သတ္ၿပီး နားလည္သေဘာမေပါက္ၾကေၾကာင္း ယံုၾကည္ေနပါတယ္။
" ကၽြန္ေတာ္ အဲ့ဟာသေတြေတြ ့ခဲ့ပါတယ္။ အဲ့ဒါေတြဟာ မဂၤလာမရွိတဲ့ ဟာသေတြလို ့ကၽြန္ေတာ္ယူဆပါတယ္။" "မေန ့ကေတာင္မွ ကေလးေတြ အဲ့လို လုပ္ျပေနတဲ့ ဗီဒီယို ကို ကၽြန္ေတာ္အင္စတာဂရမ္မွာေတာင္တင္လိုက္ပါေသးတယ္။" "ကၽြန္ေတာ့္ရဲ႕ ေဘာလံုးပညာက ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ရရင္ အလိမ္အေခါက္နဲ႔ ျဖတ္ေက်ာ္ျပႏိုင္တာပါ။ ကၽြန္ေတာ္ က ၿပိဳင္ဘက္အေရွ ့မွာ တည့္တည့္ရပ္ၿပီး" ခ်စ္စရာေကာင္းတဲ့သူေလး။ ေက်းဇူးျပဳၿပီး ကၽြန္ေတာ္ဂိုးေလး တစ္ဂိုးေလာက္သြင္းခ်င္ပါတယ္ ခင္ဗ်" လို ့ေျပာလို ့မရဘူးေလ" " ကၽြန္ေတာ္ အဲ့လိုလုပ္လို ့မရဘူး။ ကၽြန္ေတာ္သူ ့ကို ျဖတ္ေက်ာ္ႏိုင္မွရမယ္။ ကၽြန္ေတာ္ဟာ တစ္ခုခုလုပ္ျပဖို ့အၿမဲႀကိဳးစားေနရတယ္။ သူ တို ့ကကၽြန္ေတာ့္ကို ျဖတ္ေက်ာ္ခြင့္ မေပးေတာ့ ကၽြန္ေတာ့္အေပၚ ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့ၾကတာပါပဲ။" " အခ်ိန္တိုင္းပဲ ကၽြန္ေတာ္ဟာ အျခားကစားသမားေတြ ထက္ေပါ့ပါးျမန္ဆန္ပါတယ္။ အဲ့ေတာ့သူတို ့ကၽြန္ေတာ့္ကို ခပ္ၾကမ္းၾကမ္း ျဖတ္ထုတ္ၾကတာေပါ့။ ဒိုင္လူႀကီးဟာ အဲ့လိုမ်ိဳးေတြအတြက္ ထားထားတာပါ။" " ကၽြန္ေတာ္က ပဲ အျဖတ္ထုတ္ခံတာကို လိုခ်င္ေနတယ္လို ့ခင္ဗ်ားတို႔ကထင္ေနတာလား? ႏိုးပါ။ အရမ္းကို နာက်င္မႈအျပည့္ပဲဗ်။ေတာ္ေတာ္ေလးနာတယ္။ ပြဲၿပီးသြားၿပီဆိုတာနဲ႔ နာတဲ့ေနရာေတြကို ေရခဲနဲ႔ ေလး ငါးနာရီေလာက္အုပ္ထားရတာဗ်" " ဒါဟာ ေတာ္ေတာ္ေလးရႈပ္ေထြးတဲ့ ကိစၥပဲဗ်။ ဒါပင္မယ့္ ခင္ဗ်ားတို ့ကမခံစားဘူးေတာ့ဘယ္နားလည္ပါ့မလဲ" လို ့သူ ့အေပၚေဝဖန္မႈမ်ားကို ေနမာက တံု ့ျပန္ေျပာၾကားလိုက္ပါတယ္။
(Unicode)
PSG အသင်းနဲ့ ဘရာဇီးစတားနေမာ ဟာ ကွင်းအတွင်းဘောလုံးကစားနေစဉ်အတွင်း တစ်ဖက်အသင်းနဲ့ ယှဉ်ကစားရင်း ခဏခဏ မြက်ခင်းပေါ်လဲကျနေတာကြောင့် ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။
ဒါပင်မယ့်လည်း သူအပေါ်ဖျက်ထုတ်မှုများဟာ အရမ်းနာကျင်ခဲ့ရတယ်လို ့နေမာက ပြန်လည်တုံ ့ပြန်ပြောဆိုလိုက်ပါတယ်။
နေမာဟာ သူဟာ မြက်ခင်းပေါ်မှာ အလွယ်တကူလူးလိမ့်နေပြသူလို ့ဝေဖန်နေမှုအပေါ် ငြင်းဆိုခဲ့ပြီး သူ ့ရဲ့ အလိမ်အခေါက်အစွမ်းအရည်တွေက သူ ့ကို အားလုံးရဲ့ ပစ်မှတ်တစ်ခုလို ဖြစ်သွားစေတယ်လို ့ပြောကြားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်နေမာဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ ကို ခြေထောက်အရိုးကျိုးခဲ့မှုဒဏ်ရာနဲ့အတူ အဆုံးသတ်ခဲ့ရတာဖြစ်ပြီး ဘရာဇီး အသင်းနဲ့ ကမ္ဘာ ့ဖလားမှာ ပါဝင်ခွင့်ရဖို ့ အချိန်ယူပြင်ဆင်ခဲ့ရတာပဲဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲ ရုရှားမြေမှာ ဘရာဇီးအသင်းကို နေမာက ဦးဆောင်ပါဝင်နိုင်ခဲ့သော်လည်း ပြိုင်ပွဲတစ်လျှောက် သူဟာ အကြိမ်ကြိမ် အဖျက်ထုတ်ခံရမှုပေါင်းများစွာနဲ့ ကြုံတွေ ့ခဲ့ရပြီး မြက်ခင်းပေါ် အလူးအလိမ့် အလွယ်တကူဖြစ်ခဲ့တာကြောင့် ပွဲစဉ်တစ်ချို ့ဟာ သူ ့ကြောင့် အချိန်နှောင့်နှေးကြန် ့ကြာခဲ့ရတယ်လို ့တစ်ဖက်နည်းပြတွေက အစ ဝေဖန်သည်အထိ နေမာဟာ ဝေဖန်မှုမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင်နေမာရဲ့ ကွင်းအတွင်းဟန်ဆောင်လဲကျမှုကို နေမာရဲ့ Hater များနဲ့ ပရိတ်သတ်တစ်ချို ့က" Neymer Challenge “ ဆိုပြီး လူနဲ့ အနည်းငယ်ထိမိတာနဲ့ လဲကျပြတဲ့ နေမာ့ပုံစံမျိုး လုပ်ပြထားသော ဟာသဗီဒီယို တစ်ချို ့ဟာ လည်း လူမှုကွန်ယက်များပေါ်မှာ တော်တော်လေးနာမည်ကြီးခဲ့ပါတယ်။ နေမာကိုယ်တိုင်က ပွဲကြည့်ပရိတ်သတ်များဟာ သူ ရင်ဆိုင်ခဲ့ရတာနဲ့ ပတ်သတ်ပြီး နားလည်သဘောမပေါက်ကြကြောင်း ယုံကြည်နေပါတယ်။
" ကျွန်တော် အဲ့ဟာသတွေတွေ ့ခဲ့ပါတယ်။ အဲ့ဒါတွေဟာ မင်္ဂလာမရှိတဲ့ ဟာသတွေလို ့ကျွန်တော်ယူဆပါတယ်။" "မနေ ့ကတောင်မှ ကလေးတွေ အဲ့လို လုပ်ပြနေတဲ့ ဗီဒီယို ကို ကျွန်တော်အင်စတာဂရမ်မှာတောင်တင်လိုက်ပါသေးတယ်။" "ကျွန်တော့်ရဲ့ ဘောလုံးပညာက ပြိုင်ဘက်နဲ့ ရင်ဆိုင်ရရင် အလိမ်အခေါက်နဲ့ ဖြတ်ကျော်ပြနိုင်တာပါ။ ကျွန်တော် က ပြိုင်ဘက်အရှေ ့မှာ တည့်တည့်ရပ်ပြီး" ချစ်စရာကောင်းတဲ့သူလေး။ ကျေးဇူးပြုပြီး ကျွန်တော်ဂိုးလေး တစ်ဂိုးလောက်သွင်းချင်ပါတယ် ခင်ဗျ" လို ့ပြောလို ့မရဘူးလေ" " ကျွန်တော် အဲ့လိုလုပ်လို ့မရဘူး။ ကျွန်တော်သူ ့ကို ဖြတ်ကျော်နိုင်မှရမယ်။ ကျွန်တော်ဟာ တစ်ခုခုလုပ်ပြဖို ့အမြဲကြိုးစားနေရတယ်။ သူ တို ့ကကျွန်တော့်ကို ဖြတ်ကျော်ခွင့် မပေးတော့ ကျွန်တော့်အပေါ် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ကြတာပါပဲ။" " အချိန်တိုင်းပဲ ကျွန်တော်ဟာ အခြားကစားသမားတွေ ထက်ပေါ့ပါးမြန်ဆန်ပါတယ်။ အဲ့တော့သူတို ့ကျွန်တော့်ကို ခပ်ကြမ်းကြမ်း ဖြတ်ထုတ်ကြတာပေါ့။ ဒိုင်လူကြီးဟာ အဲ့လိုမျိုးတွေအတွက် ထားထားတာပါ။" " ကျွန်တော်က ပဲ အဖြတ်ထုတ်ခံတာကို လိုချင်နေတယ်လို ့ခင်ဗျားတို့ကထင်နေတာလား? နိုးပါ။ အရမ်းကို နာကျင်မှုအပြည့်ပဲဗျ။တော်တော်လေးနာတယ်။ ပွဲပြီးသွားပြီဆိုတာနဲ့ နာတဲ့နေရာတွေကို ရေခဲနဲ့ လေး ငါးနာရီလောက်အုပ်ထားရတာဗျ" " ဒါဟာ တော်တော်လေးရှုပ်ထွေးတဲ့ ကိစ္စပဲဗျ။ ဒါပင်မယ့် ခင်ဗျားတို ့ကမခံစားဘူးတော့ဘယ်နားလည်ပါ့မလဲ" လို ့သူ ့အပေါ်ဝေဖန်မှုများကို နေမာက တုံ ့ပြန်ပြောကြားလိုက်ပါတယ်။
Post a Comment