Header Ads
အိုဇေးရဲ့ ဂျာမနီအသင်းကနေ အနားယူမှုကိုထောက်ခံခဲ့တဲ့ မိုစတာဖီ
ဒီကိစ္စကို အသက်၂၉နှစ်အရွယ်အိုဇေးဟာ သူရဲ့လူမှုကွန်ရက်မှတဆင့်သူရဲ့လက်မှတ်နှင့် အတူတကွ သူအပေါ်စွပ်စွဲသမုတ်ခဲ့ကြပြီး လူမျိုးရေးခွဲခြားမှုနှင့်ပတ်သက်ပြီး ရေးသားထားတဲ့ စာမျက်နှာအချို့ကိုထုတ်ပြန်ကာ ဂျိုအာချင်လိုရဲ့လက်အောက်မှ နိုင်ငံလက်ရွေးစင်ကစားသမားဘဝအနားယူကြောင်းနှင့် သူကို နိုင်ငံတာဝန်ရှိသူများမှ မကာကွယ်ပေးကြောင်း သူကို စော်ကားမှုများကိုလက်ပိုက်ကြည့်ခဲ့ကြောင်းရေးသားကာ အသင်းမှ အနားယူခဲ့ပါတယ်။
(Unicode)
ဂျာမနီလက်ရွေးစင်အသင်း မှ အိုဇေးအပြီးအနားယူကြောင်းကြေငြာခြင်းအပေါ် အာဆင်နယ်အသင်းနှင့် ဂျာမန်အသင်းဖော် မိုစတာဖီက အိုဇေးရဲ့လုပ်ရက်အပေါ်ထောက်ခံပြောဆိုလိုက်ပါတယ်။
မိုစတာဖီက ဂျာမန်အသင်းအတွက်အိုဇေးကို လက်လွှတ်ခဲ့ရသော်လည်း သူအနားယူခြင်းနှင့်ပတ်သက်ပြီး ဒါဟာသူရဲ့ ပုဂ္ဂလိက တစ်ဦးတည်းဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ပြောကြားခဲ့ပါတယ်။
အိုဇေးဟာ ကမ္ဘာ ့ဖလား ပြီးနောက် တူရကီသမ္မတ နှင့်တွေဆုံခဲ့မှုအပေါ် ဝေဖန်သမုတ်ခံခဲ့ရပြီးတဲ့အပြင်ဂျာမနီအသင်း အုပ်စုအဆင့်က ထွက်ခွာရခြင်းရဲ့ တရားခံအဖြစ်သူကို ဝိုင်းဝန်းစွပ်စွဲခဲ့ကြပါတယ်။
ဒိီကိစ္စကို အသက်၂၉နှစ်အရွယ်အိုဇေးဟာ သူရဲ့လူမှုကွန်ရက်မှတဆင့်သူရဲ့လက်မှတ်နှင့် အတူတကွ သူအပေါ်စွပ်စွဲသမုတ်ခဲ့ကြပြိီး လူမျိုးရေးခွဲခြားမှုနှင့်ပတ်သက်ပြီး ရေးသားထားတဲ့ စာမျက်နှာအချို့ကိုထုတ်ပြန်ကာ ဂျိုအာချင်လိုုရဲ့လက်အောက်မှ နိုင်ငံလက်ရွေးစင်ကစားသမားဘဝအနားယူကြောင်းနှင့် သူကို နိူင်ငံတာဝန်ရှိသူများမှ မကာကွယ်ပေးကြောင်း သူကို စော်ကားမှုများကိုလက်ပိုက်ကြည့်ခဲ့ကြောင်းရေးသားကာ အသင်းမှ အနားယူခဲ့ပါတယ်။
မိုစတာဖီက" အိုဇေးနဲ့အတူရှိပါတယ်။သူဟာ၂၀၁၄ခုနှစ်မှာ ဂျာမနိီအသင်းကို ကမ္ဘာ ့ဖလားရရှိအောင်ကူညီပံ့ပိုးခဲ့တယ်လေ" ဆိုခဲ့ပြီး သူကိုထောက်ခံပြောဆိုလိုက်ပါတယ်။
"သူရဲ့ဆုံးဖြတ်ချက်ကကျွန်တော်ကို အံသြသင့်စေခဲ့ပါတယ်။သူရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဟာ သူရဲ့အနာဂတ်အတွက်သေသေချာချာစဉ်းစားဆုံးဖြတ်ခဲ့တယ်လို့ယုံကြည်တယ်"လို့နောက်ခံလူကြီး မိုစတာဖီက သတင်းထောက် တွေကိုပြောကြားခဲ့ပါတယ်။
"သူက သူရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ကိုယ်ရေးကိုယ်တာကိုဆုံးဖြတ်ခဲ့တာပါ။သူက ကျွန်တော် အသင်းဖော် ပြီးတာ့သူငယ်ချင်းလည်းဖြစ်တယ်။ကျွန်တော်သူဘေးမှာရပ်တည်နေမှာပါ။အကယ်၍သူအကူအညီလိုတယ်ဆိုရင်သူဆိီကိုသွားကူညီဖို့အဆင်သင့်ပါပဲ"
"သူရဲ့ဆုံးဖြတ်ချက်က ကျွန်တော်ကိုတွေဝေစေခဲ့ပါတယ်။သူဟာကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပြီးဂျာမနီဘောလုံးအသင်းအပေါ်အများကြီးပေးဆပ်ခဲ့ပါတယ်"
"ပြောချင်တာက သူရဲ့ဆုံးဖြတ်ချက်က ဂျာမနီအသင်းကို ထိခိုက်စေခဲ့ပါတယ်။ဒါပေမယ့်ဒါဟာသူရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တာကြောင့် သူကိုကျွန်တော်တို့ လေးစားမှုပေးရမှာပါ" 
အိုဇေးနှင့်မိုစတာဖိီတို့ဟာ နည်းပြအမ်မရိီရဲ့ထိန်းကျောင်းမှုနှင့်အတူ စင်ကာပူကို ခြေစမ်းပွဲကစားရန်ရောက်ရှိနေပြီး လာမည်ရာသီမှာ အသင်းကို်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြပါတယ်။မိုစတာဖီဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မည်ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာနောက်တန်းအတွက် ဒေါ့မွန်အသင်းထံမှ ဆိုကရက်တီး ကိုခေါ်ယူအားဖြည့်ထားပြီး နည်းပြအသစ်လည်း ခေါ်ယူထားပါတယ်။ဒါ ကြောင့်မိုစတာဖီကသူရဲ့အနာဂတ်အတွက်မျှော်လင့်နေပါတယ်။
"ဒီဖိအားက အမြဲရှိနေပါတယ်။ကျွန်တော်တို့က နောက်ခံလူတွေက အမြဲအသင်းကိုနောက်တန်းကကာကွယ်နေရတော့ ဒီလိုရှိတာ မဆန်းပါဘူး။"
"ဒါကအသစ်အဆန်းမဟုတ်ပါဘူး ကျွန်တော်တို့က ပရိုအဆင့်ကစားသမားတွေပါ ဒီလိုဖိအားတွေကိုဘယ်လိုထိန်းသိမ်းရမလဲကောင်းကောင်းသိပါတယ်။"
No comments
Powered by Blogger.