ေနာက္ဆံုးရတနလၤာေန ့နံနက္ခင္းသတင္းတိုုမ်ား
ဂ်ာမနီ လက္ေရြးစင္ကစားသမား မီဆြတ္အိုေဇးလ္က သူ ့အေပၚ ဂ်ာမန္ေဘာလံုးအဖြဲ႕ ခ်ဳပ္(DFB) ရဲ႕ မတူမတန္ဆက္ဆံမႈမ်ား၊ေလးစားမႈမရွိမႈမ်ားနဲ႔ တူရကီမ်ိဳးႏြယ္ျဖစ္ေနမႈအေပၚ ႏိုင္ငံေရးအရ ဝါဒျဖန္႔ေနတဲ့ အတြက္ ဂ်ာမနီေဘာလံုးဂ်ာစီကို တစ္သက္လံုး ဝတ္ေတာ့မွာ မဟုတ္ေၾကာင္း ႏိုင္ငံလက္ေရြးစင္ေဘာလံုးသမားဘဝမွ အနားယူတဲ့ ေၾကညာခ်က္စာမ်က္ႏွာ ၂ရြက္ပါကို ထုတ္ျပန္ခဲ့ပါတယ္။
ICC ဖလားပြဲအျဖစ္ လီဗာပူးအသင္းကို ၁-၃ ျဖင့္ အႏိုင္ရခဲ့တဲ့ ပြဲမွာ ေဒါ့မြန္အသင္းအတြက္ ၂ဂိုးသြင္း ၁ဂိုးဖန္ေပးခဲ့တဲ့ အသက္၁၉ ႏွစ္အရြယ္ ပူလီဆစ္ဟာ အေကာင္းဆံုးကစားသမားဆုရဖို ့ တားျမစ္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။အေၾကာင္းမွာေတာ့ အဆိုပါဆုကို Heineken ယမကာ ကုမၸဏီ က ပံပိုးကူညီတာ ျဖစ္ၿပီး အေမရိကန္ ဥပေဒအရ အသက္ ၂၁ နဲ႔ အထက္သာ ယမကာ နဲ႔ ပတ္သတ္ဆက္ႏြယ္ခြင့္ရမွာျဖစ္တဲ့အတြက္ အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ ပူလီဆစ္အတြက္ေတာ့ အက်ံဳးမဝင္ခဲ့ပါဘူး။
မန္ယူႏိုက္တက္အသင္းဟာ ေပါင္ ၆၅ သန္းတန္ လက္စတာေနာက္ခံလူမက္ဂြားယား ကို ေခၚယူဖို ့ အသင္းရဲ႕ ေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ ႐ိုဂ်ိဳကို ေရာင္းထုတ္ဖြယ္ရွိေနတယ္လို ့သိရပါတယ္။
မန္စီးတီးေနာက္ခံလူ လာေပၚတီ က ျပင္သစ္အသင္း ကမာၻ ့ဖလားရတာကို ၾကည့္ရတာကို မနာလို ျဖစ္မိခဲ့ေၾကာင္းဝန္ခံေျပာၾကားလိုက္ၿပီး နည္းျပရဲ႕ ေရြးခ်ယ္မႈကို လက္ခံရမယ္လို ့လည္းေျပာၾကားလိုက္ပါတယ္။ျပင္သစ္နည္းျပ ဒစ္ခ်န္ ့ဟာ ႐ုရွားကမာၻ ့ဖလား ၿပိဳင္ပြဲအတြက္ ျပင္သစ္လက္ေရြးစင္အသင္းမွာ ေနာက္ခံလူ လာေပၚတီကို မေရြးခ်ယ္ခဲ့တာပဲျဖစ္ပါတယ္။
ခ်ဲလ္ဆီးကစားသမား ပတ္ဒ႐ိုက နည္းျပသစ္ဆာရီရဲ႕ နည္းစနစ္ေတြဟာ မန္စီးတီး နည္းျပ ပတ္ဂြာဒီယိုလာနဲ႔ ဆင္တူေၾကာင္းနဲ႔ တိုက္စစ္ကစားေပးဟန္နဲ႔ ခ်ဲလ္ဆီးအသင္း အသစ္တစ္ဖန္ ျပန္လည္ေမြးဖြားလာမယ္လို ့ၾကံဳးဝါးေျပာဆိုသြားခဲ့ပါတယ္။
(Unicode)
ဂျာမနီ လက်ရွေးစင်ကစားသမား မီဆွတ်အိုဇေးလ်က သူ ့အပေါ် ဂျာမန်ဘောလုံးအဖွဲ့ ချုပ်(DFB) ရဲ့ မတူမတန်ဆက်ဆံမှုများ၊လေးစားမှုမရှိမှုများနဲ့ တူရကီမျိုးနွယ်ဖြစ်နေမှုအပေါ် နိုင်ငံရေးအရ ဝါဒဖြန့်နေတဲ့ အတွက် ဂျာမနီဘောလုံးဂျာစီကို တစ်သက်လုံး ဝတ်တော့မှာ မဟုတ်ကြောင်း နိုင်ငံလက်ရွေးစင်ဘောလုံးသမားဘဝမှ အနားယူတဲ့ ကြေညာချက်စာမျက်နှာ ၂ရွက်ပါကို ထုတ်ပြန်ခဲ့ပါတယ်။
ICC ဖလားပွဲအဖြစ် လီဗာပူးအသင်းကို ၁-၃ ဖြင့် အနိုင်ရခဲ့တဲ့ ပွဲမှာ ဒေါ့မွန်အသင်းအတွက် ၂ဂိုးသွင်း ၁ဂိုးဖန်ပေးခဲ့တဲ့ အသက်၁၉ နှစ်အရွယ် ပူလီဆစ်ဟာ အကောင်းဆုံးကစားသမားဆုရဖို ့ တားမြစ်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။အကြောင်းမှာတော့ အဆိုပါဆုကို Heineken ယမကာ ကုမ္ပဏီ က ပံပိုးကူညီတာ ဖြစ်ပြီး အမေရိကန် ဥပဒေအရ အသက် ၂၁ နဲ့ အထက်သာ ယမကာ နဲ့ ပတ်သတ်ဆက်နွယ်ခွင့်ရမှာဖြစ်တဲ့အတွက် အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ပူလီဆစ်အတွက်တော့ အကျုံးမဝင်ခဲ့ပါဘူး။
မန်ယူနိုက်တက်အသင်းဟာ ပေါင် ၆၅ သန်းတန် လက်စတာနောက်ခံလူမက်ဂွားယား ကို ခေါ်ယူဖို ့ အသင်းရဲ့ နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ရိုဂျိုကို ရောင်းထုတ်ဖွယ်ရှိနေတယ်လို ့သိရပါတယ်။
မန်စီးတီးနောက်ခံလူ လာပေါ်တီ က ပြင်သစ်အသင်း ကမ္ဘာ ့ဖလားရတာကို ကြည့်ရတာကို မနာလို ဖြစ်မိခဲ့ကြောင်းဝန်ခံပြောကြားလိုက်ပြီး နည်းပြရဲ့ ရွေးချယ်မှုကို လက်ခံရမယ်လို ့လည်းပြောကြားလိုက်ပါတယ်။ပြင်သစ်နည်းပြ ဒစ်ချန် ့ဟာ ရုရှားကမ္ဘာ ့ဖလား ပြိုင်ပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်းမှာ နောက်ခံလူ လာပေါ်တီကို မရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
ချဲလ်ဆီးကစားသမား ပတ်ဒရိုက နည်းပြသစ်ဆာရီရဲ့ နည်းစနစ်တွေဟာ မန်စီးတီး နည်းပြ ပတ်ဂွာဒီယိုလာနဲ့ ဆင်တူကြောင်းနဲ့ တိုက်စစ်ကစားပေးဟန်နဲ့ ချဲလ်ဆီးအသင်း အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာမယ်လို ့ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
Post a Comment