Header Ads


အျခားအသင္းေတြလည္း အိပ္ေပ်ာ္ေနၾကတာမဟုတ္ပါဘူး။-ဂ်ာဂန္ကေလာ့




လီဗာပူးအသင္း ဟာ ဒီရာသီမွာ အေျပာင္းအေရႊ ့အတြက္ ေငြေၾကးအေျမာက္အျမား ရင္းနွီးသံုးစြဲထားပါတယ္။ဒါပင္မယ့္ အနီေရာင္တပ္သားေတြရဲ႕ နည္းျပႀကီး ကေလာ့ကေတာ့ သူတို ့ရဲ႕ ၿပိဳင္ဘက္အသင္းေတြဟာလည္း လီဗာပူးနဲ႔ နည္းတူ လူစာရင္းေတာင့္တင္းတယ္လို ့ျပန္လည္ေထာက္ျပေျပာဆိုခဲ့ပါတယ္။

ဒီေႏြရာသီမွာ ပိုက္ဆံမ်ားစြာ အသံုးျပဳခဲ့ေသာ္လည္း ပရီးမီးယားလိပ္ဆုဖလားအတြက္ ဖိအားမရွိဘူးလို ့နည္းျပကေလာ့ ကျပန္လည္ေျပာၾကားခဲ့ပါတယ္။

အယ္လီဆန္၊ကီတာ၊ဖာဘင္ဟို နဲ႔ ရွာကြီရီတို ့ကို ေခၚယူထားတဲ့ လီဗာပူးအသင္းဟာ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိပ္မွာ အဆင့္ သာရခဲ့တဲ့ အတြက္ ယခုနစ္ရာသီ မွာ ပိုမိုေမွ်ာ္မွန္းထားျခင္းခံရတာပဲျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပေမာ္ရင္ဟိုက ၿပီးခဲ့တဲ့ အပတ္အတြင္းမွာ ပဲ အန္ဖီးကလပ္ဟာ ရင္းနွီးျမႇပ္နံွမႈမ်ားစြာ လုပ္ထားတဲ့ အတြက္ ျပည္တြင္းဖလားကို ရယူသင့္တယ္မွတ္ခ်က္ျပဳေျပာၾကားခဲ့တဲ့အေပၚ ဂ်ာဂန္ကေလာ့ က အဲ့ေလာက္မ႐ိုးရွင္းဘူးလို ျပန္လည္တံု ့ျပန္ခဲ့ပါတယ္။

" ဖိအားေတြရွိေနတယ္လို ကၽြန္ေတာ္မျမင္ပါဘူး။လူတစ္ခ်ိဳ႕ သာ  ၿပီးခဲ့တဲ့ ရာသီကလို နည္းနည္းပိုျဖစ္သင့္တယ္လို ့ယံုၾကည္ေနတာပါ။ တကယ္ေတာ့ အေျခအေနကို မေျပာင္းလဲရေသးပါဘူး"


" ကၽြန္ေတာ္တို ့ရဲ႕ အလုပ္က အသင္းကို တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးတက္လာေအာင္ေဆာင္ရြက္ဖို ့ပါ။ေဘာလံုးေလာကကို လည္း တိုးတက္လာေအာင္လုပ္ဖို ့ပါ။ခင္ဗ်ားသာ အဲ့လို လုပ္မယ္ဆိုရင္အခြင့္အေရးေတြလည္း အမ်ားႀကီး ရွိလာမွာပါ။"

"ဒါပင္မယ့္ အျခားအသင္းေတြလည္း အိပ္ေပ်ာ္ေနၾကတာမဟုတ္ပါဘူး။မန္စီးတီးဆို ေတာ္ေတာ္ေကာင္းတဲ့ အသင္းအျဖစ္ရွိေနဆဲ ျဖစ္ၿပီး ယူႏိုက္တက္မွာလည္း အသင္းေကာင္းတစ္သင္းရွိႏွင့္ၿပီးသားပါ။ခ်ဲလ္ဆီး၊အာဆင္နယ္၊စပါး အတူတူပါပဲ"

"ေတာ့တင္ဟမ္ဆို ေတာ္ေတာ္ေလးျပည့္စံုၿပီးသားပါ။ အာဆင္နယ္ ဆို ဂ်က္ဝီးရိႈင္းယား မရွိေတာ့လည္း ကစားသမားအသစ္ေတြ ဝယ္ထားတယ္ေလ။သူတို ့အသင္းေတြေတာင့္တယ္ဆို တာ တကယ္ထင္ထင္ရွားရွားျမင္ႏိုင္ပါတယ္"

" အဲဗာတန္အသင္းဆို အသင္းႀကီး နီးပါးျဖစ္ေနပါၿပီ။ ဝုလ္ဗာတန္ လို အသင္းေတာင္ အံၾသစရာပါပဲဗ်ာ။ ပရီးမီးယားလိပ္ဖလားဟာ ေတာ္ေတာ္ေလးခက္ခဲပါတယ္။ ကၽြန္ေတာ္တို ့အရမ္း ႀကီး ေမွ်ာ္လင့္ခ်က္ထားလို ့မရပါဘူး။တကယ္ကို ထားလို ့မရတာပါ။"

"အခုအခ်ိန္အေျခအေန က အရမ္းေကာင္းပါတယ္။ကၽြန္ေတာ္တို ့ဆီမွာ အသင္းေကာင္းတစ္သင္းရွိပါတယ္။အသင္းနဲ႔ ပတ္သတ္ၿပီး ပရိတ္သတ္ေတြက ေတာ္ေတာ္ေပ်ာ္ရႊင္ေနၾကပါတယ္။ကၽြန္ေတာ္တို ့ဝယ္ခဲ့ တဲ့ ကစားသမားေတြဟာလည္း အရည္အေသြး အရအရမ္းကို ေကာင္းပါတယ္။အကုန္ေကာင္းပါတယ္။ဒါပင္မယ့္ ဒီေကာင္းတာေလးနဲ႔ ဘာမွျဖစ္မလာပါဘူး"

"ဒီေကာင္းတဲ့ အရည္အေသြးေတြကို အသံုးခ်ၿပီး ဘယ္လို ကြဲျပားတဲ့ ကစားဟန္ကို ပံုေဖာ္မလဲ ဆိုတာကို ေစာင့္ၾကည့္ရမွာပါ။အခုအခ်ိန္ေတာ့ ဘာမွမဆံုးျဖတ္ရေသးပါဘူး။အရာအားလံုးအတြက္တိုက္ပြဲဝင္သြားမယ္။ဘယ္ဖလားပဲရရေပါ့ဗ်ာ"


"ဆုဖလားတိုင္းဟာ ေတာ္လို ့ေကာင္းလို ့ရတာျဖစ္ၿပီး အဲ့အရာဟာ ေတာ္ေတာ္ေလးေကာင္းမြန္ပါတယ္။ေနာက္ဆံုးခင္ဗ်ား ဘာဖလားပဲရရ ယူလိုက္ဗ်ာ" လို ESPN ကို ေျပာၾကားသြားခဲ့ပါတယ္။

(Unicode)





လီဗာပူးအသင်း ဟာ ဒီရာသီမှာ အပြောင်းအရွှေ ့အတွက် ငွေကြေးအမြောက်အမြား ရင်းနှီးသုံးစွဲထားပါတယ်။ဒါပင်မယ့် အနီရောင်တပ်သားတွေရဲ့ နည်းပြကြီး ကလော့ကတော့ သူတို ့ရဲ့ ပြိုင်ဘက်အသင်းတွေဟာလည်း လီဗာပူးနဲ့ နည်းတူ လူစာရင်းတောင့်တင်းတယ်လို ့ပြန်လည်ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒီနွေရာသီမှာ ပိုက်ဆံများစွာ အသုံးပြုခဲ့သော်လည်း ပရီးမီးယားလိပ်ဆုဖလားအတွက် ဖိအားမရှိဘူးလို ့နည်းပြကလော့ ကပြန်လည်ပြောကြားခဲ့ပါတယ်။

အယ်လီဆန်၊ကီတာ၊ဖာဘင်ဟို နဲ့ ရှာကွီရီတို ့ကို ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိပ်မှာ အဆင့် ၄ သာရခဲ့တဲ့ အတွက် ယခုနစ်ရာသီ မှာ ပိုမိုမျှော်မှန်းထားခြင်းခံရတာပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ပဲ အန်ဖီးကလပ်ဟာ ရင်းနှီးမြှပ်နှံမှုများစွာ လုပ်ထားတဲ့ အတွက် ပြည်တွင်းဖလားကို ရယူသင့်တယ်မှတ်ချက်ပြုပြောကြားခဲ့တဲ့အပေါ် ဂျာဂန်ကလော့ က အဲ့လောက်မရိုးရှင်းဘူးလို ့ ပြန်လည်တုံ ့ပြန်ခဲ့ပါတယ်။


" ဖိအားတွေရှိနေတယ်လို ့ ကျွန်တော်မမြင်ပါဘူး။လူတစ်ချို့ သာ  ပြီးခဲ့တဲ့ ရာသီကလို နည်းနည်းပိုဖြစ်သင့်တယ်လို ့ယုံကြည်နေတာပါ။ တကယ်တော့ အခြေအနေကို မပြောင်းလဲရသေးပါဘူး"


" ကျွန်တော်တို ့ရဲ့ အလုပ်က အသင်းကို တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာအောင်ဆောင်ရွက်ဖို ့ပါ။ဘောလုံးလောကကို လည်း တိုးတက်လာအောင်လုပ်ဖို ့ပါ။ခင်ဗျားသာ အဲ့လို လုပ်မယ်ဆိုရင်အခွင့်အရေးတွေလည်း အများကြီး ရှိလာမှာပါ။"

"ဒါပင်မယ့် အခြားအသင်းတွေလည်း အိပ်ပျော်နေကြတာမဟုတ်ပါဘူး။မန်စီးတီးဆို တော်တော်ကောင်းတဲ့ အသင်းအဖြစ်ရှိနေဆဲ ဖြစ်ပြီး ယူနိုက်တက်မှာလည်း အသင်းကောင်းတစ်သင်းရှိနှင့်ပြီးသားပါ။ချဲလ်ဆီး၊အာဆင်နယ်၊စပါး အတူတူပါပဲ"

"တော့တင်ဟမ်ဆို တော်တော်လေးပြည့်စုံပြီးသားပါ။ အာဆင်နယ် ဆို ဂျက်ဝီးရှိုင်းယား မရှိတော့လည်း ကစားသမားအသစ်တွေ ဝယ်ထားတယ်လေ။သူတို ့အသင်းတွေတောင့်တယ်ဆို တာ တကယ်ထင်ထင်ရှားရှားမြင်နိုင်ပါတယ်"

" အဲဗာတန်အသင်းဆို အသင်းကြီး နီးပါးဖြစ်နေပါပြီ။ ဝုလ်ဗာတန် လို အသင်းတောင် အံသြစရာပါပဲဗျာ။ ပရီးမီးယားလိပ်ဖလားဟာ တော်တော်လေးခက်ခဲပါတယ်။ ကျွန်တော်တို ့အရမ်း ကြီး မျှော်လင့်ချက်ထားလို ့မရပါဘူး။တကယ်ကို ထားလို ့မရတာပါ။"

"အခုအချိန်အခြေအနေ က အရမ်းကောင်းပါတယ်။ကျွန်တော်တို ့ဆီမှာ အသင်းကောင်းတစ်သင်းရှိပါတယ်။အသင်းနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေက တော်တော်ပျော်ရွှင်နေကြပါတယ်။ကျွန်တော်တို ့ဝယ်ခဲ့ တဲ့ ကစားသမားတွေဟာလည်း အရည်အသွေး အရအရမ်းကို ကောင်းပါတယ်။အကုန်ကောင်းပါတယ်။ဒါပင်မယ့် ဒီကောင်းတာလေးနဲ့ ဘာမှဖြစ်မလာပါဘူး"

"ဒီကောင်းတဲ့ အရည်အသွေးတွေကို အသုံးချပြီး ဘယ်လို ကွဲပြားတဲ့ ကစားဟန်ကို ပုံဖော်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။အခုအချိန်တော့ ဘာမှမဆုံးဖြတ်ရသေးပါဘူး။အရာအားလုံးအတွက်တိုက်ပွဲဝင်သွားမယ်။ဘယ်ဖလားပဲရရပေါ့ဗျာ"

"ဆုဖလားတိုင်းဟာ တော်လို ့ကောင်းလို ့ရတာဖြစ်ပြီး အဲ့အရာဟာ တော်တော်လေးကောင်းမွန်ပါတယ်။နောက်ဆုံးခင်ဗျား ဘာဖလားပဲရရ ယူလိုက်ဗျာ" လို ့ESPN ကို ပြောကြားသွားခဲ့ပါတယ်။

No comments

Powered by Blogger.