စနေနေ့ ညနေခင်းနောက်ဆုံးရဘောလုံးသတင်းအတိုများ
(Unicode)
ပြင်သစ် နဲ့ ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကို က သူ ့ရဲ့ မိုနာကို အသင်းဖော်ဟောင်း PSG စတား ဘာပေးဟာ လက်ရှိမှာ ကမ္ဘာ ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်လို ့မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်လွန်းပြီး ချီးကျူးခဲ့ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ ကိုလံဘီယာနောက်ခံလူ ရာရီမီနာဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ဥရောပရဲ့ အသင်းကြီးတစ်သင်းကိုပြောင်းရွှေ ့ကစားတော့မယ်လို ့ မီနာရဲ့ ဦးလေးဖြစ်သူ အေးဂျင့် ဂျာရာမီနာ ကပြောကြားသွားပါတယ်။
ချဲလ်ဆီး အသင်း နဲ့ ဘာစီလိုနာ အသင်းတို ့ရဲ့ ပစ်မှတ်ကစားသမား ဂျူဗင်တပ်စ်ကွင်းလယ်လူ ပီဂျန်နစ်ကို မန်စီးတီးအသင်းကပါ ခေါ်ယူဖို ့ကြိုးပမ်းလာပါတယ်။ပီဂျန်နစ်အတွက် ယူရို သန်း ၁၀၀ ကုန်ကျနိုင်ပါတယ်။
PSG ကွင်းလယ်လူ ရာဘီရော ့ကို ဘာစီလိုနာ အသင်းသာ ခေါ်ယူနိုင်မယ်ဆိုရင် သိပ်ကိုကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို ့အသင်းကစားသမားဟောင်း ဇာဗီက ထောက်ခံပြောဆိုသွားပါတယ်။
အင်္ဂလန်မှာ အကောင်းဆုံးအသင်းက ယူနိုက်တက်အသင်းပါလို ့ကွင်းလယ်လူ ဟာရဲရားက ဆိုခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို ့ လိုလားနေတယ်လို ့လည်းသိရပါတယ်။
Post a Comment