ေသာၾကာေန ့ညေနာက္ဆံုးရေဘာလံုးသတင္းတိုုမ်ား
ေအစီမီလန္အသင္းဟာ ၂၀၁၇-၂၀၁၈ ရာသီမွာ အသင္းရဲ႕ ဘ႑ာေရး မွ်ေခ် မွ်တမႈမရွိခဲ့တဲ့အတြက္ လာမယ့္ရာသီယူ႐ိုပါလိပ္ၿပိဳင္ပြဲမွာ ပါဝင္ခြင့္မရပဲ အေရးယူခံခဲ့ရပါတယ္။ဒါပင္မယ့္လည္း ေအစီမီလန္အသင္းဟာ Arbitration For Sports ခံုရံုး ကို အယူခံဝင္ခဲ့ရမွာ ေအာင္ျမင္ခဲ့ၿပီး လာမယ့္ရာသီကို ယူ႐ိုပါလိပ္ဝင္ခြင့္ ျပန္လည္ရရွိေတာ့မွာပဲျဖစ္ပါတယ္။
စပါး တိုက္စစ္မွဴး ဆြန္ေယာင္မင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါး အသင္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။၂၀၁၅ ခုႏွစ္မွာ ေလဗာဂူဆင္အသင္းကေနေရာက္ရွိလာတဲ့ ေတာင္ကိုရီးယား တိုက္စစ္မွဴးဟာ ပြဲေပါင္း ၁၄၀ ကစားထားၿပီး ၄၇ ဂိုးသြင္းယူထားၿပီး စပါးအသင္းမွာ ၂၀၂၃ ခုႏွစ္အထိဆက္ရွိေနေတာ့မွာပဲျဖစ္ပါတယ္။
ကမာၻ ့စံခ်ိန္တင္ဂိုးသမား အေျပာင္းအေရႊ ့ျဖင့္ လီဗာပူးအသင္းကို ေရာက္ရွိလာတဲ့ အလီဆန္က သူ ့ရဲ႕ ႏွလံုးသားထဲမွာ ႐ိုးမားအသင္းဟာ အၿမဲရွိေနမွာျဖစ္တယ္လို ့ေက်းဇူးတင္ႏႈတ္ဆက္စကားေျပာၾကားသြားပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းက အသည္းအသန္ အလိုရွိေနတဲ့ ခ်ဲလ္ဆီးစတား အင္ဒီဟာဇင္ကို အသင္းေဖာ္ကြင္းလယ္လူ ဖာဘရီဂတ္စ္က ဟာဇက္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ အေကာင္းဆံုးကစားသမားတစ္ေယာက္ုဖစ္ၿပီး သူ ့ကို အသင္းမွာ မရွိမျဖစ္လိုအပ္ပါတယ္လို ့ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။
လီဗာပူးအသင္းရဲ႕ ဆီနီေဂါ တိုက္စစ္မွဴး မာေနးဟာ လာမယ့္ ၁၈/၁၉ ရာသီမွာ အသင္းရဲ႕ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ကစားသြားမွာပဲျဖစ္ပါတယ္။အဆိုပါ ေက်ာနံပါတ္ ၁၀ ဟာ မႏွစ္ရာသီ က ဘာစီလိုနာ အသင္းဆီ ထြက္ခြာသြားတဲ့ ေကာ္တင္ဟို ရဲ႕ ေက်ာနံပါတ္ပဲျဖစ္ပါတယ္။
စပါးအသင္းရဲ႕ ၂၀၁၈/၁၉ ရာသီအေဝးကြင္းဝတ္စံုအသစ္ဟာ ဘာစီလိုနာ အသင္းရဲ႕ ေလ့က်င့္ေရး ဝတ္စံုနဲ႔ ဆင္တူေနတယ္လို ့ပရိတ္သတ္ေတြကဝဖန္ေလွာင္ေျပာင္ေနၾကပါတယ္။ဒါ့အျပင္ ဘာစီလိုနာ ရဲ႕ Nike ေလ့က်င့္ေရး ဝတ္စံုဟာ ေပါင္ ၉၀ အထိ ေစ်းႀကီးၿပီး စပါးရဲ႕ အေဝးကြင္းဝတ္စံုဟာ ၆၅ ေပါင္သာရွိတဲ့အတြက္ ပိုလို ့ေတာင္ေလွာင္ေျပာင္ေနၾကပါေသးတယ္။
(Unicode)
အေစီမီလန်အသင်းဟာ ၂၀၁၇-၂၀၁၈ ရာသီမှာ အသင်းရဲ့ ဘဏ္ဍာရေး မျှချေ မျှတမှုမရှိခဲ့တဲ့အတွက် လာမယ့်ရာသီယူရိုပါလိပ်ပြိုင်ပွဲမှာ ပါဝင်ခွင့်မရပဲ အရေးယူခံခဲ့ရပါတယ်။ဒါပင်မယ့်လည်း အေစီမီလန်အသင်းဟာ Arbitration For Sports ခုံရုံး ကို အယူခံဝင်ခဲ့ရမှာ အောင်မြင်ခဲ့ပြီး လာမယ့်ရာသီကို ယူရိုပါလိပ်ဝင်ခွင့် ပြန်လည်ရရှိတော့မှာပဲဖြစ်ပါတယ်။
စပါး တိုက်စစ်မှူး ဆွန်ယောင်မင်ဟာ တော့တင်ဟမ်ဟော့စပါး အသင်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ လေဗာဂူဆင်အသင်းကနေရောက်ရှိလာတဲ့ တောင်ကိုရီးယား တိုက်စစ်မှူးဟာ ပွဲပေါင်း ၁၄၀ ကစားထားပြီး ၄၇ ဂိုးသွင်းယူထားပြီး စပါးအသင်းမှာ ၂၀၂၃ ခုနှစ်အထိဆက်ရှိနေတော့မှာပဲဖြစ်ပါတယ်။
ကမ္ဘာ ့စံချိန်တင်ဂိုးသမား အပြောင်းအရွှေ ့ဖြင့် လီဗာပူးအသင်းကို ရောက်ရှိလာတဲ့ အလီဆန်က သူ ့ရဲ့ နှလုံးသားထဲမှာ ရိုးမားအသင်းဟာ အမြဲရှိနေမှာဖြစ်တယ်လို ့ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားသွားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက အသည်းအသန် အလိုရှိနေတဲ့ ချဲလ်ဆီးစတား အင်ဒီဟာဇင်ကို အသင်းဖော်ကွင်းလယ်လူ ဖာဘရီဂတ်စ်က ဟာဇက်ဟာ ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ုဖစ်ပြီး သူ ့ကို အသင်းမှာ မရှိမဖြစ်လိုအပ်ပါတယ်လို ့ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ ဆီနီဂေါ တိုက်စစ်မှူး မာနေးဟာ လာမယ့် ၁၈/၁၉ ရာသီမှာ အသင်းရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားသွားမှာပဲဖြစ်ပါတယ်။အဆိုပါ ကျောနံပါတ် ၁၀ ဟာ မနှစ်ရာသီ က ဘာစီလိုနာ အသင်းဆီ ထွက်ခွာသွားတဲ့ ကော်တင်ဟို ရဲ့ ကျောနံပါတ်ပဲဖြစ်ပါတယ်။
စပါးအသင်းရဲ့ ၂၀၁၈/၁၉ ရာသီအဝေးကွင်းဝတ်စုံအသစ်ဟာ ဘာစီလိုနာ အသင်းရဲ့ လေ့ကျင့်ရေး ဝတ်စုံနဲ့ ဆင်တူနေတယ်လို ့ပရိတ်သတ်တွေကဝဖန်လှောင်ပြောင်နေကြပါတယ်။ဒါ့အပြင် ဘာစီလိုနာ ရဲ့ Nike လေ့ကျင့်ရေး ဝတ်စုံဟာ ပေါင် ၉၀ အထိ စျေးကြီးပြီး စပါးရဲ့ အဝေးကွင်းဝတ်စုံဟာ ၆၅ ပေါင်သာရှိတဲ့အတွက် ပိုလို ့တောင်လှောင်ပြောင်နေကြပါသေးတယ်။
Post a Comment