အမေ့စကားမြေဝယ်မကျနားထောင်တဲ့အိုဇေးလ်
ဒီတွေဆုံမှုဟာ အသိုင်းအဝန်းတစ်ခုမှာ ဝေဖန်သံဆူညံစွာထွက်ပေါ်လာပြီး တူရကီနွယ်ဖွားတွေရဲ့တွေ့ဆုံမှုကို မီဒီယာတွေက ဝေဖန်မှုတွေနဲ့ ထိုးနှက်နေပါတယ်။
နောက်ဆုံးမှာတော့ မီဆွတ်အိုဇေးလ်က သူ့ အပေါ် ဂျာမန်ဘောလုံးအဖွဲ့ ချုပ်(DFB) ရဲ့ မတူမတန်ဆက်ဆံမှုများ၊လေးစားမှုမရှိမှုများနဲ့ တူရကီမျိုးနွယ်ဖြစ်နေမှုအပေါ် နိုင်ငံရေးအရ ဝါဒဖြန့်နေတဲ့ အတွက် ဂျာမနီဘောလုံးဂျာစီကို တစ်သက်လုံး ဝတ်တော့မှာ မဟုတ်ကြောင်း နိုင်ငံလက်ရွေးစင်ဘောလုံးသမားဘဝမှ အနားယူတဲ့ ကြေညာချက်စာမျက်နှာ ၂ရွက်ပါကို ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။
(Unicode)
အာဆင်နယ်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်အိုဇေးလ်ဟာ ဂျာမနီအသင်းဖော် ဂန်ဒိုဂန် နှင့်အတူ ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ကမ္ဘာ ့ဖလားက ထွက်ခွာစဉ်ထဲက အခုထိ ခံနေရပါတယ်။
မကြာခင်ကာလ က တူရကီသမ္မတ အာဒိုဂန်နှင့်လန်ဒန်မြို့မှာ အိုဇေးလ်အပါအဝင် တူရကီဖွားတွေနှင့်တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုက အငြင်းပွားဖွယ်ရာ ဖြစ်ပေမည့် အိုဇေးလ်တို့က ဒါဟာ နိူင်ငံရေးနှင့်မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒီတွေဆုံမှုဟာ အသိုင်းအဝန်းတစ်ခုမှာ ဝေဖန်သံဆူညံစွာထွက်ပေါ်လာပြီး တူရကီနွယ်ဖွားတွေရဲ့တွေ့ဆုံမှုကို မီဒီယာတွေက ဝေဖန်မှုတွေနဲ ့ထိုုးနှက်နေပါတယ်။ဂန်ဒိုဂန်က "ဒါဟာ
နိုင်ငံရေးအရတွေ့ဆုံမှုမဟုတ်ပါဘူး" လိုပြောကြားထားပါတယ်။အိုဇေးကတော့ာလက်ရှိအချိန် ဝေဖန်သံတွေကြောင့်စိတ်ခံစားချက်တွေ ရင်ထဲက အရာတွေ ပွင့်ထွက်လာပါတယ်။ဒီအပေါ်အခြေခံပြီး အမှန်တပတွရေးသားနေမှုအပေါ်သူက "ကျွန်တော်တွေ့ဆုံမှုက ဘိုးဘွားဘီဘင်တွေကို ကိုယ်စားပြုတွေဆုံတယ် ဆိုရုံမျှပါ၊နိုင်ငံရေးအရတွေ့ဆုံမှု မဟုတ်ဘူး "လို့သွင်သွင်ငြင်းထားပါတယ်။
"ကျွန်တော်ကို အမေက ငယ်စဉ်ထဲက အမြဲသင်ကြားပေးထားတယ် မင်းဘယ်ကလာတယ် ဘယ်လိုနေခဲ့ရလဲ ဘယ်တော့မှ မမေ့ပါနဲ့ ဆိုပြီးအမြဲ သင်ထားပေးခဲ့ပါတယ်။ပြီးတော့ဘိုးဘွားဘီဘင် တွေရဲ့ ယဉ်ကျေးမှု အထိမ်းအမှတ် တွေကိုလေးစားပြီးချစ်မြတ်နိုးပါတယ်"။
သတင်းတွေဖွနေပွနေရတဲ့အထိ အဓိကပြသာနာကတူရကီရွေးကောက်ပွဲ လက်ရှိအာဏာရှိတဲ့ သမ္မတ အာဒိုဂန်က အငြင်းပွား ရာ တွေနှင့်အနိုင်ရကာ ဆက်လက်အုပ်ချုပ် နေပါတယ်။သူရဲ့ရွေးကောက်ပွဲမှာ သူရဲ့လူမျိုးနှင့်နိုင်ငံအတွက် လုပ်မည်ဟု သွင်သွင်ပြောထားတာကြောင့်
အိုဇေးလ်တို့တွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းနေခဲ့တာပဲဖြစ်ပါတယ်။
နောက်ဆုုံးမှာတော့ မီဆွတ်အိုဇေးလ်က သူ ့အပေါ် ဂျာမန်ဘောလုံးအဖွဲ့ ချုပ်(DFB) ရဲ့ မတူမတန်ဆက်ဆံမှုများ၊လေးစားမှုမရှိမှုများနဲ့ တူရကီမျိုးနွယ်ဖြစ်နေမှုအပေါ် နိုင်ငံရေးအရ ဝါဒဖြန့်နေတဲ့ အတွက် ဂျာမနီဘောလုံးဂျာစီကို တစ်သက်လုံး ဝတ်တော့မှာ မဟုတ်ကြောင်း နိုင်ငံလက်ရွေးစင်ဘောလုံးသမားဘဝမှ အနားယူတဲ့ ကြေညာချက်စာမျက်နှာ ၂ရွက်ပါကို ထုတ်ပြန်လိုုက်ပြီပဲဖြစ်ပါတယ်။
Post a Comment