Pep Guardiola warns Leroy Sane he must work hard to improve
ဒီထက္ပိုမိုတိုးတက္လာဖို ့အလုပ္ေကာင္းေကာင္းႀကိဳးစားရမယ္လို ့ဆာေနးကို သတိေပးလိုက္တဲ့ မန္စီးတီးနည္းျပ ပတ္ဂြာဒီယိုလာ
မန္စီးတီးနည္းျပပတ္ဂြာဒီယိုလာက မႏွစ္ရာသီ အဓိပၸာယ္မဲ့ခဲ့တဲ့ အရာေတြကို ရွင္းလင္းေအာင္ျပဳျပင္ုပင္ဆင္ၿပီး ပိုမိုထူးခၽြန္လာေအာင္ အလုပ္ႀကိဳးစားရမယ္လို ့ဆာေနးကို သတိေပးေျပာၾကားလိုက္ပါတယ္။
ဆာေန ဟာ ယေန ့ မနက္ပိုင္း မွာ လီဗာပူး အသင္းကို ၂-၁ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ ပြဲမွာ ပါဝင္ကစားခဲ့ၿပီး အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။
ဒါပင္မယ့္လည္း မႏွစ္ရာသီက PFA တစ္ႏွစ္တာ လူငယ္အေကာင္းဆံုးဆု ရရွိထားတဲ့ ဆာေနးဟာ လီဗာပူး နဲ႔ပြဲ မွာ အခြင့္အေရးေကာင္းကို သိသိသာသာ လြဲေခ်ာ္ခဲ့ျပန္တာေၾကာင့္ နည္းျပပတ္ဟာ သူ ့ရဲ႕ ကစားသမားရဲ႕ စိတ္ခံစားမႈကို ရိပ္မိခဲ့ၿပီး အခုလိုတြန္းအားေပးစကားေျပာၾကားခဲ့ပါတယ္။
ဆာေနးဟာ မႏွစ္ရာသီက မန္စီးတီး အသင္းအတြက္ ေျခစြမ္းျပကစားခဲ့ေသာ္လည္း ကမာၻ ့ဖလားၿပိဳင္ပြဲအတြက္ ဂ်ာမနီ လက္ေရြးစင္ အသင္းမွာ ေရြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။
" ဒါဟာ သူနဲ႔ ပဲဆိုင္ပါတယ္။သူ ့အတြက္ အခ်ိန္မိနစ္ပို လိုအပ္ေနပါတယ္။ သူ ဟာ ေဘာလံုးမရွိတဲ့အခ်ိန္မွာ မာန္ပါပါလိုက္ကစားရမယ္ဆိုတဲ့ စည္းမ်ဥ္းကို ျပန္ရဖို ့ လိုအပ္ေနပါတယ္။"
" သူ ျပန္လာဖို ့လိုအပ္ေနပါတယ္။ သိပ္ေသခ်ာပါတယ္။ သူဟာ သူ ့ရဲ႕ အရည္အေသြးေကာင္းေတြ ျပန္ရဖို ့လိုအပ္တဲ့ အရည္အခ်င္းသူ ့မွာ ရွိေနၿပီးသားပါ။သူ ဂိုးသြင္းႏိုင္လို ့ကၽြန္ေတာ္တို ့ေပ်ာ္ပါတယ္။ဒါပင္မယ့္ ဆာေနးဟာ သူ ့ရဲ႕ အေကာင္းဆံုးအရည္အခ်င္းအစစ္အမွန္ ရဲ႕ အေဝးတစ္ေနရာမွာ ရွိေနဆဲပါပဲ" လို ့မွတ္ခ်က္ျပဳေျပာၾကားသြားပါတယ္။
စီးတီးအသင္းဟာ လူငယ္မ်ားစြာနဲ႔ တည္ေဆာက္ထားတဲ့ အသင္းျဖစ္လို ့ေနပါတယ္။
ဆက္လက္ၿပီး နည္းျပဂြာဒီယိုလာ က ဒဏ္ရာရေနတဲ့ ေနာက္ခံလူ လာေပၚတီနဲ႔ ပတ္သတ္ၿပီး
" လာေပၚတီဟာ ဒုတိယေန ့မွာ ဒဏ္ရာအနည္းငယ္ရေနပါတယ္။ ဒီလို ကြင္းအေျခအေန မေကာင္းတဲ့ ကြင္းထဲမွာ သူ ့ကို အရဲစြန္ ့ၿပီး မပါေစခ်င္ပါဘူး။ရာသီအစမွာ ကစားသမားေတြ ပါဝင္ဖို ့လိုအပ္ေနပါတယ္"
" ဘာစီလိုနာ လူငယ္အကယ္ဒမီတုန္း က ကၽြန္ေတာ္ခ်ာတိတ္ဘဝကေပါ့။ ကၽြန္ေတာ္ သင္ယူခဲ့ပါတယ္။ဘယ္ေတာ့မွ ဆင္ေျခမေပးနဲ ့တဲ့"
" ကမာၻ ့ဖလားၿပိဳင္ပြဲအတြက္ ကစားသမား ၁၆ ေယာက္အထိေစလႊတ္ခဲ့ရပါတယ္။ကၽြန္ေတာ္ ေပ်ာ္ပါတယ္။ အရင္က အဲ့လိုမ်ိဳးမရွိခဲ့ပါဘူး။ ကၽြန္ေတာ္တို ့အနာဂတ္အရမ္းကိုေကာင္းေနပါၿပီ"
" ဒါပင္မယ့္ ကၽြန္ေတာ္တို ့ဒီထက္ပို တစ္ဆင့္ျမင့္ေအာင္ႀကိဳးပမ္းရပါမယ္။လာမယ့္ ကြန္ျမဴနတီ ဒိုင္းပြဲမွာ ဘယ္လို ရင္ဆိုင္မလဲ ေတြ ့ၾကရမွာပါ" လို ့ဆိုသြားပါတယ္။
(Unicode)
ဒီထက်ပိုမိုတိုးတက်လာဖို ့အလုပ်ကောင်းကောင်းကြိုးစားရမယ်လို ့ဆာနေးကို သတိပေးလိုက်တဲ့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာ
မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာက မနှစ်ရာသီ အဓိပ္ပာယ်မဲ့ခဲ့တဲ့ အရာတွေကို ရှင်းလင်းအောင်ပြုပြင်ုပင်ဆင်ပြီး ပိုမိုထူးချွန်လာအောင် အလုပ်ကြိုးစားရမယ်လို ့ဆာနေးကို သတိပေးပြောကြားလိုက်ပါတယ်။
ဆာနေ ဟာ ယနေ ့ မနက်ပိုင်း မှာ လီဗာပူး အသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပြီး အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါပင်မယ့်လည်း မနှစ်ရာသီက PFA တစ်နှစ်တာ လူငယ်အကောင်းဆုံးဆု ရရှိထားတဲ့ ဆာနေးဟာ လီဗာပူး နဲ့ပွဲ မှာ အခွင့်အရေးကောင်းကို သိသိသာသာ လွဲချော်ခဲ့ပြန်တာကြောင့် နည်းပြပတ်ဟာ သူ ့ရဲ့ ကစားသမားရဲ့ စိတ်ခံစားမှုကို ရိပ်မိခဲ့ပြီး အခုလိုတွန်းအားပေးစကားပြောကြားခဲ့ပါတယ်။
ဆာနေးဟာ မနှစ်ရာသီက မန်စီးတီး အသင်းအတွက် ခြေစွမ်းပြကစားခဲ့သော်လည်း ကမ္ဘာ ့ဖလားပြိုင်ပွဲအတွက် ဂျာမနီ လက်ရွေးစင် အသင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။
" ဒါဟာ သူနဲ့ ပဲဆိုင်ပါတယ်။သူ ့အတွက် အချိန်မိနစ်ပို လိုအပ်နေပါတယ်။ သူ ဟာ ဘောလုံးမရှိတဲ့အချိန်မှာ မာန်ပါပါလိုက်ကစားရမယ်ဆိုတဲ့ စည်းမျဉ်းကို ပြန်ရဖို ့ လိုအပ်နေပါတယ်။"
" သူ ပြန်လာဖို ့လိုအပ်နေပါတယ်။ သိပ်သေချာပါတယ်။ သူဟာ သူ ့ရဲ့ အရည်အသွေးကောင်းတွေ ပြန်ရဖို ့လိုအပ်တဲ့ အရည်အချင်းသူ ့မှာ ရှိနေပြီးသားပါ။သူ ဂိုးသွင်းနိုင်လို ့ကျွန်တော်တို ့ပျော်ပါတယ်။ဒါပင်မယ့် ဆာနေးဟာ သူ ့ရဲ့ အကောင်းဆုံးအရည်အချင်းအစစ်အမှန် ရဲ့ အဝေးတစ်နေရာမှာ ရှိနေဆဲပါပဲ" လို ့မှတ်ချက်ပြုပြောကြားသွားပါတယ်။
စီးတီးအသင်းဟာ လူငယ်များစွာနဲ့ တည်ဆောက်ထားတဲ့ အသင်းဖြစ်လို ့နေပါတယ်။
ဆက်လက်ပြီး နည်းပြဂွာဒီယိုလာ က ဒဏ်ရာရနေတဲ့ နောက်ခံလူ လာပေါ်တီနဲ့ ပတ်သတ်ပြီး
" လာပေါ်တီဟာ ဒုတိယနေ ့မှာ ဒဏ်ရာအနည်းငယ်ရနေပါတယ်။ ဒီလို ကွင်းအခြေအနေ မကောင်းတဲ့ ကွင်းထဲမှာ သူ ့ကို အရဲစွန် ့ပြီး မပါစေချင်ပါဘူး။ရာသီအစမှာ ကစားသမားတွေ ပါဝင်ဖို ့လိုအပ်နေပါတယ်"
" ဘာစီလိုနာ လူငယ်အကယ်ဒမီတုန်း က ကျွန်တော်ချာတိတ်ဘဝကပေါ့။ ကျွန်တော် သင်ယူခဲ့ပါတယ်။ဘယ်တော့မှ ဆင်ခြေမပေးနဲ ့တဲ့"
" ကမ္ဘာ ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၁၆ ယောက်အထိစေလွှတ်ခဲ့ရပါတယ်။ကျွန်တော် ပျော်ပါတယ်။ အရင်က အဲ့လိုမျိုးမရှိခဲ့ပါဘူး။ ကျွန်တော်တို ့အနာဂတ်အရမ်းကိုကောင်းနေပါပြီ"
" ဒါပင်မယ့် ကျွန်တော်တို ့ဒီထက်ပို တစ်ဆင့်မြင့်အောင်ကြိုးပမ်းရပါမယ်။လာမယ့် ကွန်မြူနတီ ဒိုင်းပွဲမှာ ဘယ်လို ရင်ဆိုင်မလဲ တွေ ့ကြရမှာပါ" လို ့ဆိုသွားပါတယ်။
Post a Comment