သူတို့ ရဲ့ ခံယူချက်ကို အမြန်ပြောင်းလဲတတ်တဲ့ လူတွေကို တွေ့ ရတာရယ်စရာကောင်းပါတယ်။-မော်ရင်ဟို
(Unicode)
လီဗာပူးအသင်းဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ ့ကာလမှာ အရမ်းကို အလုပ်ရှုပ်နေတာဖြစ်ပြီး အသင်းလူစာရင်းအင်အားတောင့်တင်းဖို ့ငွေကြေးများစွာ အသုံးပြုခဲ့ပါတယ်။ဒါပင်မယ့်လည်း နည်းပြဂျာဂန်ကလော့ဟာ လွန်ခဲ့တဲ့ နှစ်က ယူနိုက်တက် အသင်းရဲ့ အပြောင်းအရွှေ ့အသုံးကြမ်းခဲ့မှုအပေါ်ဝေဖန်ခဲ့ဖူးပြီး သူသာဆိုရင်လျင် ဒီလိုတွေ ဝယ်နေမှာ မဟုတ်ဘူးလို ့ဆိုတဲ့အထိ ပြောဆိုခဲ့ဖူးတာပဲဖြစ်ပါတယ်။
ဒါကို အမှတ်သည်းချေကြီးတဲ့ နည်းပြမော်ရင်ဟို ဟာ ကလော့ရဲ့ အတိတ်က စကား နဲ့ ယခုလုပ်ရပ်တို ့အပေါ် ပြန်နင်းပြီး ချေပပြောဆိုလိုက်ပါတယ်။
" ခင်ဗျားရဲ့ ခင်ဗျားကိုယ့်ကိုယ်ကို ရော ၊ ကိုယ့်ရဲ့ ခံယူချက်ကို ပါ ပြောင်းလဲလိုက်တာကိုပါ တွေ့ ရတာ ပြုံးသွားရအာင် အထိ ကျွန်တော် ပျော်နေပါတယ်။တကယ် ရယ်စရာကောင်းတယ်ဗျာ"
" ဒါပင်မယ့် ဒါဟာ အိုကေပါတယ်။"
"ဒီရာသီမှာ အင်းဖြစ်နိုင်ပါတယ်။ ခင်ဗျားသူတို ့ဆီက အနိုင်ရလဒ်ကို တောင်းဆိုနိုင်ပါတယ်။"
"ခင်ဗျားမျှမျှတတလုပ်သင့်တယ်ဗျာ။အခုဆို ခင်ဗျား အဲ့ အသင်းကို တောင်းဆိုနိုင်ပါပြီ။မနှစ်ရာသီထဲ က ရင်းနှီးမြှပ်နှံမှုလုပ်ခဲ့တယ်။ဇန်နဝါရီမှာလည်း လုပ်ခဲ့တယ်။ အခုလည်း ပရီးမီးယားလိပ်ရဲ့ စံချိန်တင်ရင်းနှီးမြှပ်နှံမှုတွေလည်းလုပ်နေတယ်။ ပြီးတော့ ချန်ပီယံလိပ်ဖိုင်နယ်ကို ရောက်ခဲ့တဲ့ အဲ့လို အသင်းမျိုးဆီက အနိုင်ရလဒ်ကို တောင်းဆိုဖို ့ခင်ဗျားတို ့ပြောသင့်တယ်ဗျာ။ခင်ဗျားအခုတော့ ခင်ဗျားအသင်းဟာ ယှဉ်ပြိုင်ဖို ့ကြီးမားတဲ့အပြောင်းအရွှေ ့တွေလုပ်ထားတဲ့ အသင်းလို ပြောနိုင်ပါပြီခင်ဗျာ"
မန်ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ ့မှာ ICC cup ပြိုင်ပွဲအဖြစ် လီဗာပူးအသင်းနဲ့ ကစားရမှာပဲဖြစ်ပါတယ်။
Post a Comment