Header Ads


စပိန္လက္ေရြးစင္ကစားသမားဘဝကေနအနားယူဖို ့ဂြာဒီယိုလာနဲ႔တိုင္ပင္မယ္လို ့ဆိုလိုက္တဲ့ေဆးလ္ဗား



ကမာၻ ့ဖလားၿပိဳင္ပြဲမွာစပိန္အသင္းနဲ႔ အတူ ေအာင္ျမင္မႈလြဲေခ်ာ္ခဲ့ၿပီး တစ္ကိုယ္ေရးျပႆနာမ်ားနဲ႔ လံုးပမ္းခဲ့ရၿပီးေနာက္ မန္စီးတီးစတား ေဒးဗစ္ေဆးလ္ဗားဟာ စပိန္လက္ေရြးစင္ေဘာလံုးသမားဘဝကေနအနားယူဖို ့စဥ္းစားေနတယ္လို ့သိရပါတယ္။

ေဒးဗစ္ေဆးလ္ဗားဟာ သူ ့ရဲ႕ ႏိုင္ငံတကာလက္ေရြးစ္ကစားသမား ဘဝကို ေက်ာခိုင္းေတာ့ဖို ့ေတြးေတာစဥ္းစားေနၿပီး သူ ့ရဲ႕ နည္းျပဆရာပတ္ဂြာဒီယိုလာရဲ႕ အၾကံညဏ္ကို ရယူဖို စီစဥ္ေနေၾကာင္းသိရပါတယ္။

ေဆးလ္ဗားရဲ႕ စပိန္ေဘာလံုးအသင္းမွာ ေအာင္ျမင္တဲ့ကာလမ်ားကေတာ့ ၂၀၁၀ ကမာၻ ့ဖလားခ်န္ပီယံနဲ႔ ၂၀၁၂ ယူ႐ိုခ်န္ပီယံျဖစ္ခဲ့တဲ့ ႏွစ္ကာလအခိုက္အတန္႔ေတြပဲျဖစ္ပါတယ္။

ဒါပင္မယ့္လည္း အသက္၃၂ ႏွစ္အရြယ္ေရာက္ေနၿပီျဖစ္တဲ့ ေဒးဗစ္ေဆးလ္ဗားဟာ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ၁၆ သင္းအဆင့္မွာတင္အိမ္ရွင္႐ုရွားအသင္းကို ပယ္နယ္တီ အဆံုးအျဖတ္ျဖင့္ အေရးနိမ့္ခဲ့ကာ ၿပိဳင္ပြဲကေနထြက္ခြာခဲ့ရပါတယ္။


ဒါ့အျပင္သူ ့သားေလး မတ္တီယိုရဲ႕ လမေစ့ ေမြးဖြားခဲ့မႈေၾကာင့္ အေတာ္ေလး စိတ္ဆင္းသြားခဲ့ရၿပီး ကမာၻ ့ဖလားၿပီးထဲက သူ ့သားေလးအေပၚမွာသာ အာရံုအျပည့္စိုက္ထားေနရတယ္လို ့ေျပာၾကားခဲ့ပါတယ္။


" ကမာၻ ့ဖလားၿပီးထဲက ကၽြန္ေတာ့္သားေပၚမွာ ၁၀၀ % အာရံုစိုက္ထားခဲ့တာပါ။ မိသားစုအေရးနဲ႔ ပတ္သတ္လာၿပီဆိုရင္ေတာ့အလုပ္ေပၚမွာ ဘယ္လိုမွ အာရံုစိုက္လို ့မရပါဘူး"

"တနဂၤေႏြေန ့မွာ ကၽြန္ေတာ္ မန္ခ်က္စတာကို ျပန္လာေနပါၿပီ။ ေဘာလံုးအေၾကာင္းျပန္လည္စဥ္းစားေတာ့မွာပါ"

"႐ိုး႐ိုးသားသား ေျပာရရင္ ကၽြန္ေတာ္ စပိန္အသင္းအတြက္ ဆက္ကစားမွာလား မေျပာတတ္ပါဘူး။လာမယ့္ရက္ပိုင္းအတြင္း မန္ခ်က္စတာကို ေရာက္တဲ့အခ်ိန္က်ရင္ ကၽြန္ေတာ္ဆံုးျဖတ္မွာပါ။"

" အဲ့အခ်ိန္တုန္းကဆိုရင္ ကၽြန္ေတာ့္အေတြးထဲမွာ ကၽြန္ေတာ့္သားရယ္၊ ေကာင္မေလးရယ္၊ မိသားစု အေၾကာင္းေတြပါ"

" ကၽြန္ေတာ့္ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သတ္ၿပီး အျခားသူေတြနဲ႔ လည္းတိုင္ပင္ဦးမွာပါ။ အထူးသျဖင့္ ပတ္နဲ႔ေပါ့။သူ ့ဆီက အၾကံညဏ္ယူဦးမွာပါ။ဒါပင္မယ့္ အဆံုးမွာေတာ့ ကၽြန္ေတာ့္ရဲ႕ ဆံုးျဖတ္ခ်က္ပဲျဖစ္ပါလိမ့္မယ္။"


ေဆးလ္ဗားဟာ စပိန္အသင္းမွာ ပြဲေပါင္း ၁၂၅ ပြဲအထိ ပါဝင္ကစားထားၿပီး အသင္းသမိုင္း တစ္ေလွ်ာက္ ပြဲထြက္အမ်ားဆံုးကစားသမား အျဖစ္ ၆ေယာက္ေျမာက္ေနရာမွာရပ္တည္ေနပါတယ္။

(Unicode)


ကမ္ဘာ ့ဖလားပြိုင်ပွဲမှာစပိန်အသင်းနဲ့ အတူ အောင်မြင်မှုလွဲချော်ခဲ့ပြီး တစ်ကိုယ်ရေးပြဿနာများနဲ့ လုံးပမ်းခဲ့ရပြီးနောက် မန်စီးတီးစတား ဒေးဗစ်ဆေးလ်ဗားဟာ စပိန်လက်ရွေးစင်ဘောလုံးသမားဘဝကနေအနားယူဖို ့စဉ်းစားနေတယ်လို ့သိရပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာ သူ ့ရဲ့ နိုင်ငံတကာလက်ရွေးစ်ကစားသမား ဘဝကို ကျောခိုင်းတော့ဖို ့တွေးတောစဉ်းစားနေပြီး သူ ့ရဲ့ နည်းပြဆရာပတ်ဂွာဒီယိုလာရဲ့ အကြံညဏ်ကို ရယူဖို ့ စီစဉ်နေကြောင်းသိရပါတယ်။

ဆေးလ်ဗားရဲ့ စပိန်ဘောလုံးအသင်းမှာ အောင်မြင်တဲ့ကာလများကတော့ ၂၀၁၀ ကမ္ဘာ ့ဖလားချန်ပီယံနဲ့ ၂၀၁၂ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ နှစ်ကာလအခိုက်အတန့်တွေပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း အသက်၃၂ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်မှာတင်အိမ်ရှင်ရုရှားအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။


ဒါ့အပြင်သူ ့သားလေး မတ်တီယိုရဲ့ လမစေ့ မွေးဖွားခဲ့မှုကြောင့် အတော်လေး စိတ်ဆင်းသွားခဲ့ရပြီး ကမ္ဘာ ့ဖလားပြီးထဲက သူ ့သားလေးအပေါ်မှာသာ အာရုံအပြည့်စိုက်ထားနေရတယ်လို ့ပြောကြားခဲ့ပါတယ်။


" ကမ္ဘာ ့ဖလားပြီးထဲက ကျွန်တော့်သားပေါ်မှာ ၁၀၀ % အာရုံစိုက်ထားခဲ့တာပါ။ မိသားစုအရေးနဲ့ ပတ်သတ်လာပြီဆိုရင်တော့အလုပ်ပေါ်မှာ ဘယ်လိုမှ အာရုံစိုက်လို ့မရပါဘူး"

"တနင်္ဂနွေနေ ့မှာ ကျွန်တော် မန်ချက်စတာကို ပြန်လာနေပါပြီ။ ဘောလုံးအကြောင်းပြန်လည်စဉ်းစားတော့မှာပါ"

"ရိုးရိုးသားသား ပြောရရင် ကျွန်တော် စပိန်အသင်းအတွက် ဆက်ကစားမှာလား မပြောတတ်ပါဘူး။လာမယ့်ရက်ပိုင်းအတွင်း မန်ချက်စတာကို ရောက်တဲ့အချိန်ကျရင် ကျွန်တော်ဆုံးဖြတ်မှာပါ။"

" အဲ့အချိန်တုန်းကဆိုရင် ကျွန်တော့်အတွေးထဲမှာ ကျွန်တော့်သားရယ်၊ ကောင်မလေးရယ်၊ မိသားစု အကြောင်းတွေပါ"

" ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အခြားသူတွေနဲ့ လည်းတိုင်ပင်ဦးမှာပါ။ အထူးသဖြင့် ပတ်နဲ့ပေါ့။သူ ့ဆီက အကြံညဏ်ယူဦးမှာပါ။ဒါပင်မယ့် အဆုံးမှာတော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါလိမ့်မယ်။"

ဆေးလ်ဗားဟာ စပိန်အသင်းမှာ ပွဲပေါင်း ၁၂၅ ပွဲအထိ ပါဝင်ကစားထားပြီး အသင်းသမိုင်း တစ်လျှောက် ပွဲထွက်အများဆုံးကစားသမား အဖြစ် ၆ယောက်မြောက်နေရာမှာရပ်တည်နေပါတယ်။

No comments

Powered by Blogger.