Header Ads


မန္စီးတီး ရဲ့ လူစာရင္းကိုု ဘယ္အသင္းရဲ ့လူစာရင္းက ေကာင္းေကာင္းယွဥ္ႏိုုင္မွာလဲ ???



လာမယ့္ပရီးမီးယားလိပ္ရာသီမွာ အသင္းႀကီး ၆သင္းထဲမွ မန္စီးတီးအသင္းကို ဘယ္အသင္းက ဒုကၡ အေပးႏိုင္ဆံုးျဖစ္လာမွာလဲ?

ပရီးမီးယားလိပ္ဖလားကို ႏွစ္စဥ္ဆက္တိုက္ရရွိဖို ့ဆိုတာ ေတာ္ေတာ္ေလးခက္ခဲပါတယ္။ဒါပင္မယ့္လည္း မန္စီးတီး ရဲ႕ လူစာရင္းကို ေလ့လာၾကည့္မယ္ဆိုရင္ေတာ့ျဖင့္ ထြန္းေတာက္ေနတဲ့ မ်ိဳးဆက္တစ္ခုျဖစ္တဲ့ ဒီဘ႐ိုင္း၊ေဆးလ္ဗား နဲ႔ အဂူ႐ို၊ မာရက္ဇ္ ေရာက္ရိွလာမႈမ်ား၊ လူငယ္ကစားသမား ဆာေနးရဲ႕ တိုးတက္ထြန္းေတာက္လာမႈ နဲ႔ အသင္းကအျခားစူပါစတား မ်ားေၾကာင့္ ပရီးမီးယားလိပ္ဖလား ကို ႏွစ္ဆက္ရယူႏိုင္တဲ့အင္အား ပတ္ဂြာဒီယိုလာရဲ ့အသင္းမွာ ရွိေနပါတယ္။

မန္စီးတီး အသင္းဟာ မႏွစ္ရာသီ က ပရီးမီးယားလိပ္မွာ ရမွတ္၁၀၀ ျဖင့္ ဒုတိယေနရာက ယူႏိုက္တက္ ကို ၁၉ မွတ္ထိ ျဖတ္ကာ ဗိုလ္စြဲခဲ့ပါတယ္။ ဆိုလိုတာက မန္စီးတီး အသင္းဟာ ေနာက္ထပ္ ၆ပြဲ ရံႈးေနတာေတာင္မွ ခ်န္ပီယံ ျဖစ္ႏိုင္ေသးတယ္ဆိုတဲ့ အထိ ပထမေနရာ နဲ႔ ဒုတိယ အသင္း တို ့ရဲ႕ ကြာျခားမႈဟာ ေတာ္ေတာ္ေလး ႀကီးမားေနပါတယ္။

ဟုတ္ၿပီ။ဒါဆိုရင္ေရာ မန္စီးတီး ရဲ ့လူစာရင္းကို ယွဥ္ႏိုင္တဲ့ က်န္တဲ့ ပရီးမီးယားလိပ္အသင္းေတြ ေရာရွိေသးရဲ ့လား ေမးခြန္းထုတ္ႏိုင္ပါတယ္။ မွန္ပါတယ္။ မန္စီးတီး ရဲ႕ ေတာင့္တင္းလွတဲ့ လူစာရင္းကို အနီးကပ္ဆံုး ယွဥ္ၿပိဳင္ႏိုင္တဲ့ အသင္းႀကီး ၅သင္းသာ ရွိပါတယ္။

မန္ခ်က္စတာယူႏိုက္တက္၊ အာဆင္နယ္၊ ခ်ဲလ္ဆီး၊ လီဗာပူး နဲ႔ စပါးတို ့ပဲျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္

ေမာ္ရင္ဟို သာ ျပင္သစ္ အသင္းနဲ႔ ကမာၻ ့ဖလားဆုရ ေပါ့ဘာရဲ႕ ေျခစြမ္းကို အသင္းရဲ႕ ေနရာတစ္ေနရာမွာ မွန္မွန္ကန္ကန္ အသံုးခ်တတ္မယ္ဆိုရင္ေတာ့ ယူႏိုက္တက္ရဲ႕ ကြင္းလယ္ဟာ ပရီးမီးယားလိပ္မွာဆရာတစ္ဆူျဖစ္လာႏိုင္ပါတယ္။ေတာင္ပံကစားသမား ဆန္းခ်က္စ္ ဟာ အသင္းေဟာင္း အာဆင္နယ္အသင္းက ေျခစြမ္းကို ျပန္လည္ အသက္သြင္းလာမယ္ဆိုရင္ေတာ့ ေပါ့ဘာနဲ႔ ပိုမို အတြဲဖက္ညီစြာ ကစားႏိုင္လာပါလိမ့္မယ္။ဒါ့အျပင္ ကြင္းလယ္လူသစ္ ဖရဒ္ ရဲ႕ အတိုးအလႈပ္ ျမန္နႈန္းျမင့္ေျပးအားမ်ား က တန္ျပန္တိုက္စစ္ပံုေဖာ္ရာမွာ အေထာက္အကူျပဳႏိုင္ပါတယ္။

ဒါပင္မယ့္ အသင္းမွာ ပါရမီရွင္ကစားသမားေတြ ျဖစ္ၾကတဲ့ လူကာကူ၊ ရပ္ဖို ့ဒ္ နဲ႔ လင္ဂတ္တို ့ဟာ အျခားအသင္းက ကစားသမားေတြ ျဖစ္တဲ့ မန္စီးတီး က ဒီဘ႐ိုင္း၊ ခ်ဲလ္ဆီး အသင္းက အင္ဒီဟာဇက္ေလာက္ေတာ့ ပြဲအေပၚမွာ သိပ္ထိေရာက္မႈမရွိပါဘူး။

အမွန္တိုင္းေထာက္ျပေျပာဆိုရရင္ ယူႏိုက္တက္ရဲ႕ အဓိက တိုက္စစ္မွဴး လူကာကူ ဟာ သက္ႀကီးကစားသမားေဟာင္းႀကီး အီဗရာမိုဗစ္ေလာက္ေတာင္ပြဲအေျဖကို သိပ္မေျပာင္းလဲေပးႏိုင္ပါဘူး။

ဒါေၾကာင့္ ေမာ္ရင္ဟိုဟာ ပြဲအေျဖကို ထိထိေရာက္ေရာက္ေျပာင္းလဲႏိုင္တဲ့ အေတြ ့အၾကံဳ ရွိ ပါရမီရွင္ကစားသမား တစ္ဦး မျဖစ္မေန ေခၚယူဖို ့လိုအပ္ေနပါတယ္။

ဒါ့အျပင္ ေမာ္ရင္ဟိုဟာအသင္းတိုင္းလိုလို  မွာ တတိယ ရာသီေရာက္လာခဲ့ရင္ ဆိုးရြားမႈေတြ မ်ားစြာနဲ႔ ၾကံဳေတြ ့ရတဲ့ အစဥ္အလာဆိုးရွိေသာ္လည္း ယူႏိုက္တက္အေနနဲ႔ ေတာ့ ဆိုးရြားတဲ့ ရာသီတစ္ခုျဖစ္လာလိမ့္မည္မဟုတ္ပါဘူး။

သို ့ပင္မယ့္ ေမာ္ရင္ဟိုသာ ေခါင္းမာၿပီး အသင္းကစားဟန္ ကို ျပဳျပင္မေျပာင္းလဲေသးဘူးဆိုရင္ေတာ့ ပရီးမီးယားလိပ္ ခ်န္ပီယံဆုကို ဒီရာသီလည္း ရရွိလိမ့္မွာ မဟုတ္ပါဘူး။


လီဗာပူး

လီဗာပူးကစားသစ္ေတြ ျဖစ္တဲ့ ဖာဘင္ဟို ဟာ ကြင္းလယ္ခံစစ္ေနရာသာမက လိုအပ္ရင္ ညာေနာက္ခံလူေနရာပါ ဝင္ေရာက္ကစားႏိုင္ပါတယ္။ ကြင္းလယ္ကစားသမား သစ္ ကီတာ ဟာလည္း လီဗာပူးမွာ ပိုမို အထိုင္က်လာခဲ့ပါၿပီ။

အရံေနရမွာလည္း ကြင္းလယ္လူရွာကြီရီ က အသင္းကို ေကာင္းေကာင္းပံ့ပိုးေပးႏိုင္ပါတယ္။လီဗာပူး အသင္းဟာ ပရီးမီးယားလိပ္ဖလား ကို နာမည္ေျပာင္း ေခၚေဝါခဲ့ၿပီးေနာက္ပိုင္း ဗိုလ္မစြဲႏိုင္ခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနခဲ့ၿပီဆိုတာလည္း သတိျပဳသင့္ပါတယ္။

ဒါပင္မယ့္ သူတို ့အသင္းဟာ ျပည္တြင္းလိပ္ဖလား( ယခု ပရီးမီယားလိပ္) ဖလားကို ၁၈ ႀကိမ္တိုင္ရယူထားတဲ့ ဒုတိယေျမာက္အေအာင္ျမင္ဆံုးကလပ္ ျဖစ္ပါတယ္။

နည္းျပကေလာ့ ရဲ႕ Gengen Pressing ေဘာလံုးအေတြး အေခၚဟာ လီဗာပူးအသင္းနဲ႔ အေတာ္ေလးအလုပ္ျဖစ္ေနခဲ့တာပဲျဖစ္ပါတယ္။ တိုက္စစ္မွာ မာေနး၊ ဆာလာ နဲ႔ ဖာမီႏို တို ့တိုက္စစ္၃ေယာက္အတြဲဟာ မႏွစ္ရာသီက ရပ္တန္ ့လို ့မရတဲ့ ၃ေယာက္တြဲ ကစားသမားေတြျဖစ္ခဲ့ၾကၿပီး သြင္းဂိုးမ်ားစြာ ရယူေပးထားကာ ခ်န္ပီယံလိပ္ဖိုင္နယ္ကို လည္းတက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။

ဂိုးသမားေနရာကို ၾကည့္မယ္ဆိုရင္လည္း မႏွစ္ရာသီက အမွားလုပ္ခဲ့တဲ့ ဂိုးသမား ကားရီးရက္စ္ကို ေခါက္ထားႏိုင္ခဲ့ၿပီး ႐ိုးမား ဂိုးသမား အယ္လီဆန္ကို ေခၚယူႏိုင္ခဲ့ ၿပီးျဖစ္တဲ့ အတြက္ စိတ္ခ်လို ့ရႏိုင္ပါၿပီ။ဒါေၾကာင့္ လီဗာပူးအသင္းဟာ ယူႏိုက္တက္ထက္ စာရင္ေတာ့ ပရီးမီးယားလိပ္ဖလား ကို ပိုမိုခ်ိန္းေျခာက္ႏိုင္တဲ့ လူစာရင္းရွိေနပါတယ္။

ခ်ဲလ္ဆီး

မန္စီးတီးအသင္းထက္ ပိုမို အဆင့္ျမင့္တဲ့ ကစားဟန္နဲ႔ ေနာက္ထပ္ အသင္းတစ္သင္းေပၚထြက္လာႏိုင္ေခ်ရွိေနပါတယ္။ ဒါကေတာ့ နည္းျပသစ္ဆာရီရဲ႕ တိုက္စစ္ကစားေပးပံုစံေၾကာင့္ ျဖစ္ေပၚလာမယ့္ ခ်ဲလ္ဆီး အသင္းပါပဲ။

မန္စီးတီး နည္းျပ ပတ္ဂြာဒီယိုလာ ကိုယ္တိုင္က ခ်ီးက်ဴးေလးစားအားက်ရတဲ့ နည္းျပဆာရီဟာ ခ်ဲလ္ဆီး အသင္းရဲ ့ကစားဟန္ ကို ဘယ္လို ပိုမို ျပဳျပင္ေျပာင္းလဲလာမလဲ စိတ္ဝင္စားရာေကာင္းေနပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးရဲ႕ ၿပီးခဲ့တဲ့ ၄ႏွစ္အတြင္း ေနာက္ျပန္ ၾကည့္မယ္ ဆိုရင္ေတာ့ျဖင့္ ၁ႏွစ္ျခားစီ ပရီးမီးယားလိပ္ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ မႏွစ္ရာသီက  အဆင့္ နဲ႔ သာ ရာသီသိမ္းခဲ့ရတဲ့ ခ်ဲလ္ဆီး အသင္း ခ်န္ပီယံလိပ္ ၿပိဳင္ပြဲအတြက္ အာရံုစိုက္စရာ မလိုေတာ့တာေၾကာင့္ ပရီးမီးယား လိပ္ဆုကို တဖန္ ျပန္လည္ေမွ်ာ္မွန္းႏိုင္ပါၿပီ။

ဆာရီရဲ႕ တပည့္ေက်ာ္ ကြင္းလယ္လူ သစ္ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ဲလ္ဆီး အသင္းရဲ႕ ဂ်ိဳကာ တစ္ခုုျဖစ္လာႏိုင္ပါတယ္။ဒါပင္မယ့္လည္း လက္ရွိပရီးမီးယားလိပ္ရဲ႕ အေကာင္းဆံုးကစားသမား တစ္ဦးလို ့ဆိုႏိုင္တဲ့ ဟာဇက္ကို အသင္းမွာ ဆက္ထိန္းထားမယ္ဆိုရင္ေတာ့ ခ်ဲလ္ဆီး ရဲ႕ လူစာရင္းဟာ ဆက္လက္အင္အားေတာင့္တင္းေနမွာ အမွန္ပါပဲ။

ကြင္းလယ္လူေတြ ျဖစ္ၾကတဲ့ ကန္တီ၊ ဖာဘရီဂတ္စ္၊ ေဂ်ာ္ဂ်င္ဟို၊ ေနာက္ခံလူေတြ ျဖစ္တဲ့ အလြန္ဆို၊ အက္စပတ္က်ဴတာ၊႐ူဒီဂါနဲ႔ ခရစ္စတိန္း တို ့ဟာ နည္းျပဆာရီ အတြက္ မန္စီးတီး လူစာရင္း ကိုယွဥ္ႏိုင္ဖို ့ပံုမွန္ထုတ္သံုးႏိုင္တဲ့ ကစားသမားေတြ ျဖစ္လို ့ေနပါတယ္။

ဒါ့အျပင္ ကြင္းလယ္လူေတြျဖစ္တဲ့ ဘာကေလ နဲ႔ ေလာ့ဖ္တက္ခ်ိစ္ တို႔ဟာ တိုက္စစ္ဦးစားေပးကြင္းလယ္လူေတြ ျဖစ္တာေၾကာင့္ အကယ္၍ ခ်ဲလ္ဆီး အသင္းသာ အသင္းရဲ႕ အိုင္ကြန္ ကစားသမားတစ္ခ်ိဳ ့ကို ဆက္ထိန္းထားမယ္ဆိုရင္ေတာ့ ခ်ဲလ္ဆီး အသင္းဟာ လည္း မန္စီးတီးနဲ႔ အၿပိဳင္ ပရီးမီးယားလိပ္ဖလား ကိုစိန္ေခၚႏိုင္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါး

ကလပ္ကြင္းသစ္ တည္ေဆာက္ေနမႈ က စပါးအသင္းကို အေျပာင္းအေရႊ ့မွာ မလႈပ္ရွား ႏိုင္ေအာင္ ခ်ည္တုပ္လိုက္သလို ျဖစ္ေနပါတယ္။ မႏွစ္ရာသီက တတိယေနရာရခဲ့ေသာ္လည္း ရမွတ္ ၇၇ မွတ္သာ ရရွိခဲ့ပါတယ္။

သို ့ေသာ္ စပါးအသင္း ဒီအဆင့္ထိ ရပ္တည္ႏိုင္ေနတာဟာ နည္းျပပိုခ်က္တီႏို ရဲ႕ ဗ်ဴဟာေတြေၾကာင့္ ဆိုႏိုင္ၿပီး အသင္း ပထမဦးစားေပးကစားသမားေတြျဖစ္တဲ့ ဟာရီကိန္း၊ အဲရစ္ဆင္၊ ဒယ္လီအယ္လီ တို ့ေၾကာင့္ စပါးဟာ ပရီးမီးယားလိပ္မွာ လူရာဝင္ေနတာပဲျဖစ္ပါတယ္။

အရံ လူအင္အား နည္းပါးမႈေၾကာင့္ အသင္းရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရရွိခဲ့ရင္ ရလဒ္ပိုင္း ႐ုန္းကန္ရတတ္တဲ့ စပါးကို လူဝယ္ခြင့္ ေပးလိုက္မယ္ဆိုရင္ ပိုၿပီး ထူးျခားေကာင္းမြန္လာမယ့္ အသင္းျဖစ္လာဖြယ္ရွိေနပါတယ္။  

စပါး အသင္းမွာ ပရီးမီးယားလိပ္ ရဲ႕ အေကာင္းဆံုးကြင္းလယ္လူေတြထဲ ကတစ္ေယာက္ျဖစ္တဲ့ အဲရစ္ဆင္နဲ႔ လူငယ္ပါရမီရွင္ ဒယ္လီအယ္လီ တို ့ဖန္တီးေပးမႈေတြကို အဆံုးသတ္ေပးႏိုင္တဲ့ တိုက္စစ္မွဴး ဟာရီကိန္း လည္းရွိလိုေနပါတယ္။

အာဆင္နယ္

အာဆင္နယ္အသင္းဟာ အေျပာင္းေရႊ ့ကာလမွ တက္ႂကြေနၿပီး ေကာင္းမြန္တဲ့ အေျပာင္းအေရႊ ့ေတြလုပ္ေဆာင္ခဲ့ပါတယ္။ ကြင္းလယ္ခံစစ္ေနရာမွာ ေတာ္ရီးရားကို ေခၚယူအားျဖည့္ႏိုင္ခဲ့ျခင္း ဂိုးသမားေနရာအတြက္ စိတ္ခ်ရတဲ့ ဘာ့ဒ္လီႏိုကို ေခၚယူခဲ့ျခင္း ေနာက္ခံလူ အတြက္ေက်ာက္ေဆာင္ တစ္ဖြယ္ စြမ္းေဆာင္ႏိုင္တဲ့ ဆိုကရက္တီးစ္ နဲ႔ ဂြမ္ဒိုဇီ ကို ကြင္းလယ္ေနရာ အတြက္ပါ ေခၚယူခဲ့တာေၾကာင့္လူစာရင္းဟာ အင့္အားေတာင့္တာလာပါတယ္။

သို႔ေသာ္လည္း အသင္းတစ္သင္းမွာ နည္းျပ အကူးအေျပာင္း ကာလ အတြက္ အခ်ိန္တစ္ခုေပးရပါတယ္။ ဥပမာ အေနျဖင့္ ယူႏိုက္တက္ကို ၾကည့္မယ္ဆိုရင္ အသင္းရဲ႕ ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္အနားယူသြားတဲ့ေနာက္ပိုင္း ပံုမွန္ေျခစြမ္း နဲ႔ ကစားဟန္ကို ျပန္ရဖို ့အေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။

အာဆင္ဝင္းဂါးထြက္ခြာသြားတဲ့ အာဆင္နယ္ဟာ ယူႏိုက္တက္ရဲ႕ အေျခအေန နဲ႔ ထပ္တူျဖစ္ေနၿပီး နည္းျပသစ္အမ္မရီရဲ႕ ကစားဟန္ကို အသားက်လာေအာင္အခ်ိန္တစ္ခု ေပးရပါမယ္။

ဒါပင္မယ့္လည္း အာဆင္နယ္ အသင္းကို Dark Horse(မေမွ်ာ္မွန္းပဲ ခ်န္ပီယံျဖစ္လာမယ့္ အသင္း) အျဖစ္ သတ္မွတ္ထားႏိုင္ပါေသးတယ္။

သို ့ေသာ္လည္း ပရီးမီးယားလိပ္ ဖလားကို ခ်က္ခ်င္းခ်ိန္းေျခာက္ႏိုင္မယ့္ အသင္းအျဖစ္ အာဆင္နယ္ အသင္း အခ်ိန္တစ္ခုကို ျဖတ္ေက်ာ္ရဖိုု ့ရိွေနပါတယ္။

(Unicode)

လာမယ့်ပရီးမီးယားလိပ်ရာသီမှာ အသင်းကြီး ၆သင်းထဲမှ မန်စီးတီးအသင်းကို ဘယ်အသင်းက ဒုက္ခ အပေးနိုင်ဆုံးဖြစ်လာမှာလဲ?

ပရီးမီးယားလိပ်ဖလားကို နှစ်စဉ်ဆက်တိုက်ရရှိဖို ့ဆိုတာ တော်တော်လေးခက်ခဲပါတယ်။ဒါပင်မယ့်လည်း မန်စီးတီး ရဲ့ လူစာရင်းကို လေ့လာကြည့်မယ်ဆိုရင်တော့ဖြင့် ထွန်းတောက်နေတဲ့ မျိုးဆက်တစ်ခုဖြစ်တဲ့ ဒီဘရိုင်း၊ဆေးလ်ဗား နဲ့ အဂူရို၊ မာရက်ဇ် ရောက်ရှိလာမှုများ၊ လူငယ်ကစားသမား ဆာနေးရဲ့ တိုးတက်ထွန်းတောက်လာမှု နဲ့ အသင်းကအခြားစူပါစတား များကြောင့် ပရီးမီးယားလိပ်ဖလား ကို ၂ နှစ်ဆက်ရယူနိုင်တဲ့အင်အား ပတ်ဂွာဒီယိုလာရဲ ့အသင်းမှာ ရှိနေပါတယ်။

မန်စီးတီး အသင်းဟာ မနှစ်ရာသီ က ပရီးမီးယားလိပ်မှာ ရမှတ်၁၀၀ ဖြင့် ဒုတိယနေရာက ယူနိုက်တက် ကို ၁၉ မှတ်ထိ ဖြတ်ကာ ဗိုလ်စွဲခဲ့ပါတယ်။ ဆိုလိုတာက မန်စီးတီး အသင်းဟာ နောက်ထပ် ၆ပွဲ ရှုံးနေတာတောင်မှ ချန်ပီယံ ဖြစ်နိုင်သေးတယ်ဆိုတဲ့ အထိ ပထမနေရာ နဲ့ ဒုတိယ အသင်း တို ့ရဲ့ ကွာခြားမှုဟာ တော်တော်လေး ကြီးမားနေပါတယ်။

ဟုတ်ပြီ။ဒါဆိုရင်ရော မန်စီးတီး ရဲ ့လူစာရင်းကို ယှဉ်နိုင်တဲ့ ကျန်တဲ့ ပရီးမီးယားလိပ်အသင်းတွေ ရောရှိသေးရဲ ့လား မေးခွန်းထုတ်နိုင်ပါတယ်။ မှန်ပါတယ်။ မန်စီးတီး ရဲ့ တောင့်တင်းလှတဲ့ လူစာရင်းကို အနီးကပ်ဆုံး ယှဉ်ပြိုင်နိုင်တဲ့ အသင်းကြီး ၅သင်းသာ ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး နဲ့ စပါးတို ့ပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်

မော်ရင်ဟို သာ ပြင်သစ် အသင်းနဲ့ ကမ္ဘာ ့ဖလားဆုရ ပေါ့ဘာရဲ့ ခြေစွမ်းကို အသင်းရဲ့ နေရာတစ်နေရာမှာ မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင်တော့ ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ ပရီးမီးယားလိပ်မှာဆရာတစ်ဆူဖြစ်လာနိုင်ပါတယ်။တောင်ပံကစားသမား ဆန်းချက်စ် ဟာ အသင်းဟောင်း အာဆင်နယ်အသင်းက ခြေစွမ်းကို ပြန်လည် အသက်သွင်းလာမယ်ဆိုရင်တော့ ပေါ့ဘာနဲ့ ပိုမို အတွဲဖက်ညီစွာ ကစားနိုင်လာပါလိမ့်မယ်။ဒါ့အပြင် ကွင်းလယ်လူသစ် ဖရဒ် ရဲ့ အတိုးအလှုပ် မြန်နှုန်းမြင့်ပြေးအားများ က တန်ပြန်တိုက်စစ်ပုံဖော်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

ဒါပင်မယ့် အသင်းမှာ ပါရမီရှင်ကစားသမားတွေ ဖြစ်ကြတဲ့ လူကာကူ၊ ရပ်ဖို ့ဒ် နဲ့ လင်ဂတ်တို ့ဟာ အခြားအသင်းက ကစားသမားတွေ ဖြစ်တဲ့ မန်စီးတီး က ဒီဘရိုင်း၊ ချဲလ်ဆီး အသင်းက အင်ဒီဟာဇက်လောက်တော့ ပွဲအပေါ်မှာ သိပ်ထိရောက်မှုမရှိပါဘူး။

အမှန်တိုင်းထောက်ပြပြောဆိုရရင် ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး လူကာကူ ဟာ သက်ကြီးကစားသမားဟောင်းကြီး အီဗရာမိုဗစ်လောက်တောင်ပွဲအဖြေကို သိပ်မပြောင်းလဲပေးနိုင်ပါဘူး။

ဒါကြောင့် မော်ရင်ဟိုဟာ ပွဲအဖြေကို ထိထိရောက်ရောက်ပြောင်းလဲနိုင်တဲ့ အတွေ ့အကြုံ ရှိ ပါရမီရှင်ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို ့လိုအပ်နေပါတယ်။

ဒါ့အပြင် မော်ရင်ဟိုဟာအသင်းတိုင်းလိုလို  မှာ တတိယ ရာသီရောက်လာခဲ့ရင် ဆိုးရွားမှုတွေ များစွာနဲ့ ကြုံတွေ ့ရတဲ့ အစဉ်အလာဆိုးရှိသော်လည်း ယူနိုက်တက်အနေနဲ့ တော့ ဆိုးရွားတဲ့ ရာသီတစ်ခုဖြစ်လာလိမ့်မည်မဟုတ်ပါဘူး။

သို ့ပင်မယ့် မော်ရင်ဟိုသာ ခေါင်းမာပြီး အသင်းကစားဟန် ကို ပြုပြင်မပြောင်းလဲသေးဘူးဆိုရင်တော့ ပရီးမီးယားလိပ် ချန်ပီယံဆုကို ဒီရာသီလည်း ရရှိလိမ့်မှာ မဟုတ်ပါဘူး။


လီဗာပူး

လီဗာပူးကစားသစ်တွေ ဖြစ်တဲ့ ဖာဘင်ဟို ဟာ ကွင်းလယ်ခံစစ်နေရာသာမက လိုအပ်ရင် ညာနောက်ခံလူနေရာပါ ဝင်ရောက်ကစားနိုင်ပါတယ်။ ကွင်းလယ်ကစားသမား သစ် ကီတာ ဟာလည်း လီဗာပူးမှာ ပိုမို အထိုင်ကျလာခဲ့ပါပြီ။

အရံနေရမှာလည်း ကွင်းလယ်လူရှာကွီရီ က အသင်းကို ကောင်းကောင်းပံ့ပိုးပေးနိုင်ပါတယ်။လီဗာပူး အသင်းဟာ ပရီးမီးယားလိပ်ဖလား ကို နာမည်ပြောင်း ခေါ်ဝေါခဲ့ပြီးနောက်ပိုင်း ဗိုလ်မစွဲနိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဆိုတာလည်း သတိပြုသင့်ပါတယ်။

ဒါပင်မယ့် သူတို ့အသင်းဟာ ပြည်တွင်းလိပ်ဖလား( ယခု ပရီးမီယားလိပ်) ဖလားကို ၁၈ ကြိမ်တိုင်ရယူထားတဲ့ ဒုတိယမြောက်အအောင်မြင်ဆုံးကလပ် ဖြစ်ပါတယ်။

နည်းပြကလော့ ရဲ့ Gengen Pressing ဘောလုံးအတွေး အခေါ်ဟာ လီဗာပူးအသင်းနဲ့ အတော်လေးအလုပ်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ တိုက်စစ်မှာ မာနေး၊ ဆာလာ နဲ့ ဖာမီနို တို ့တိုက်စစ်၃ယောက်အတွဲဟာ မနှစ်ရာသီက ရပ်တန် ့လို ့မရတဲ့ ၃ယောက်တွဲ ကစားသမားတွေဖြစ်ခဲ့ကြပြီး သွင်းဂိုးများစွာ ရယူပေးထားကာ ချန်ပီယံလိပ်ဖိုင်နယ်ကို လည်းတက်ရောက်နိုင်ခဲ့ကြပါတယ်။

ဂိုးသမားနေရာကို ကြည့်မယ်ဆိုရင်လည်း မနှစ်ရာသီက အမှားလုပ်ခဲ့တဲ့ ဂိုးသမား ကားရီးရက်စ်ကို ခေါက်ထားနိုင်ခဲ့ပြီး ရိုးမား ဂိုးသမား အယ်လီဆန်ကို ခေါ်ယူနိုင်ခဲ့ ပြီးဖြစ်တဲ့ အတွက် စိတ်ချလို ့ရနိုင်ပါပြီ။ဒါကြောင့် လီဗာပူးအသင်းဟာ ယူနိုက်တက်ထက် စာရင်တော့ ပရီးမီးယားလိပ်ဖလား ကို ပိုမိုချိန်းခြောက်နိုင်တဲ့ လူစာရင်းရှိနေပါတယ်။

ချဲလ်ဆီး

မန်စီးတီးအသင်းထက် ပိုမို အဆင့်မြင့်တဲ့ ကစားဟန်နဲ့ နောက်ထပ် အသင်းတစ်သင်းပေါ်ထွက်လာနိုင်ချေရှိနေပါတယ်။ ဒါကတော့ နည်းပြသစ်ဆာရီရဲ့ တိုက်စစ်ကစားပေးပုံစံကြောင့် ဖြစ်ပေါ်လာမယ့် ချဲလ်ဆီး အသင်းပါပဲ။

မန်စီးတီး နည်းပြ ပတ်ဂွာဒီယိုလာ ကိုယ်တိုင်က ချီးကျူးလေးစားအားကျရတဲ့ နည်းပြဆာရီဟာ ချဲလ်ဆီး အသင်းရဲ ့ကစားဟန် ကို ဘယ်လို ပိုမို ပြုပြင်ပြောင်းလဲလာမလဲ စိတ်ဝင်စားရာကောင်းနေပါတယ်။

ဒါ့အပြင် ချဲလ်ဆီးရဲ့ ပြီးခဲ့တဲ့ ၄နှစ်အတွင်း နောက်ပြန် ကြည့်မယ် ဆိုရင်တော့ဖြင့် ၁နှစ်ခြားစီ ပရီးမီးယားလိပ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ မနှစ်ရာသီက  အဆင့် ၆ နဲ့ သာ ရာသီသိမ်းခဲ့ရတဲ့ ချဲလ်ဆီး အသင်း ချန်ပီယံလိပ် ပြိုင်ပွဲအတွက် အာရုံစိုက်စရာ မလိုတော့တာကြောင့် ပရီးမီးယား လိပ်ဆုကို တဖန် ပြန်လည်မျှော်မှန်းနိုင်ပါပြီ။

ဆာရီရဲ့ တပည့်ကျော် ကွင်းလယ်လူ သစ် ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီး အသင်းရဲ့ ဂျိုကာ တစ်ခုုဖြစ်လာနိုင်ပါတယ်။ဒါပင်မယ့်လည်း လက်ရှိပရီးမီးယားလိပ်ရဲ့ အကောင်းဆုံးကစားသမား တစ်ဦးလို ့ဆိုနိုင်တဲ့ ဟာဇက်ကို အသင်းမှာ ဆက်ထိန်းထားမယ်ဆိုရင်တော့ ချဲလ်ဆီး ရဲ့ လူစာရင်းဟာ ဆက်လက်အင်အားတောင့်တင်းနေမှာ အမှန်ပါပဲ။

ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ကန်တီ၊ ဖာဘရီဂတ်စ်၊ ဂျော်ဂျင်ဟို၊ နောက်ခံလူတွေ ဖြစ်တဲ့ အလွန်ဆို၊ အက်စပတ်ကျူတာ၊ရူဒီဂါနဲ့ ခရစ်စတိန်း တို ့ဟာ နည်းပြဆာရီ အတွက် မန်စီးတီး လူစာရင်း ကိုယှဉ်နိုင်ဖို ့ပုံမှန်ထုတ်သုံးနိုင်တဲ့ ကစားသမားတွေ ဖြစ်လို ့နေပါတယ်။

ဒါ့အပြင် ကွင်းလယ်လူတွေဖြစ်တဲ့ ဘာကလေ နဲ့ လော့ဖ်တက်ချိစ် တို့ဟာ တိုက်စစ်ဦးစားပေးကွင်းလယ်လူတွေ ဖြစ်တာကြောင့် အကယ်၍ ချဲလ်ဆီး အသင်းသာ အသင်းရဲ့ အိုင်ကွန် ကစားသမားတစ်ချို ့ကို ဆက်ထိန်းထားမယ်ဆိုရင်တော့ ချဲလ်ဆီး အသင်းဟာ လည်း မန်စီးတီးနဲ့ အပြိုင် ပရီးမီးယားလိပ်ဖလား ကိုစိန်ခေါ်နိုင်ပါတယ်။

တော့တင်ဟမ်ဟော့စပါး

ကလပ်ကွင်းသစ် တည်ဆောက်နေမှု က စပါးအသင်းကို အပြောင်းအရွှေ ့မှာ မလှုပ်ရှား နိုင်အောင် ချည်တုပ်လိုက်သလို ဖြစ်နေပါတယ်။ မနှစ်ရာသီက တတိယနေရာရခဲ့သော်လည်း ရမှတ် ၇၇ မှတ်သာ ရရှိခဲ့ပါတယ်။

သို ့သော် စပါးအသင်း ဒီအဆင့်ထိ ရပ်တည်နိုင်နေတာဟာ နည်းပြပိုချက်တီနို ရဲ့ ဗျူဟာတွေကြောင့် ဆိုနိုင်ပြီး အသင်း ပထမဦးစားပေးကစားသမားတွေဖြစ်တဲ့ ဟာရီကိန်း၊ အဲရစ်ဆင်၊ ဒယ်လီအယ်လီ တို ့ကြောင့် စပါးဟာ ပရီးမီးယားလိပ်မှာ လူရာဝင်နေတာပဲဖြစ်ပါတယ်။

အရံ လူအင်အား နည်းပါးမှုကြောင့် အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရရှိခဲ့ရင် ရလဒ်ပိုင်း ရုန်းကန်ရတတ်တဲ့ စပါးကို လူဝယ်ခွင့် ပေးလိုက်မယ်ဆိုရင် ပိုပြီး ထူးခြားကောင်းမွန်လာမယ့် အသင်းဖြစ်လာဖွယ်ရှိနေပါတယ်။  

စပါး အသင်းမှာ ပရီးမီးယားလိပ် ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲ ကတစ်ယောက်ဖြစ်တဲ့ အဲရစ်ဆင်နဲ့ လူငယ်ပါရမီရှင် ဒယ်လီအယ်လီ တို ့ဖန်တီးပေးမှုတွေကို အဆုံးသတ်ပေးနိုင်တဲ့ တိုက်စစ်မှူး ဟာရီကိန်း လည်းရှိလိုနေပါတယ်။

အာဆင်နယ်

အာဆင်နယ်အသင်းဟာ အပြောင်းရွှေ ့ကာလမှ တက်ကြွနေပြီး ကောင်းမွန်တဲ့ အပြောင်းအရွှေ ့တွေလုပ်ဆောင်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာ တော်ရီးရားကို ခေါ်ယူအားဖြည့်နိုင်ခဲ့ခြင်း ဂိုးသမားနေရာအတွက် စိတ်ချရတဲ့ ဘာ့ဒ်လီနိုကို ခေါ်ယူခဲ့ခြင်း နောက်ခံလူ အတွက်ကျောက်ဆောင် တစ်ဖွယ် စွမ်းဆောင်နိုင်တဲ့ ဆိုကရက်တီးစ် နဲ့ ဂွမ်ဒိုဇီ ကို ကွင်းလယ်နေရာ အတွက်ပါ ခေါ်ယူခဲ့တာကြောင့်လူစာရင်းဟာ အင့်အားတောင့်တာလာပါတယ်။

သို့သော်လည်း အသင်းတစ်သင်းမှာ နည်းပြ အကူးအပြောင်း ကာလ အတွက် အချိန်တစ်ခုပေးရပါတယ်။ ဥပမာ အနေဖြင့် ယူနိုက်တက်ကို ကြည့်မယ်ဆိုရင် အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားတဲ့နောက်ပိုင်း ပုံမှန်ခြေစွမ်း နဲ့ ကစားဟန်ကို ပြန်ရဖို ့အတော်လေးရုန်းကန်ခဲ့ရပါတယ်။

အာဆင်ဝင်းဂါးထွက်ခွာသွားတဲ့ အာဆင်နယ်ဟာ ယူနိုက်တက်ရဲ့ အခြေအနေ နဲ့ ထပ်တူဖြစ်နေပြီး နည်းပြသစ်အမ်မရီရဲ့ ကစားဟန်ကို အသားကျလာအောင်အချိန်တစ်ခု ပေးရပါမယ်။

ဒါပင်မယ့်လည်း အာဆင်နယ် အသင်းကို Dark Horse(မမျှော်မှန်းပဲ ချန်ပီယံဖြစ်လာမယ့် အသင်း) အဖြစ် သတ်မှတ်ထားနိုင်ပါသေးတယ်။

သို ့သော်လည်း ပရီးမီးယားလိပ် ဖလားကို ချက်ချင်းချိန်းခြောက်နိုင်မယ့် အသင်းအဖြစ် အာဆင်နယ် အသင်း အချိန်တစ်ခုကို ဖြတ်ကျော်ရဖိုု ့ရှိနေပါတယ်။


No comments

Powered by Blogger.