နောက်ဆုံးရဘောလုံးသတင်တိုများ FridayFlavors
ချဲလ်ဆီးကစားသမား အသစ် ဂျော်ဂျင်ဟို က သူ့ ရဲ့ ကစားဟန်က အင်္ဂလန်မှာ မြင်တွေ့ နေကြပုံစံမျိုးတွေ မဟုတ်ကြောင်းနဲ့ သူ ဟာ ဘောလုံးကို များများလက်ခံယူပြီး စုဖွဲ့ ကစားတတ်တဲ့သူမျိုးဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
(Unicode)
လီဗာပူးနည်းပြကြီး ဂျာဂန်ကလော့က နိုင်ငံပွဲစဉ်များတိုးမြှင်လာမှုအပေါ်ဝေဖန် အပြစ်တင်ခဲ့ပါတယ်။ကလော့က ကမ္ဘာ ့ဖလားပြိုင်ပွဲများနဲ့ ပတ်သတ်ပြီး ကစားသမားစေလွှတ်ရတာကို အပြစ်မပြောလို သော်လည်း Nation Cup အတွက် နိုင်ငံပွဲစဉ် တွေထပ်မံတိုးချဲ့ ကျင်းပလာတာကြောင့် သူ ့ရဲ့ ကစားသမားတွေ အနာတရဖြစ်ပြီး အရိုးလိုက်ကောက်ရတော့မယ့် ပုံပေါက်နေပြီလို ့ဝေဖန်သွားပါတယ်။
ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်ကို ခေါ်ယူနိုင်ဖို ့ အသင်းရဲ့ လူငယ်ကစားသမား ဒမ်ဘီလီနဲ့ အလဲအထပ် လုပ်သွားဖွယ်ရှိနေတယ်လို ့သိရပါတယ်။အဆိုပါ ဘယ်လ်ဂျီယံစတားကို ရီးရဲလ်မက်ဒရစ် အသင်းက အသည်းအသန် အလိုရှိနေတာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးကစားသမား အသစ် ဂျော်ဂျင်ဟို က သူ ့ရဲ့ ကစားဟန်က အင်္ဂလန်မှာ မြင်တွေ ့နေကြပုံစံမျိူးတွေ မဟုတ်ကြောင်းနဲ့ သူ ဟာ ဘောလုံးကို များများလက်ခံယူပြီး စုဖွဲ့ ကစားတတ်တဲ့သူမျိုးုဖြစ်တယ်လို ့ပြောကြားသွားပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ အသင်းရဲ့ ကစားသမား ၂ယောက်ဖြစ်တဲ့ ဟီဂွာအင်နဲ့ ရူဂါနီ တို့အတွက်ယူရိုသန်း၉၀ နဲ့ ချဲလ်ဆီး အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး ဟီဂွာအင်အတွက် ယူရို သန်း ၆၀ အနည်းဆုံးတောင်းဆိုနေပြီး ရူဂါနီ အတွက် သန်း ၄၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။
US visa ပြဿနာကြောင့် ယူနိုက်တက်အသင်းနဲ့ အတူ US ခရီးစဉ် ICC ဖလားပြိုင်ပွဲမှာ လိုက်ပါခွင့်မရဘူးလို ့ဆိုထားတဲ့ ဆန်းချက်စ် ဟာ မန်ချက်စတာမှာ နောက်ဆုံးလေ့ကျင့်ခန်းဆင်းပြီးနောက် မကြာမီ အမေရိက ကို လိုက်လာမယ်လို ့အရိပ်အမြွက်ဖော်ပြခဲ့ပါတယ်။
Post a Comment