မန္ယူႏိုက္တက္ဟာ အသင္းတစ္သင္းမျဖစ္ေသးပါဘူး။-ေမာ္ရင္ဟို
မန္ယူႏိုက္တက္အသင္းဟာ ရာသီႀကိဳေျခစြမ္းပြဲ ဒုတိယေျမာက္ပြဲမွာလည္း San Jose Earthquakes အသင္းကို ဂိုးမရွိသေရသာကစားႏိုင္ခဲ့တဲ့အတြက္ ေပၚတူဂီနည္းျပႀကီးဟာ အသင္းအတြက္ ရတက္မေအးျဖစ္ေနပါတယ္။
ရာသီႀကိဳေျခစမ္းပြဲေတြမွာ အႏိုင္ရဖို ့႐ုန္းကန္ေနရတဲ့ မန္ယူႏိုက္တက္အသင္းဟာ San Jose Earthquakes နဲ႔ ပြဲအၿပီးမွာေတာ့ သူ ့အသင္းဟာ အသင္းတစ္သင္းျဖစ္မလာေသးဘူးလို ့ဝန္ခံလိုက္ပါတယ္။
အသင္းရဲ႕ ပထမဦးစားေပးကစားသမားေတြျဖစ္တဲ့ မားကပ္စ္ရပ္ဖို ့ဒ္၊ ေပါလ္ေပါ့ဘာနဲ႔ လူကာကူတို႔ဟာ ကမာၻ ့ဖလားၿပိဳင္ပြဲေၾကာင့္ အသင္းနဲ႔ လာေရာက္မပူးေပါင္ႏိုင္ေသးေသာ္လည္း မာရွယ္၊ ဆန္းခ်က္စ္တို ့ပါဝင္တဲ့ ယူႏိုက္တက္အသင္းအေပၚ နည္းျပေမာ္ရင္ဟို အားမလို အားမရျဖစ္ေနပါတယ္။
ဒါပင္မယ့္ နည္းျပေမာ္ရင္ဟို က သူ ့အသင္းရဲ႕ေျခစြမ္းအေပၚစိတ္မပ်က္ပဲ သူ ့အသင္းဟာ တစ္ဖြဲ႕တည္းသားေတြနဲ႔ ဖြဲ႕စည္းထားတာမဟုတ္ပဲ အသင္းရဲ႕ အျခားအုပ္စုက ကစားသမားေတြနဲ႔ ကန္ေနတာလို ့ေျပာၾကားခဲ့ပါတယ္။
" ကၽြန္ေတာ္တို ့ဟာ တစ္ဖြဲ႕ ထဲသားေတြမဟုတ္ေသးပါဘူး။ အျခားအသင္းက ကစားသမားေတြနဲ႔ ဒီမွာလာကန္ေနတာပါ။တစ္ခ်ိဳ ့ဆို U23 အသင္းက ကစားသမားေတြရယ္၊တစ္ခ်ိဳ ့ဆို အငွားကေနျပန္လာတဲ့ ကစားသမားေတြရယ္၊ U 18 ကေကာင္ေလးေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တို ့အရင္က အေကာင္းဆံုးလုပ္ျပခဲ့သလိုမ်ိဳးပိုေကာင္းေအာင္ကန္ႏိုင္တဲ့ အသင္း ကၽြန္ေတာ္တို ့ဆီမွာ မရွိပါဘူး။ဒါဟာ ေလ့က်င့္ခန္းအစီအစဥ္တစ္ခုပါပဲ။" လို ့MUTV ကို ေျပာၾကားခဲ့ပါတယ္။
ပြဲအစအေစာပိုင္းမွာ ဒဏ္ရာရသြားတဲ့ ေနာက္ခံလူ ဗလန္စီယာနဲ႔ ပတ္သတ္ၿပီး
" သူဒဏ္ရာရေနပါတယ္။ ကၽြန္ေတာ္တို ့အဲ့ဒါနဲ႔ ပတ္သတ္ၿပီး က်င့္သားရဖို ့လိုပါတယ္။"
" မႏွစ္ရာသီကလည္း ဗလန္စီယာ ဟာ ဒီလို အေျခအေနမ်ိဳး ရွိဖူးပါတယ္။ဒီရာသီ သူ ့အတြက္ ပိုၿပီး ဒဏ္ရာေတြရႏိုင္ပါတယ္။"
ယူႏိုက္တက္ အသင္းနဲ႔ ရာသီႀကိဳေျခစမ္းပြဲမွာ ပထမဆံုး ပြဲထြက္ကစားႏိုင္ခဲ့တဲ့ ဆန္းခ်က္စ္ ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သတ္ၿပီး နည္းျပေမာ္ရင္ဟို အားရေက်နပ္ေနပါတယ္။
" ဆန္းခ်က္စ္ အတြက္ေကာင္းပါတယ္။သီးျခားေလ့က်င့္ခန္း အစီအစဥ္ေတြ သူလုပ္ၿပီးမွာ အသင္းအတြက္ ပထမဆံုးဝင္ကန္ရတာပါ။သူဒါကို လိုအပ္ပါတယ္။ သူ ့ရဲ႕ အားထုတ္မႈဟာ အရမ္းေကာင္းၿပီး သူ ့ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာၾကံ ့ခိုင္မႈဟာ ဒီအခ်ိန္မွာ သူ ့အတြက္ လိုအပ္ေနပါတယ္။"
ဗလန္စီယာအသင္းမွာ အငွားကစားေနရာကေန ျပန္ေရာက္လာတဲ့ အန္ဒါပါရဲရား နဲ႔ ပတ္သတ္ၿပီး
" အန္ဒါက ေတာ္ေတာ္ေလး ေကာင္းေကာင္းကစားျပေနပါတယ္။ပထမပြဲေရာ အခုပြဲေရာ သူေတာ္ေတာ္ေလး ေကာင္းေကာင္းကစားႏိုင္ပါတယ္။ဒီေန ့လည္း အတူတူပါပဲ။သူ လုပ္ျပႏိုင္တာထက္ ပိုၿပီး႐ိုး႐ိုးရွင္းရွင္းေတာင္ကစားႏိုင္တယ္လို ့ကၽြန္ေတာ္ျမင္ပါတယ္။သူဟာ ေဘာလံုးကို လိုလိုလားလားနဲ႔ လက္ခံကစားလိုၿပီး စုဖြဲ႕ ကစားတတ္ပါတယ္။ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္" လို ့ေျပာၾကားသြားပါတယ္။
(Unicode)
မန်ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစွမ်းပွဲ ဒုတိယမြောက်ပွဲမှာလည်း San Jose Earthquakes အသင်းကို ဂိုးမရှိသရေသာကစားနိုင်ခဲ့တဲ့အတွက် ပေါ်တူဂီနည်းပြကြီးဟာ အသင်းအတွက် ရတက်မအေးဖြစ်နေပါတယ်။
ရာသီကြိုခြေစမ်းပွဲတွေမှာ အနိုင်ရဖို ့ရုန်းကန်နေရတဲ့ မန်ယူနိုက်တက်အသင်းဟာ San Jose Earthquakes နဲ့ ပွဲအပြီးမှာတော့ သူ ့အသင်းဟာ အသင်းတစ်သင်းဖြစ်မလာသေးဘူးလို ့ဝန်ခံလိုက်ပါတယ်။
အသင်းရဲ့ ပထမဦးစားပေးကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရပ်ဖို ့ဒ်၊ ပေါလ်ပေါ့ဘာနဲ့ လူကာကူတို့ဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲကြောင့် အသင်းနဲ့ လာရောက်မပူးပေါင်နိုင်သေးသော်လည်း မာရှယ်၊ ဆန်းချက်စ်တို ့ပါဝင်တဲ့ ယူနိုက်တက်အသင်းအပေါ် နည်းပြမော်ရင်ဟို အားမလို အားမရဖြစ်နေပါတယ်။
ဒါပင်မယ့် နည်းပြမော်ရင်ဟို က သူ ့အသင်းရဲ့ခြေစွမ်းအပေါ်စိတ်မပျက်ပဲ သူ ့အသင်းဟာ တစ်ဖွဲ့တည်းသားတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပဲ အသင်းရဲ့ အခြားအုပ်စုက ကစားသမားတွေနဲ့ ကန်နေတာလို ့ပြောကြားခဲ့ပါတယ်။
" ကျွန်တော်တို ့ဟာ တစ်ဖွဲ့ ထဲသားတွေမဟုတ်သေးပါဘူး။ အခြားအသင်းက ကစားသမားတွေနဲ့ ဒီမှာလာကန်နေတာပါ။တစ်ချို ့ဆို U23 အသင်းက ကစားသမားတွေရယ်၊တစ်ချို ့ဆို အငှားကနေပြန်လာတဲ့ ကစားသမားတွေရယ်၊ U 18 ကကောင်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို ့အရင်က အကောင်းဆုံးလုပ်ပြခဲ့သလိုမျိုးပိုကောင်းအောင်ကန်နိုင်တဲ့ အသင်း ကျွန်တော်တို ့ဆီမှာ မရှိပါဘူး။ဒါဟာ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုပါပဲ။" လို ့MUTV ကို ပြောကြားခဲ့ပါတယ်။
ပွဲအစအစောပိုင်းမှာ ဒဏ်ရာရသွားတဲ့ နောက်ခံလူ ဗလန်စီယာနဲ့ ပတ်သတ်ပြီး
" သူဒဏ်ရာရနေပါတယ်။ ကျွန်တော်တို ့အဲ့ဒါနဲ့ ပတ်သတ်ပြီး ကျင့်သားရဖို ့လိုပါတယ်။"
" မနှစ်ရာသီကလည်း ဗလန်စီယာ ဟာ ဒီလို အခြေအနေမျိုး ရှိဖူးပါတယ်။ဒီရာသီ သူ ့အတွက် ပိုပြီး ဒဏ်ရာတွေရနိုင်ပါတယ်။"
ယူနိုက်တက် အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံး ပွဲထွက်ကစားနိုင်ခဲ့တဲ့ ဆန်းချက်စ် ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး နည်းပြမော်ရင်ဟို အားရကျေနပ်နေပါတယ်။
" ဆန်းချက်စ် အတွက်ကောင်းပါတယ်။သီးခြားလေ့ကျင့်ခန်း အစီအစဉ်တွေ သူလုပ်ပြီးမှာ အသင်းအတွက် ပထမဆုံးဝင်ကန်ရတာပါ။သူဒါကို လိုအပ်ပါတယ်။ သူ ့ရဲ့ အားထုတ်မှုဟာ အရမ်းကောင်းပြီး သူ ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ ့ခိုင်မှုဟာ ဒီအချိန်မှာ သူ ့အတွက် လိုအပ်နေပါတယ်။"
ဗလန်စီယာအသင်းမှာ အငှားကစားနေရာကနေ ပြန်ရောက်လာတဲ့ အန်ဒါပါရဲရား နဲ့ ပတ်သတ်ပြီး
" အန်ဒါက တော်တော်လေး ကောင်းကောင်းကစားပြနေပါတယ်။ပထမပွဲရော အခုပွဲရော သူတော်တော်လေး ကောင်းကောင်းကစားနိုင်ပါတယ်။ဒီနေ ့လည်း အတူတူပါပဲ။သူ လုပ်ပြနိုင်တာထက် ပိုပြီးရိုးရိုးရှင်းရှင်းတောင်ကစားနိုင်တယ်လို ့ကျွန်တော်မြင်ပါတယ်။သူဟာ ဘောလုံးကို လိုလိုလားလားနဲ့ လက်ခံကစားလိုပြီး စုဖွဲ့ ကစားတတ်ပါတယ်။ကျွန်တော်အရမ်းပျော်ပါတယ်" လို ့ပြောကြားသွားပါတယ်။
Post a Comment