Chelsea fans are planning an tribute to Abramovich to mark his 15 years of owning the club
အသင္းပိုင္ရွင္ေအဗရာမိုဗစ္အတြက္ အသိအမွတ္ဂုဏ္ျပဳပြဲလုပ္ဖို ့စီစဥ္ေနတဲ့ ခ်ဲလ္ဆီးပရိတ္သတ္မ်ား
႐ုရွား ဘီလီယံနာ ေအဗရာမိုဗစ္ဟာ ခ်ဲလ္ဆီး အသင္း ဝယ္ယူ ရင္းနွီးျမႇပ္နံွခဲ့တာဟာ ၂၀၁၈ ခုႏွစ္အေရာက္မွာ ေတာ့ ၁၅ ႏွစ္ျပည့္ေျမာက္ေတာ့မွာပဲျဖစ္ပါတယ္။
အျပာေရာင္ ပရိတ္သတ္ေတြဟာ အသင္းပိုင္ရွင္ ေအဗရာမို ဗစ္ကို ေက်းဇူးတင္တဲ့အေနျဖင့္ ခ်ီးက်ဴးဂုဏ္ျပဳပြဲ တစ္ခုလုပ္ေဆာင္သြားဖို ့ရွိေနတယ္လို ့သိရပါတယ္။
WearetheShed အဖြဲ႕ ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္ကေတာ့
" ဒီႏွစ္ရာသီဟာ ႐ိုမန္ေအဗရာမိုဗစ္ ရဲ႕ ကၽြန္ေတာ္တို ့အသင္းကို ပိုင္ဆိုင္ခဲ့တာ ၁၅ ႏွစ္ျပည့္ေျမာက္ခဲ့တာပဲျဖစ္ပါတယ္။ သူဟာ အသင္းမွာ အၾကာႀကီး ရွိေနခဲ့တဲ့ အတြက္အမွတ္တရ အျဖစ္ အိမ္ကြင္းအဖြင့္ပြဲ အာဆင္နယ္အသင္းနဲ႔ ပြဲမွာ ကၽြန္ေတာ္တို ့ရဲ႕ အသိအမွတ္ျပဳမႈကိုေငြေၾကးအကုန္က်ခံၿပီး လုပ္ေဆာင္ေပးသြားမယ္" လို ့သိရပါတယ္။
" အခ်ိန္ေတြ၊ ေငြေၾကးေတြ၊ နဲ႔ ရည္မွန္းခ်က္ေတြနဲ႔ အတူ အသင္းအတြက္ သူဟာရင္းနွီးျမႇပ္နံွေပးခဲ့ၿပီး ဥေရာပမွာ အေအာင္ျမင္ဆံုးအသင္း တစ္သင္း ျဖစ္လာေစခဲ့ပါတယ္။သူသာ မရွိရင္ ခ်ဲလ္ဆီးအသင္းဟာ ဒီေန ့လို အေျခအေနမ်ိဳး ျဖစ္လာစရာအေၾကာင္းမရွိပါဘူး"
"ရာသီအစဟာ ႐ိုမန္အတြက္ အရာအားလံုးကို ဂုဏ္ျပဳေက်းဇူးတင္ဖို ့အတြက္ အခ်ိန္ေကာင္းပါပဲ။ဒီရာသီမွာ အသင္းကေန ထြက္ခြာေတာ့မယ္လို ့ေကာလဟလေတြ ၿပီးဆံုးခဲ့ၿပီးေနာက္ ကၽြန္ေတာ္တို ့အေနနဲ႔ သူ ့အေပၚ လိုလားမႈ နဲ႔ အားေပးေထာက္ခံမႈေတြ ျပဳလုပ္သြားမွာပါ။"
" ဒီပြဲမွာ သူ ့ရဲ႕ အသင္းေပၚ ထားရွိတဲ့ ရည္မွန္းခ်က္ေတြနဲ႔ သူပိုင္ဆိုင္စဥ္ရရွိတဲ့ ဆုဖလား အရည္အတြက္ကို ရည္ၫႊန္းေဖာ္ျပေပးသြားမွာပါ"
" ကၽြန္ေတာ္တို ့ဟာ ပြဲၾကည့္စင္ေပၚမွာ အုပ္စုလိုက္အေနနဲ႔ ဒါကိုေဖာ္ျပေပးမွာပါ။" လို ့ဆိုသြားပါတယ္။
ေဘလ္ဝိုက္မိုးက " ကၽြန္ေတာ္တို ့ရဲ႕ အေကာင္းဆံုး အသင္းပိုင္ရွင္တစ္ေယာက္ " လို ့ဆိုခဲ့ၿပီး
ဟယ္ရီ ဘြန္း က" ကၽြန္ေတာ္ တို ့အသင္း ဘယ္ေလာက္ထိ ခရီးေရာက္ေနၿပီလဲ ၾကည့္ၾကပါဦးဂေက်းဇူးပါ ႐ိုမန္ေရ" လို ့ဆိုသြားပါတယ္။
(Unicode)
အသင်းပိုင်ရှင်အေဗရာမိုဗစ်အတွက် အသိအမှတ်ဂုဏ်ပြုပွဲလုပ်ဖို ့စီစဉ်နေတဲ့ ချဲလ်ဆီးပရိတ်သတ်များ
ရုရှား ဘီလီယံနာ အေဗရာမိုဗစ်ဟာ ချဲလ်ဆီး အသင်း ဝယ်ယူ ရင်းနှီးမြှပ်နှံခဲ့တာဟာ ၂၀၁၈ ခုနှစ်အရောက်မှာ တော့ ၁၅ နှစ်ပြည့်မြောက်တော့မှာပဲဖြစ်ပါတယ်။
အပြာရောင် ပရိတ်သတ်တွေဟာ အသင်းပိုင်ရှင် အေဗရာမို ဗစ်ကို ကျေးဇူးတင်တဲ့အနေဖြင့် ချီးကျူးဂုဏ်ပြုပွဲ တစ်ခုလုပ်ဆောင်သွားဖို ့ရှိနေတယ်လို ့သိရပါတယ်။
WearetheShed အဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့
" ဒီနှစ်ရာသီဟာ ရိုမန်အေဗရာမိုဗစ် ရဲ့ ကျွန်တော်တို ့အသင်းကို ပိုင်ဆိုင်ခဲ့တာ ၁၅ နှစ်ပြည့်မြောက်ခဲ့တာပဲဖြစ်ပါတယ်။ သူဟာ အသင်းမှာ အကြာကြီး ရှိနေခဲ့တဲ့ အတွက်အမှတ်တရ အဖြစ် အိမ်ကွင်းအဖွင့်ပွဲ အာဆင်နယ်အသင်းနဲ့ ပွဲမှာ ကျွန်တော်တို ့ရဲ့ အသိအမှတ်ပြုမှုကိုငွေကြေးအကုန်ကျခံပြီး လုပ်ဆောင်ပေးသွားမယ်" လို ့သိရပါတယ်။
" အချိန်တွေ၊ ငွေကြေးတွေ၊ နဲ့ ရည်မှန်းချက်တွေနဲ့ အတူ အသင်းအတွက် သူဟာရင်းနှီးမြှပ်နှံပေးခဲ့ပြီး ဥရောပမှာ အအောင်မြင်ဆုံးအသင်း တစ်သင်း ဖြစ်လာစေခဲ့ပါတယ်။သူသာ မရှိရင် ချဲလ်ဆီးအသင်းဟာ ဒီနေ ့လို အခြေအနေမျိုး ဖြစ်လာစရာအကြောင်းမရှိပါဘူး"
"ရာသီအစဟာ ရိုမန်အတွက် အရာအားလုံးကို ဂုဏ်ပြုကျေးဇူးတင်ဖို ့အတွက် အချိန်ကောင်းပါပဲ။ဒီရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို ့ကောလဟလတွေ ပြီးဆုံးခဲ့ပြီးနောက် ကျွန်တော်တို ့အနေနဲ့ သူ ့အပေါ် လိုလားမှု နဲ့ အားပေးထောက်ခံမှုတွေ ပြုလုပ်သွားမှာပါ။"
" ဒီပွဲမှာ သူ ့ရဲ့ အသင်းပေါ် ထားရှိတဲ့ ရည်မှန်းချက်တွေနဲ့ သူပိုင်ဆိုင်စဉ်ရရှိတဲ့ ဆုဖလား အရည်အတွက်ကို ရည်ညွှန်းဖော်ပြပေးသွားမှာပါ"
" ကျွန်တော်တို ့ဟာ ပွဲကြည့်စင်ပေါ်မှာ အုပ်စုလိုက်အနေနဲ့ ဒါကိုဖော်ပြပေးမှာပါ။" လို ့ဆိုသွားပါတယ်။
ဘေလ်ဝိုက်မိုးက " ကျွန်တော်တို ့ရဲ့ အကောင်းဆုံး အသင်းပိုင်ရှင်တစ်ယောက် " လို ့ဆိုခဲ့ပြီး
ဟယ်ရီ ဘွန်း က" ကျွန်တော် တို ့အသင်း ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ ကြည့်ကြပါဦးဂကျေးဇူးပါ ရိုမန်ရေ" လို ့ဆိုသွားပါတယ်။
Post a Comment