နောက်ဆုံးရ တနင်္လာနေ့ ညနေခင်းသတင်းတိုများ
(Unicode)
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အသက်၁၉ နှစ်အရွယ် အမေရိကန်ကစားသမား ခရစ်စတိန်း ပူလီဆစ်ကို ခေါ်ယူဖို ့ဘိုင်ယန် ၊ချဲလ်ဆီး တို ့နဲ့ အပြိုင်ကြိုးစားလာပြီဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အသင်းနောက်ခံလူနေရာအတွက် အက်တလက်တီကို မက်ဒရစ်နောက်ခံလူ စတီဖန်ဆာဗစ်ကို ခေါ်ယူဖို ့စဉ်းစားနေကြောင်းသိရပါတယ်။
ပြင်သစ် လူငယ်ကစားသမား အမ်ဘာပေးဟာ ပြင်သစ် အသင်းနဲ့ ကမ္ဘာ ့ဖလားပြိုင်ပွဲ ရဲ့ ဗိုလ်လုပွဲမှာ ရော၊ ဆီမီးဖိုင်နယ်မှာပါ ဒဏ်ရာရရှိနေလျက်သား နဲ့ ပါဝင်ကစားခဲ့ရတယ်လို ့ ပြင်သစ် မီဒီယာ L'Equipe က ဖုံးကွယ်ထားတဲ့ လျို ့ဝှက်ချက်ကို ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အာဂျင်တီနား ကလပ် Almagro အသင်းမှာ ကစားနေတဲ့ အသက် ၂၅ နှစ်အရွယ်အာဂျင်တိုင်း ဂိုးသမား Facundo Espindola ဟာ ဘားကအပြန် လမ်းတစ်နေရာမှာ လူ၂ယောက်နဲ့ ရန်ဖြစ်ထိုးသတ်ခဲ့ပြီး Facundo Espindola ဟာ ယနေ ့မနက်ပိုုင်းအစောပိုုင်းမှာလည်ပင်း ဓားခုတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့တယ်လို ့သိရပါတယ်။လူသတ်မှုကျူးလွန်ခဲ့ကြတဲ့ San Telmo ကစားသမား Nahuel Oviedo နဲ့ အခြားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို ့သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ သူတို ့အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ရူဂါနီ ကို ယူရို သန်း ၅၀ ရမှ ရောင်းချမယ်လို ့ချဲလ်ဆီးအသင်းကို သတိပေးလိုက်ပြီပဲဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ကာလရှည်ပစ်မှတ်ကစားသမားဖြစ်တဲ့ လိုင်ယွန်ကွင်းလယ်လူ ဖယ်ကီရာကို အသင်းက ဒီရာသီမှာ အလိုရှိနေတုန်းဖြစ်ပြီး သူဟာ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို ့လိုင်ယွန် ဥက္ကဋ္ဌ အောလက်စ် ကပြောကြားသွားပါတယ်။
အက်တလက်တီကို နည်းပြ ဆီမြွန်နီက သူတို ့အသင်းဟာ ကစားသမားတစ်ယောက်အပေါ် ပေါင်း သန်း ၁၅၀၊ ၂၀၀ နီးပါးပေးပြီး မခေါ်နိုင်ကြောင်း နဲ့ ပွဲအတွက် ဖန်တီးမှုစွမ်းရည်ကောင်းတဲ့ ကစားသမားတွေပဲလိုအပ်တယ်လို ့ပြောကြားလိုက်ပါတယ်။
Post a Comment