Header Ads
နောက်ဆုံးရအပြောင်းအရွှေ့ သတင်းတိုများ စုစည်းမှု
(Unicode)
ချဲလ်ဆီးအသင်းရဲ့ကစားသမားဟောင်းကြီးပီဇာရို  ဟာ သူရဲမူလအသင်းဟောင်းဝါဒါဘရီမင်အသင်းကိုလေးကြိမ်မြောက်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ချဲလ်ဆီးအသင်းရဲ့ကစားသမားဟောင်း ပီဇာရို  ဟာ ကိုလုံးအသင်းနှင့်လမ်းခွဲပြီး ဝါဒါဘရီမင်အသင်းနှင့် ၁နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။အသက် ၃၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီဇာရိုဟာ သူရဲ့ ကစားသမားဘဝကို ဘွန်ဒက်လီဂါမှာပဲ ကုန်ဆုံးချင်တာကြောင့်ဝါဒါဘရီမင်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
Pjanicကိုခေါ်ယူတော့မည်ချဲလ်ဆီး
အီတလီမှလာသောသတင်းများအရ Miralem Pjanicဟာချဲလ်ဆီးအသင်းကိုပြောင်းရွေ့ဖို့အတွက်ဝိုင်းဝန်းတိုက်တွန်း
နေကြသလို ချဲလ်ဆီးအသင်းကလည်းခေါ်ယူချင်နေပါတယ်။ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်ကစားသမားနှစ်ဦးဖြစ်တဲ့ Daniele Rugani နှင့် Gonzalo Higuain တို့ကိုခေါ်ယူရန်စီစဉ်နေပြီးယခုအခါမှတော့ပစ်မှတ်အသစ်ထဲမှာသူတို့ရဲ့အသင်းဖော် Pjanic ပါ ပါဝင်လာပြီဖြစ်ပါတယ်။Calcio Mercatoရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာခေါ်ယူရန်နီးကပ်လာနေပြီဖြစ်ပါတယ်။သို့သော်လည်းပဲ ဘော့စ်နီးယားသားကတော့ ဂျူဗင်မှာဆက်ရှိနေကြောင်းသတင်းရှိပါသည်။
ဆွမ်ဆီးအသင်းဟာ မန်စီးတီးအသင်းလူငယ်ကစားသမားLukas Nmecha.ကို အငှါးခေါ်ယူရန်မျက်စိကျနေပါတယ်။ဒီလူငယ်ခြေတက်ကစားသမားလေးဟာ ဘိုင်ယန်အသင်းကိုအနိုင်ရရှိခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ ဂိုးသွင်းယူခဲ့ပါတယ်။သို့သော်မန်စီးတီးအသင်းကသူကို ဘလက်ဘန်းအသင်းကို အငှါးချဖို့စီစဉ်နေပါတယ်။အပြောင်းအရွေ့ဘယ်လိုဆက်ဖြစ်မလဲတိတိကျကျမသိရသေးပါဘူး။
လက်စတာအသင်းက သူတို့အသင်းရဲ့ကစားသမားHarry Maguire ကို ယူနိုက်တက်အသင်းက ခေါ်ယူမည်ဆိုတဲ့မျှော်လင့်ချက်ကိုမေ့ပစ်လိုက်ဖို့ပြောကြားလိုက်ပါတယ်။အင်္ဂလန်အသင်းရဲ့နောက်ခံလူ Harry Maguireဟာကမ္ဘာ ့ဖလားပြိုင်ပွဲအပြီး မော်ရင်ဟိုအကြိုက်ကစားသမားတစ်ဦးဖြစ်လာပြီး ယူနိုက်တက်အသင်းရဲ့နောက်တန်းကိုအားဖြည့်ရန်အတွက်ခေါ်ယူလိုနေပါတယ်။
သို့သော်လက်စတာအသင်းနည်းပြ Claude Puelက သူတို့ အသင်းရဲ့နောက်ခံလူ Maguire သို့မဟုတ် ဂိုးသမား Kasper Schmeichel နှစ်ဦးစလုံးကို အသင်းကထွက်ခွာစေမည်အစီအစဉ်မှာ မပါဝင်ပါဘူးလို့ ပြောကြားလိုက်ပါတယ်။
"ကျွန်တော်ထင်တယ်။ကျွန်တော်သူတို့ ၂ယောက်စလုံးကို
ထိန်းထားနိင်လိမ့်မည်။ကျွန်တော်သူတို့နှစ်ယောက်ကိုရာသီမစခင် အဆုံးရှုံးမခံနိူင်ပါဘူး။ကျွန်တော်သူတို့နှစ်ယောက်ကိစ္စအတွက် ဆက်လက်ဖြေဖို့မရှိပါဘူး။"
"Kasper နဲ့ Maguireက ကျွန်တော်တို့အတွက်တန်ဖိုးရှိပါတယ်။ပြီးတော့ဒါတွေက အသင်းရဲ့အရေးပါတဲ့ အထိန်းအကွပ်တွေပါ။ကျွန်တော့်တို့အားလုံးနဲ့အသင်းအတွက်အရေးပါတဲ့ကစားသမားတွေပါ"
ဘန်လေအသင်းက စတုတ်စီးတီးအသင်းရဲ့တိုက်စစ်မှူးပီတာခရော့ကို အံသြသင့်ဖွယ်လျိုဝှက်ခေါ်ယူဖို့စီစဉ်နေတယ်ဖြစ်ကြောင်းသတင်းပေါက်ကြားလာပါတယ်။ အသက်၃ရနှစ်အရွယ်ရှိပြီတဲ့ပီတာ ခရော့ ဟာ မနှစ်က စတုတ်စီးတီးအသင်းမှာ အဆင်မပြေမှုတွေနဲ့ကြုံခဲ့ရပြီး ခြေစွမ်းကျဆင်းခဲ့ပါတယ်။သို့သော် The Sun ရဲ့ဖော်ပြချက်အရ ဘန်လေအသင်းနှင့်အတူ ဥရောပ ခရီးစဉ်ကို လိုက်ပါသွားနိုင်လိမ့်မည်လို့ သတင်းရရှိပါတယ်။
No comments
Powered by Blogger.