ကျွန်တော်ရဲ့ အကြီးမားဆုံးရည်မှန်းချက်တွေကတစ်ခုကတော့မော်ရင်ဟိုကို ပြုံးအောင်လုပ်ဖို့ပါ-ဂျာဂန်ကလော့
" ကျွန်တော် မထင်ပါဘူး"
(Unicode)
မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ဂျာဂန်ကလော့ အပြောင်းအရွှေ ့ဆိုင်ရာအတွေးအခေါ် အပေါ် မြန်မြန်ဆန်ဆန်ပြောင်းလဲတတ်အတွက် သူပျော်ရွှင်ရလောက်တဲ့ အထိပြုံမိတဲ့လို ့ဆိုလိုက်တဲ့ အပေါ် နည်းပြဂျာဂန်ကလော့က ပြန်လည် ပြက်လုံးထုတ်ခဲ့ပါတယ်။
နည်းပြမော်ရင်ဟိုက လီဗာပူးအသင်းဟာ အပြောင်းအရွှေ ့အတွက်ငွေကြေးမြောက်မြားစွာသုံးစွဲထားတာကြောင့် ပရီးမီးယားလိပ်ဖလားဆွတ်ခူးသင့်တယ်လို ့ပြောကြားထားတာပဲဖြစ်ပါတယ်။
" ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးရည်မှန်းချက်တွေထဲက တစ်ခုကတော့ မော်ရင်ဟိုကို ပြုံးလာအောင်လုပ်ဖို ့ပါ။ သူ ဟာ ပြုံးတာတော်တော်ရှားပါတယ်။" လို ့ဂျာမန်သားကြီးက နောက်ပြောင်လိုက်ပါတယ်။
" ဒါဟာ Mind game လို ့ကျွန်တော်မထင်ပါဘူး။ဒါဟာ ပုံမှန်ပါပဲ။ တစ်ယောက်မှ ကျွန်တော့်ကို မန်ချက်အကြောင်း လာမမေးဘူးဆိုရင် ကျွန်တော်လည်းပြောကြားမှာမဟုတ်ပါဘူး"
"မော်ရင်ဟို ပြောတာနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ပြဿနာမရှိပါဘူး။ဒါဟာ လွတ်လပ်တဲ့ ကမ္ဘာ ပါ။ သူ အလိုရှိတဲ့အတိုင်း သူပြောနိုင်တာပေါ့။ ကျွန်တော်တို ့ရဲ့ အပြောင်းအရွှေ ့နဲ့ ပတ်သတ်ပြီး သူပျော်နေတယ်ဆိုရင်တော့ ပိုတောင်ကောင်းသေးတာပေါ့ဗျာ"
"ဒါဟာ ဆုဖလားတွေ အလိုအလျောက်ရလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်မှန်း ကျွန်တော်တို ့သိပါတယ်။"
ပရီးမီးယားလိပ်ဖလားဆွတ်ခူးနိုင်လောက်လားဆိုတဲ့ မေးမြန်းမှုအပေါ် ကလော့က
" ကျွန်တော် မထင်ပါဘူး"
"တကယ်လို ့ဖလားမရင်ရင် ကျွန်တော်အထုတ်ခံရမှာလား?? ကျွန်တော်တို ့ကစားတဲ့ ဘောလုံးဒဿန ပေါ်မှာပဲ မူတည်ပါတယ်" လို ့ပြောဆိုသွားပါတယ်။
Post a Comment