႐ိုနယ္ဒိုေရာက္လာလို ့ကၽြန္ေတာ္တို ့အသင္းအေပၚေျမႇာက္ပင့္ေျပာဆိုတာေတြဟာ သိပ္မေကာင္းပါဘူး။- အယ္လီဂရီ
ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီ က ႐ိုနယ္ဒို အသင္းအေပၚေရာက္ရွိလာတဲ့ အေပၚ အႏုတ္လကၡဏေဆာင္တဲ့ စကားေျပာဆိုခဲ့ပါတယ္။
" ဒီႏွစ္ဟာ အျခားႏွစ္ေတြထက္ပိုခက္ခဲပါလိမ့္မယ္"
ICC cup ၿပိဳင္ပြဲမွာ ဘင္ဖီကာပြဲနဲ႔ မတိုင္ခင္ ဂ်ဴဗင္နည္းျပ အယ္လီဂရီက ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္ရဲ႕ စံခ်ိန္တင္အေျပာင္းအေရႊ ့နဲ႔ ပတ္သတ္ၿပီး အခုလို ေျပာၾကားသတိေပးလိုက္ပါတယ္။
" ခရစ္တီယာႏို ႐ိုနယ္ဒိုမွာ ႏိုင္ငံတကာအေတြ ့အၾကံဳ မ်ားစြာရွိပါတယ္။သူ ကၽြန္ေတာ္တို ့ကို လြန္စြာအကူအညီေပးႏိုင္ပါတယ္။ဒါပင္မယ့္ ကၽြန္ေတာ္တို ့သတိထားရပါမယ္။ကၽြန္ေတာ္တို ့ေဘးမွာ အားလံုးက ဝမ္းသားခ်ီးက်ဴးေျမႇာက္ပင့္တာေတြ အမ်ားႀကီးရွိေနပါတယ္။ဒါဟာ မေကာင္းပါဘူး။ဒီႏွစ္ဟာ ကၽြန္ေတာ္တို ့အတြက္ အျခားႏွစ္ေတြထက္ပိုခက္ခဲပါလိမ့္မယ္" လို ့သတိေပးေျပာၾကားလိုက္ပါတယ္။
" ၿပိဳင္ဘက္ေတြဟာ ပိုၿပီး တက္ႂကြ ထက္သန္ေနၾကပါတယ္။ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္တို ့ဟာ ပြဲေပါင္းမ်ားစြာ အႏိုင္ရရွိထားၿပီး အရမ္းေကာင္းတဲ့ ကစားသမားကိုလည္း ပိုင္ဆိုင္ထားလိုက္ရလို႔ပါ။သူတို ့ေတြ ဒါကို လက္ခံပါလိမ္ ့မယ္။ၿပီးေတာ့ ဒါဟာ သူတို ့အတြက္ ပိုၿပီး စိတ္အားကို လံႈ ့ေဆာ္ေပးပါတယ္။ သူအသင္း ကို ေရာက္လာတဲ့ အတြက္ အရမ္းေပ်ာ္ၿပီး ဘယ္ေလာက္စိတ္ဝင္စားစရာေကာင္းေၾကာင္း ႐ိုနယ္ဒိုနဲ႔ အတူ ကၽြန္ေတာ္စကားေျပာခဲ့ပါတယ္။ေဘာလံုးအေၾကာင္းေျပာရေတာ့မယ့္ အခ်ိန္ေရာက္လာပါၿပီ"
႐ိုနယ္ဒို ဟာ ဘင္ဖီကာနဲ႔ ပြဲမွာ ပါဝင္ကစားမွာ မဟုတ္ေသာ္လည္း စီးရီးေအ အဖြင့္ပြဲျဖစ္တဲ့ Chievo နဲ႔ ပြဲမွာ ဝင္ေရာက္ကစားမွာပဲျဖစ္ပါတယ္။
(Unicode)
ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ က ရိုနယ်ဒို အသင်းအပေါ်ရောက်ရှိလာတဲ့ အပေါ် အနုတ်လက္ခဏဆောင်တဲ့ စကားပြောဆိုခဲ့ပါတယ်။
" ဒီနှစ်ဟာ အခြားနှစ်တွေထက်ပိုခက်ခဲပါလိမ့်မယ်"
ICC cup ပြိုင်ပွဲမှာ ဘင်ဖီကာပွဲနဲ့ မတိုင်ခင် ဂျူဗင်နည်းပြ အယ်လီဂရီက ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဂျူဗင်တပ်စ်ရဲ့ စံချိန်တင်အပြောင်းအရွှေ ့နဲ့ ပတ်သတ်ပြီး အခုလို ပြောကြားသတိပေးလိုက်ပါတယ်။
" ခရစ်တီယာနို ရိုနယ်ဒိုမှာ နိုင်ငံတကာအတွေ ့အကြုံ များစွာရှိပါတယ်။သူ ကျွန်တော်တို ့ကို လွန်စွာအကူအညီပေးနိုင်ပါတယ်။ဒါပင်မယ့် ကျွန်တော်တို ့သတိထားရပါမယ်။ကျွန်တော်တို ့ဘေးမှာ အားလုံးက ဝမ်းသားချီးကျူးမြှောက်ပင့်တာတွေ အများကြီးရှိနေပါတယ်။ဒါဟာ မကောင်းပါဘူး။ဒီနှစ်ဟာ ကျွန်တော်တို ့အတွက် အခြားနှစ်တွေထက်ပိုခက်ခဲပါလိမ့်မယ်" လို ့သတိပေးပြောကြားလိုက်ပါတယ်။
" ပြိုင်ဘက်တွေဟာ ပိုပြီး တက်ကြွ ထက်သန်နေကြပါတယ်။ဘာလို ့လဲဆိုတော့ ကျွန်တော်တို ့ဟာ ပွဲပေါင်းများစွာ အနိုင်ရရှိထားပြီး အရမ်းကောင်းတဲ့ ကစားသမားကိုလည်း ပိုင်ဆိုင်ထားလိုက်ရလို့ပါ။သူတို ့တွေ ဒါကို လက်ခံပါလိမ် ့မယ်။ပြီးတော့ ဒါဟာ သူတို ့အတွက် ပိုပြီး စိတ်အားကို လှုံ ့ဆော်ပေးပါတယ်။ သူအသင်း ကို ရောက်လာတဲ့ အတွက် အရမ်းပျော်ပြီး ဘယ်လောက်စိတ်ဝင်စားစရာကောင်းကြောင်း ရိုနယ်ဒိုနဲ့ အတူ ကျွန်တော်စကားပြောခဲ့ပါတယ်။ဘောလုံးအကြောင်းပြောရတော့မယ့် အချိန်ရောက်လာပါပြီ"
ရိုနယ်ဒို ဟာ ဘင်ဖီကာနဲ့ ပွဲမှာ ပါဝင်ကစားမှာ မဟုတ်သော်လည်း စီးရီးအေ အဖွင့်ပွဲဖြစ်တဲ့ Chievo နဲ့ ပွဲမှာ ဝင်ရောက်ကစားမှာပဲဖြစ်ပါတယ်။
Post a Comment