ဘာစီလိုနာအသင္းရဲ႕ ဝီလီယံအေပၚ ကမ္းလွမ္းမႈကို လက္ခံစဥ္းစားဖြယ္ရွိေနတဲ့ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္း ဟာ အသင္းရဲ႕ အသက္၂၉ ႏွစ္အရြယ္ ဘရာဇီးေတာင္ပံကစားသမား ဝီလီယံကို ေပါင္ ၆၅ သန္းျဖင့္ ကမ္းလွမ္းညွိ ့နိႈင္းေနတဲ့ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို လက္ခံစဥ္းစားဖြယ္ရွိေနတယ္လို ့သိရပါတယ္။
အဆိုပါ ဘရာဇီးသား ဟာ ျပည္တြင္းၿပိဳင္ဘက္ မန္ယူႏိုက္တက္ ရဲ႕ ပစ္မွတ္ကစားသမားတစ္ေယာက္ျဖစ္ေနတယ္ဆိုတာကို စတန္းဖို႔ဒ္ဘရစ္ခ်္အသင္းဟာ သိႏွင့္ၿပီးသားလည္းျဖစ္ေနပါတယ္။
အသင္းဒါ႐ိုက္တာMarina Granovskia နဲ႔ ပိုင္ရွင္ေအဗရာမိုဗစ္တို႔ဟာ ၿပီးခဲ့တဲ့အပတ္က နည္းျပသစ္ဆာရီ အတြက္ ျဖစ္ႏိုင္ေခ် လူစာရင္းအဝင္အထြက္မ်ားကို ေဆြးေႏြး အေျဖရွာခဲ့တယ္လို ့သိရပါတယ္။
ယခု တစ္ႀကိမ္ ဘာစီလိုနာရဲ႕ ဝီလီယံအေပၚကမ္းလွမ္းမႈဟာ တတိယအႀကိမ္ေျမာက္ျဖစ္ၿပီး ယူႏိုက္တက္ကမ္းလွမ္းမႈအေပၚ အဓိက ၿပိဳင္ဘက္အသင္းရဲ႕ ၿခိမ္းေျခာက္ႏိုင္တဲ့ ကမ္းလွမ္းမႈလို ့ခ်ဲလ္ဆီး အသင္းက သတ္မွတ္ထားတာေၾကာင့္ အဆိုပါဘရာဇီးသားကို ႏူကမ့္အသင္းက ရရွိဖို ့အခြင့္အေရးပိုသာသြားခဲ့ၿပီပဲျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ နည္းျပဆာရီအတြက္ စိတ္ႀကိဳက္ကစားသမား ရရွိႏိုင္ေစရန္ အေျပာင္းအေရႊ ့ေငြေၾကးပိုထြက္လာဖို ့ ဝီလီယံကိုေရာ၊ ရီးရဲလ္က အလိုရွိေနတဲ့ ဟာဇက္ကို ပါ ေရာင္းခ်ႏိုင္ဖြယ္ရွိေနပါတယ္။
ခ်ဲလ္ဆီးဟာ ဂ်ဴဗင္တပ္စ္အသင္းက တိုက္စစ္မွဴး ဟီဂြာအင္နဲ႔ အတူ အသင္းေဖာ္ကြင္းလယ္လူ႐ူဂါနီ နဲ႔ပါ ေခၚယူႏိုင္ဖို ့ခ်ိတ္ဆက္ေဆြးေႏြးေနပါတယ္။ဒါ့အျပင္ ေနာက္ခံလူ မတ္တီရာကယ္ဒါရာ ကိုပါေခၚယူလိုေနပါေသးတယ္။
ဒါ့အျပင္ CSKA Moscow ကြင္းလယ္လူ ဂလိုဗင္ကို မိုနာကို အသင္းနဲ႔ အၿပိဳင္ေခၚယူရမွာ ျဖစ္ၿပီး မိုနာကို ကလတ္တေလာမွာ ေပါင္ သန္း ၃၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းထားပါတယ္။
လက္စတာစီးတီးအသင္းကေတာ့ ခ်ဲလ္ဆီးေနာက္ခံလူ ဂယ္ရီကာလ္ေဟးလ္ကို ေခၚယူဖို ့ႀကိဳးပမ္းေနပါတယ္။
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဂိုးသမား ေကာ္တိုရစ္ကို ေခၚယူဖို ့အျပင္းအထန္ ႀကိဳးပမ္းေနၿပီး ေကာ္တိုရစ္ေနရာအစားထိုးဖို ့ပီတာဆက္ခ်္၊ဂ်ိဳးလ္ဟတ္၊ဘတ္တလန္ နဲ႔ ပစ္ဖို ့ဒ္တို႔ထဲက တစ္ေယာက္ေယာက္နဲ႔ အစားထိုးႏိုင္လိမ့္မယ္လို ့ယံုၾကည္ေနပါတယ္။
(Unicode)
ချဲလ်ဆီးအသင်း ဟာ အသင်းရဲ့ အသက်၂၉ နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းညှိ ့နှိုင်းနေတဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားဖွယ်ရှိနေတယ်လို ့သိရပါတယ်။
အဆိုပါ ဘရာဇီးသား ဟာ ပြည်တွင်းပြိုင်ဘက် မန်ယူနိုက်တက် ရဲ့ ပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်နေတယ်ဆိုတာကို စတန်းဖို့ဒ်ဘရစ်ချ်အသင်းဟာ သိနှင့်ပြီးသားလည်းဖြစ်နေပါတယ်။
အသင်းဒါရိုက်တာMarina Granovskia နဲ့ ပိုင်ရှင်အေဗရာမိုဗစ်တို့ဟာ ပြီးခဲ့တဲ့အပတ်က နည်းပြသစ်ဆာရီ အတွက် ဖြစ်နိုင်ချေ လူစာရင်းအဝင်အထွက်များကို ဆွေးနွေး အဖြေရှာခဲ့တယ်လို ့သိရပါတယ်။
ယခု တစ်ကြိမ် ဘာစီလိုနာရဲ့ ဝီလီယံအပေါ်ကမ်းလှမ်းမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ယူနိုက်တက်ကမ်းလှမ်းမှုအပေါ် အဓိက ပြိုင်ဘက်အသင်းရဲ့ ခြိမ်းခြောက်နိုင်တဲ့ ကမ်းလှမ်းမှုလို ့ချဲလ်ဆီး အသင်းက သတ်မှတ်ထားတာကြောင့် အဆိုပါဘရာဇီးသားကို နူကမ့်အသင်းက ရရှိဖို ့အခွင့်အရေးပိုသာသွားခဲ့ပြီပဲဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြဆာရီအတွက် စိတ်ကြိုက်ကစားသမား ရရှိနိုင်စေရန် အပြောင်းအရွှေ ့ငွေကြေးပိုထွက်လာဖို ့ ဝီလီယံကိုရော၊ ရီးရဲလ်က အလိုရှိနေတဲ့ ဟာဇက်ကို ပါ ရောင်းချနိုင်ဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးဟာ ဂျူဗင်တပ်စ်အသင်းက တိုက်စစ်မှူး ဟီဂွာအင်နဲ့ အတူ အသင်းဖော်ကွင်းလယ်လူရူဂါနီ နဲ့ပါ ခေါ်ယူနိုင်ဖို ့ချိတ်ဆက်ဆွေးနွေးနေပါတယ်။ဒါ့အပြင် နောက်ခံလူ မတ်တီရာကယ်ဒါရာ ကိုပါခေါ်ယူလိုနေပါသေးတယ်။
ဒါ့အပြင် CSKA Moscow ကွင်းလယ်လူ ဂလိုဗင်ကို မိုနာကို အသင်းနဲ့ အပြိုင်ခေါ်ယူရမှာ ဖြစ်ပြီး မိုနာကို ကလတ်တလောမှာ ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားပါတယ်။
လက်စတာစီးတီးအသင်းကတော့ ချဲလ်ဆီးနောက်ခံလူ ဂယ်ရီကာလ်ဟေးလ်ကို ခေါ်ယူဖို ့ကြိုးပမ်းနေပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ ဂိုးသမား ကော်တိုရစ်ကို ခေါ်ယူဖို ့အပြင်းအထန် ကြိုးပမ်းနေပြီး ကော်တိုရစ်နေရာအစားထိုးဖို ့ပီတာဆက်ချ်၊ဂျိုးလ်ဟတ်၊ဘတ်တလန် နဲ့ ပစ်ဖို ့ဒ်တို့ထဲက တစ်ယောက်ယောက်နဲ့ အစားထိုးနိုင်လိမ့်မယ်လို ့ယုံကြည်နေပါတယ်။
Post a Comment