Header Ads


အသင္းေဟာင္းကိုႏႈတ္ဆက္ခဲ့တဲ့ အလီဆန္



လီဗာပူးလ္အသင္းရဲ႕ဂိုးသမားအသစ္ျဖစ္တဲ့ အလီဆန္ဟာကမာၻ ့စံခ်ိန္တင္ေစ်းႏွင့္လီဗာပူးလ္အသင္းကိုေျပာင္းေရြ႔လာခဲ့ၿပီး အသင္းေဟာင္း႐ိုးမားအသင္းႏွင့္ပရိသတ္ေတြေက်းဇူးတင္စကားႏွင့္ႏႈတ္ဆက္စကားမ်ားေျပာၾကားခဲ့ပါတယ္။သူကို လီဗာပူလ္းအသင္းက ႐ိုးမားအသင္းထံမွ ေပါင္သန္း ၆၅သန္းႏွင့္အဂါၤေန႔က အရေခၚယူႏိုင္ခဲ့ပါတယ္။

သူရဲ႕အေျပာင္းအေရြဟာ အလြန္႐ႈပ္ေထြးခဲ့ၿပီး အသင္းကထြက္ခြာဖို႔ေတာ္ေတာ္ခက္ခဲ ခဲ့ပါတယ္။သူရဲ႕အသင္းႏွင့္ပရိသတ္ ကိုစြဲလမ္းခ်စ္ခင္မႈေၾကာင့္ ခြဲခြာရတဲ့အခါမွာ ခံစားရတဲ့နာက်င္မႈကို ပရိသတ္ေတြေကာင္းေကာင္းနားလည္ေပးခဲ့ၾကပါတယ္။

"႐ိုးမားအသင္းမွာ လွပတဲ့၂ရာသီကိုေက်ာ္ျဖတ္ခဲ့ၿပီးပါပီ။ေအာင္ျမင္မႈေတြနဲ႔အတူ ဒီကေနထြက္ခြာခဲ့ပါတယ္ " လို႔
သူရဲ႕ လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

"ကြၽန္ေတာ္တို႔ေတြဟာ မတူညီတဲ့ ဦးတည္ခ်က္ေတြနဲ႔အတူေ႐ွ႕ဆက္ေနပါတယ္။အားလံုးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ေျပာခ်င္ပါတယ္။ကလပ္ရယ္ အသင္းကလူေတြရယ္ ၿပီးေတာ့ ကြၽန္ေတာ္ထြက္ခြာဖို႔အတြက္ ဆႏၵအေပၚအားတက္သေရာနားလည္ေပးခဲ့တဲ့႐ိုးမားပရိသတ္ေတြကို ပိုၿပီးေက်းဇူးတင္ပါတယ္"

"အထူးေက်းဇူးတင္ခ်င္တာက အသင္းေဖာ္ေတြပါ ။အသင္းရဲ႕အနိမ့္အျမင့္အတက္အက်ေတြကိုတူတူရင္ဆိုင္ခဲ့ၿပီးအသင္းႏွင့္ပထမဦးဆံုးရက္မွာ ဂုဏ္သိကၡာ အတြက္တူတူယွဥ္ၿပိဳင္ကစားခဲ့ရတာကို မေမ့ပါဘူး"

"ကြၽန္ေတာ္ရဲ႕ႏွလံုးသားမွာ ရိုးမားအသင္းႏွင့္အတူ ဒီၿမိဳႀကီးကို အစဥ္အျမဲ ရင္ဝယ္ပိုက္ၿပီးသတိရေနမွာပါ"



#Sky Sport



လီဗာပူးလ်အသင်းရဲ့ဂိုးသမားအသစ်ဖြစ်တဲ့ အလီဆန်ဟာကမ္ဘာ ့စံချိန်တင်စျေးနှင့်လီဗာပူးလ်အသင်းကိုပြောင်းရွေ့လာခဲ့ပြီး အသင်းဟောင်းရိုးမားအသင်းနှင့်ပရိသတ်တွေကျေးဇူးတင်စကားနှင့်နှုတ်ဆက်စကားများပြောကြားခဲ့ပါတယ်။သူကို လီဗာပူလ်းအသင်းက ရိုးမားအသင်းထံမှ ပေါင်သန်း ၆၅သန်းနှင့်အဂါင်္နေ့က အရခေါ်ယူနိုင်ခဲ့ပါတယ်။

သူရဲ့အပြောင်းအရွေဟာ အလွန်ရှုပ်ထွေးခဲ့ပြီး အသင်းကထွက်ခွာဖို့တော်တော်ခက်ခဲ ခဲ့ပါတယ်။သူရဲ့အသင်းနှင့်ပရိသတ် ကိုစွဲလမ်းချစ်ခင်မှုကြောင့် ခွဲခွာရတဲ့အခါမှာ ခံစားရတဲ့နာကျင်မှုကို ပရိသတ်တွေကောင်းကောင်းနားလည်ပေးခဲ့ကြပါတယ်။

"ရိုးမားအသင်းမှာ လှပတဲ့၂ရာသီကိုကျော်ဖြတ်ခဲ့ပြီးပါပီ။အောင်မြင်မှုတွေနဲ့အတူ ဒီကနေထွက်ခွာခဲ့ပါတယ် " လို့
သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

"ကျွန်တော်တို့တွေဟာ မတူညီတဲ့ ဦးတည်ချက်တွေနဲ့အတူရှေ့ဆက်နေပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ကလပ်ရယ် အသင်းကလူတွေရယ် ပြီးတော့ ကျွန်တော်ထွက်ခွာဖို့အတွက် ဆန္ဒအပေါ်အားတက်သရောနားလည်ပေးခဲ့တဲ့ရိုးမားပရိသတ်တွေကို ပိုပြီးကျေးဇူးတင်ပါတယ်"။

"အထူးကျေးဇူးတင်ချင်တာက အသင်းဖော်တွေပါ ။အသင်းရဲ့အနိမ့်အမြင့်အတက်အကျတွေကိုတူတူရင်ဆိုင်ခဲ့ပြီးအသင်းနှင့်ပထမဦးဆုံးရက်မှာ ဂုဏ်သိက္ခာ အတွက်တူတူယှဉ်ပြိုင်ကစားခဲ့ရတာကို မမေ့ပါဘူး"

"ကျွန်တော်ရဲ့နှလုံးသားမှာ ရိုးမားအသင်းနှင့်အတူ ဒီမြိုကြီးကို အစဉ်အမြဲ ရင်ဝယ်ပိုက်ပြီးသတိရနေမှာပါ"


#Sky Sport

No comments

Powered by Blogger.