Header Ads


ရီးရဲလ္မက္ဒရစ္အသင္းဟာ ႐ိုနယ္ဒိုေနရာမွာ အျခားစတားတစ္ေယာက္နဲ႔အစားထိုးႏိုင္ပါလိမ့္မယ္။



အက္တလက္တီကိုမက္ဒရစ္ဂိုးသမား ဂ်န္ေအာ့ဘလက္က ရီးရဲလ္မက္ဒရစ္အသင္းဟာ သူ တို ့ရဲ႕ စတား႐ိုနယ္ဒိုေနရာမွာ အျခားကစားသမားေကာင္းတစ္ေယာက္နဲ႔ အစားထိုးႏိုင္လိမ့္မယ္လို ေမွ်ာ္လင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဂ်န္ေအာ့ဘလက္က ရီးရဲလ္ဟာ အေျပာင္းအေရႊ ့ေစ်းကြက္မွာ ႐ိုနယ္ဒိုေနရာကို အစားမထိုးပဲ မေနမွာမဟုတ္ေၾကာင္းေမွ်ာ္လင့္ေနၿပီး စီးရီေအကလပ္ဂ်ဴဗင္တပ္စ္ဆီ ေျပာင္းသြားတဲ့ ႐ိုနယ္ဒို ေနရာမွာ ေနာက္ထပ္ပါရမီရွင္စတားတစ္ေယာက္နဲ႔ အစားထိုးႏိုင္လိမ့္မယ္လို ့ဆိုလိုက္ပါတယ္။

အေျပာင္းအလဲေတြနဲ႔ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ အသင္းအတြက္ ၃ႏွစ္ဆက္ စံခ်ိန္တင္ခ်န္ပီယံလိပ္ဖလားကို ဆြတ္ခူးေပးခဲ့ၿပီးေနာက္အသင္းကေနစြန္႔ခြာသြားခဲ့ပါတယ္။အေၾကာင္းျပခ်က္က လာလီဂါ မွာ ရီးရဲလ္အသင္း ရလဒ္ဆိုးရြားမႈေၾကာင့္ ေဝဖန္ခဲ့ရတဲ့အေပၚ စိတ္ပ်က္မႈေၾကာင့္လို ့ဆိုခဲ့ပါတယ္။

ဆရာဇီဒန္းေနာက္ကို လိုက္သြားတဲ့ ေနာက္ထပ္ စတားတစ္ေယာက္ကေတာ့ ႐ိုနယ္ဒိုပဲျဖစ္ၿပီး အသင္းမွာ ၉ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ေဘာလြန္းဒီေအာ္ ၅ ၾကိမ္ဆုရ ကစားသမားဟာ အသင္းကိုု  ေက်ာခိုင္းထြက္ခြာသြားခဲ့ပါတယ္။

မက္ဒရစ္အသင္းဟာ အၿမဲတမ္းေတာင့္တင္းခိုင္မာေနပါတယ္-ေအာ့ဘလတ္

႐ိုနယ္ဒိုကိုေရာင္းလိုက္တာဟာ ၿမိဳ ့ခံၿပိဳင္ဘက္ အက္တလက္တီကို အတြက္ ေျခတစ္လွမ္းသာသြားၿပီလားဆိုတဲ့ ေမးခြန္းအေပၚ တီကို ဂိုးသမားေအာ့ဘလတ္က

" မႏွစ္ရာသီက ကၽြန္ေတာ္အသင္းဟာ ရီးရဲလ္ရဲ႕ အထက္မွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။႐ိုနယ္ဒိုဟာ ေဘာလံုးသမိုင္းထဲက အေကာင္းဆံုးတစ္ေယာက္ပါ။ မက္ဒရစ္ ဟာ သူတို ့ရဲ႕ အေရးပါတဲ့ ကစားသမားတစ္ေယာက္ကို လက္လႊတ္ဆံုးရံႈးခဲ့ရပါတယ္။ဒါပင္မယ့္ သူတို ့အသင္းဟာ ေနာက္ထပ္စတားတစ္ေယာက္ကို ဝယ္ယူလိမ့္မယ္ဆိုတာ ကၽြန္ေတာ္ေသခ်ာေျပာရဲပါတယ္။သူတို ့မွာ အရမ္းကိုေကာင္းတဲ့အသင္း အၿမဲရွိေနပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္တို ့အတြက္ ရာသီမစခင္မွာ ပိုသာသြားၿပီလာဆိုတာ ေျပာဖို ့ခက္ပါတယ္။ လာမယ့္ရာသီမွာ ဘယ္လိုေတြ ျဖစ္လာမလဲ ကၽြန္ေတာ္တို ့ေတြ ့ၾကရမွာပါ။"

ေအာ့ဘလတ္ ဟာ လီဗာပူးအသင္းဆီသြားဖို လြန္ခဲ့တဲ့ ရာသီထဲက ခ်ိတ္ဆက္ေနခဲ့တာျဖစ္ၿပီး သူ ့ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ယူ႐ိုသန္း ၁၀၀ အထိရွိေနတာေၾကာင့္ လီဗာပူး အသင္းကေနာက္ဆုတ္ခဲ့ၿပီး ႐ိုးမားဂိုးသမား အယ္လီဆန္ကို ယူ႐ို ၇၂. သန္းေပးကာ ကမာၻ ့စံခ်ိန္တင္ဂိုးသမားအေျပာင္းအေရႊ ့ျဖစ္လာခဲ့ပါၿပီ။


" အရင္တုန္းကဆို ဂိုးသမားေတြကို သိပ္အသိအမွတ္မျပဳၾကပါဘူး။ကၽြန္ေတာ့္အထင္ေတာ့ ဂိုးသမား ဆိုတာ အသင္းမွာ အေရးႀကီးဆံုးတစ္ေယာက္ပါ။ေနာက္တန္းကေနစတဲ့ အရာမွန္သမွ် အေရးႀကီးပါတယ္။ေနရာတိုင္းက အေရးႀကီးပါတယ္။ အခုအခ်ိန္ဟာ ေတာ့ ဂိုးသမားေတြကို စၿပီး အသိအမွတ္ျပဳလာၾကပါၿပီ" လို ့ေအာ့ဘလတ္က ေျပာၾကားသြားပါတယ္။ 

(Unicode)

အက်တလက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အော့ဘလက်က ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ တို ့ရဲ့ စတားရိုနယ်ဒိုနေရာမှာ အခြားကစားသမားကောင်းတစ်ယောက်နဲ့ အစားထိုးနိုင်လိမ့်မယ်လို မျှော်လင့်ကြောင်းပြောကြားလိုက်ပါတယ်။

ဂျန်အော့ဘလက်က ရီးရဲလ်ဟာ အပြောင်းအရွှေ ့စျေးကွက်မှာ ရိုနယ်ဒိုနေရာကို အစားမထိုးပဲ မနေမှာမဟုတ်ကြောင်းမျှော်လင့်နေပြီး စီးရီအေကလပ်ဂျူဗင်တပ်စ်ဆီ ပြောင်းသွားတဲ့ ရိုနယ်ဒို နေရာမှာ နောက်ထပ်ပါရမီရှင်စတားတစ်ယောက်နဲ့ အစားထိုးနိုင်လိမ့်မယ်လို ့ဆိုလိုက်ပါတယ်။

အပြောင်းအလဲတွေနဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ အသင်းအတွက် ၃နှစ်ဆက် စံချိန်တင်ချန်ပီယံလိပ်ဖလားကို ဆွတ်ခူးပေးခဲ့ပြီးနောက်အသင်းကနေစွန့်ခွာသွားခဲ့ပါတယ်။အကြောင်းပြချက်က လာလီဂါ မှာ ရီးရဲလ်အသင်း ရလဒ်ဆိုးရွားမှုကြောင့် ဝေဖန်ခဲ့ရတဲ့အပေါ် စိတ်ပျက်မှုကြောင့်လို ့ဆိုခဲ့ပါတယ်။

ဆရာဇီဒန်းနောက်ကို လိုက်သွားတဲ့ နောက်ထပ် စတားတစ်ယောက်ကတော့ ရိုနယ်ဒိုပဲဖြစ်ပြီး အသင်းမှာ ၉နှစ်ကြာကစားခဲ့ပြီးနောက်ဘောလွန်းဒီအော် ၅ ကြိမ်ဆုရ ကစားသမားဟာ အသင်းကိုု  ကျောခိုင်းထွက်ခွာသွားခဲ့ပါတယ်။

မက်ဒရစ်အသင်းဟာ အမြဲတမ်းတောင့်တင်းခိုင်မာနေပါတယ်-အော့ဘလတ်

ရိုနယ်ဒိုကိုရောင်းလိုက်တာဟာ မြို ့ခံပြိုင်ဘက် အက်တလက်တီကို အတွက် ခြေတစ်လှမ်းသာသွားပြီလားဆိုတဲ့ မေးခွန်းအပေါ် တီကို ဂိုးသမားအော့ဘလတ်က

" မနှစ်ရာသီက ကျွန်တော်အသင်းဟာ ရီးရဲလ်ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ရိုနယ်ဒိုဟာ ဘောလုံးသမိုင်းထဲက အကောင်းဆုံးတစ်ယောက်ပါ။ မက်ဒရစ် ဟာ သူတို ့ရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ဒါပင်မယ့် သူတို ့အသင်းဟာ နောက်ထပ်စတားတစ်ယောက်ကို ဝယ်ယူလိမ့်မယ်ဆိုတာ ကျွန်တော်သေချာပြောရဲပါတယ်။သူတို ့မှာ အရမ်းကိုကောင်းတဲ့အသင်း အမြဲရှိနေပါတယ်။ဒါကြောင့် ကျွန်တော်တို ့အတွက် ရာသီမစခင်မှာ ပိုသာသွားပြီလာဆိုတာ ပြောဖို ့ခက်ပါတယ်။ လာမယ့်ရာသီမှာ ဘယ်လိုတွေ ဖြစ်လာမလဲ ကျွန်တော်တို ့တွေ ့ကြရမှာပါ။"

အော့ဘလတ် ဟာ လီဗာပူးအသင်းဆီသွားဖို ့ လွန်ခဲ့တဲ့ ရာသီထဲက ချိတ်ဆက်နေခဲ့တာဖြစ်ပြီး သူ ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း ၁၀၀ အထိရှိနေတာကြောင့် လီဗာပူး အသင်းကနောက်ဆုတ်ခဲ့ပြီး ရိုးမားဂိုးသမား အယ်လီဆန်ကို ယူရို ၇၂.၅ သန်းပေးကာ ကမ္ဘာ ့စံချိန်တင်ဂိုးသမားအပြောင်းအရွှေ ့ဖြစ်လာခဲ့ပါပြီ။

" အရင်တုန်းကဆို ဂိုးသမားတွေကို သိပ်အသိအမှတ်မပြုကြပါဘူး။ကျွန်တော့်အထင်တော့ ဂိုးသမား ဆိုတာ အသင်းမှာ အရေးကြီးဆုံးတစ်ယောက်ပါ။နောက်တန်းကနေစတဲ့ အရာမှန်သမျှ အရေးကြီးပါတယ်။နေရာတိုင်းက အရေးကြီးပါတယ်။ အခုအချိန်ဟာ တော့ ဂိုးသမားတွေကို စပြီး အသိအမှတ်ပြုလာကြပါပြီ" လို ့အော့ဘလတ်က ပြောကြားသွားပါတယ်။ 

No comments

Powered by Blogger.