Header Ads
ဂျပန်တိုက်စစ်မှူး မူတိုကို ပေါင် ၉ .၅ သန်း ဖြင့် နယူးကာဆယ် အသင်းခေါ်ယူနိုင်ခဲ့
မူတိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းအတွက် ပိုလန်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
Fabian Scharကို ဒိီပို့တီပို့အသင်းထံမှ ပေါင်၃သန်းနှင့်ခေါ်ယူထားခြင်းဖြစ်ပါတယ်။
(Unicode)
နယူးကာဆယ်အသင်းဟာ ဂျပန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ယူရှီနိုရီ မူတို ကို မိန့်ဇ်အသင်းထံမှခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပါတယ်။
အသက် ၂၅နှစ်အရွယ် ဂျပန်လက်ရွေးစင်ကစားသမားဟာတိုကျိုမြို့မှ နယူးကာဆယ်မြိုကိုလာနေပြီးဖြစ်ကြောင်းသိရပါတယ်။ Sky Sportသတင်းဌာန ရဲ့သတင်းကို ကိုးကားချက်အရ ပေါင် ၉.၅သန်း နှင့်သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။
မိန့်ဇ်အသင်းရဲ့အားကစားဒါရိုက်တာ Rouven Schroderက "ကျွန်တော်တို့အကုန်အဆင်ပြေပြေဆွေးနွေးလုပ်ဆောင်နေကြပါတယ်။နယူးကာဆယ်အသင်းနှင့်အခြေခံသဘောတူညီချက်တွေရရှိထားပြီးပါပြီ။"
"အခုလက်ရှိ တစ်ချို့အချက်တွေကိစ္စတွေကို ရှင်းလင်းနေပါတယ်။ဒါပေမယ့်ကျွန်တော်တို့ ယုံကြည်မှုအပြည်နဲ့ လုပ်ဆောင်နေပါတယ်။မကြာခင်အပြောင်းအရွေ့ကိစ္စအကုန်ပြီးမြောက်ပါတော့မယ်"
မူတိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းအတွက် ပိုလန်အသင်းကိုရှုံူးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
မူတိုဟာ မိန့်ဇ်အသင်းအတွက် ၆၆ပွဲကစားကာ ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။သူဟာ မိန့်ဇ်အသင်းကို ၂၀၁၅ခုနှစ်က တိုကျို FCအသင်းမှာ ပြောင်းရွေ့ခဲ့ပါတယ်။
လက်ရှိအချိန်အတောအတွင်း နယူးကာဆယ်အသင်းဟာဆွစ်ဇာလန်အသင်း လက်ရွေးစင်ကစားသမား Fabian Schar ကို၃နှစ်စာချုပ်နှင့်ခေါ်ယူထားပါတယ်။
Fabian Scharကို ဒိိီပို့တီပို့အသင်းထံမှ ပေါင်၃သန်းနှင့်ခေါ်ယူထားခြင်းဖြစ်ပါတယ်။
No comments
Powered by Blogger.