ရိုနယ်ဒိုဂျူဗင်တပ်စ်ကိုပြောင်းလာတာဟာအီတလီဘောလုံးလောကအတွက်အလွန်ကောင်းပါတယ်။-မော်ရင်ဟို
" ဂျူဗင်တပ်စ်ဆီရိုနယ်ဒို ရောက်လာတာဟာ အီတလီဘောလုံးလောကအတွက် အတော်လေးကောင်းပါတယ်။"
(Unicode)
ယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟို က ရိုနယ်ဒို တစ်ယောက် ဂျူဗင်တပ်စ် ဆီပြောင်းရွှေ ့လာတာဟာ အီတလီဘောလုံးလောကအတွက် အလွန်ကောင်းတယ်လို ့မှတ်ချက်ပြု သွားခဲ့ပါတယ်။
ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုဟာ ရီးရဲလ်အသင်းကနေ ဂျူဗင်တပ်စ် ဆီယူရို သန်း ၁၀၀ ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး ၄နှစ်စာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။
မီလန် အသင်းကို သရေကျခဲ့ပြီး ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာတော့ အင်တာမီလန် နည်းပြဟောင်းကြီး မော်ရင်ဟို ကစီရီးအေကလပ် ဟာ အီတလီဘောလုံးလောကအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်မလဲဆိုတာကိုပြောကြားသွားခဲ့ပါတယ်။
" ဂျူဗင်တပ်စ်ဆီရိုနယ်ဒို ရောက်လာတာ အီတလီဘောလုံးလောကအတွက် အတော်လေးကောင်းပါတယ်။"
"Old Lady အသင်းဟာ စီရီးအေ မှာ နှစ်ပေါင်းများစွာ လွှမ်းမိုးထားတာကို တွေ ့ရပါတယ်။ အခုတော့ အဲ့လို အရည်အသွေး မြင့်တဲ့ ကစားသမားနဲ့ သာဆိုလို ့ကတော့ သူတို ့အတွက် အရမ်းကို လွယ်ကူသွားပါပြီ"
"ဒါပင်မယ့် ကျွန်တော့်အထင်တော့ သူတို ့ရဲ့ ပြိုင်ဘက်တွေအတွက်လည်း စိတ်တက်ကြွမှုပေးပါလိမ့်မယ်။"
"ဂျူဗင်တပ်စ် ရဲ့ အားသာချက်တွေက အင်တာ၊ အေစီ၊ရိုးမားနဲ့ နာပိုလီ လို အသင်းတွေကို တွန်းအားပေးလာလိမ့်မယ်လို ့ထင်ပါတယ်"
မော်ရင်ဟို ရဲ့ ယူနိုက်တက်အသင်းဟာ ဂတ်တူဆိုရဲ့ အေစီမီလန် အသင်းကို သရေကျခဲ့တဲ့ အတွက် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ၈-၉ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
Post a Comment