ရီဘစ် ကို လက်ဦးခေါ်ယူဖို့  ယူနိုက်တက်အသင်းပစ်မှတ်ထား
Sport mailရဲ့ဖော်ပြချက်အရယူနိုက်တက်အသင်းက ခရိုအေးရှားကစားသမား အန်တီရီဘစ် ကို အိုးထရက်ဖို့ဒ်ကိုခေါ်ယူနိုင်ဖို့ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာထဲက သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။
အသက်၂၄နှစ်အရွယ်ရှိတဲ့သူဟာ တည်ငြိမ်ရင့်ကျက်တဲ့ကစားဟန်နှင့် ပြင်းထန် လှကန်သွင်းချက်နှင့် အာဂျင်တီနားကိုဂိုးသမားဝီလီကာဗယ်လီယိုဖက်ကို လျှပ်စီးကဲ့သို့ ထင်မှတ်လောက်အောင်မြန်ဆန်တဲ့ဂိုးသွင်း ယူကာ အသင်းကို ကမ္ဘာ့ ဖလားမှာ ဆက်လက်ဦးဆောင်စေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လိုအပ်နေတဲ့တောင်ပံနေရာကိုအပြောင်းအရွေဈေးကွက်မပိတ်ခင်အရခေါ်ယူပြီး သြဂတ်စ်လ ၉ရက်နေ့မှာ စတင်မည့်ပရီးမီးယားလိဂ်ကို စတင်ဖို့ပြင်ဆင်နေပါတယ်။
မာရှယ်ဟာပြီးခဲ့တဲ့ရာသီမှာနည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ အချိန်ပိုင်းမျှသာကစားခွင့်ရခဲ့ပြီး အသင်းကိုဆန်းချက်ရောက်ရှိလာပြီးနောက်သူကို ဆက်လက်အသုံးပြုရန် မသေချာတော့ဘဲ အရန်ခုံမှာသာ ကုန်ဆုံးခဲ့ရပါတယ်။
(Unicode)
ယူနိုက်တက်အသင်းက ဖရန်ဖတ်အသင်းတောင်ပံကစားသမားကို နွေရာသီမှာ လက်ဦးမှုရရှိကာခေါ်ယူဖို့စီစဉ်နေပါတယ်။
Sport mailရဲ့ဖော်ပြချက်အရယူနိုက်တက်အသင်းက ခရိုအေးရှားကစားသမား အန်တီရီဘစ် ကို အိုးထရက်ဖို့ဒ်ကိုခေါ်ယူနိူင်ဖို့ ကမ္ဘာ ့ဖလား ပြိုင်ပွဲမှာထဲက သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။
ယူနိုက်တက်တို့ က လိုအပ်နေတဲ့တောင်ပံကစားသမားနေရာကိုဖြည့်ဆည်းဖို့အတွက် ရီဘစ် အပြင် သူရဲ့လက်ရွေးစင်အသင်းဖော်ပါရီဆစ်ကိုလည်းခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
ရီဘစ် ကို ယူနိုက်တက်အသင်းအပြင် အာဆင်နယ်နှင့်ဘိုင်ယန်မြူးနစ်အသင်းတို့ကပါ ချိတ်ဆက်ထားပါတယ်။သူဟာခြေစွမ်းမကျဘဲ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားခဲ့ပြီး အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဂျင်တီးနား နှင့်ပွဲစဉ်မှာအထူးခြေစွမ်းပြသခဲ့ပါတယ်။
အသက်၂၄နှစ်အရွယ်ရှိတဲ့သူဟာ တည်ငြိမ်ရင့်ကျက်တဲ့ကစားဟန်နှင့် ပြင်းထန် လှကန်သွင်းချက်နှင့် အာဂျင်တီနားကိုဂိုးသမားဝီလီကာဗယ်လိီယိုဖက်ကို လျှပ်စီးကဲ့သို့ ထင်မှတ်လောက်အောင်မြန်ဆန်တဲ့ဂိုးသွင်း ယူကာ အသင်းကို ကမ္ဘာ ့ဖလားမှာ ဆက်လက်ဦးဆောင်စေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိ ဘရာဇီးလ်လက်ရွေးစင်ကစားသမားဖရဒ်ကို ပေါင်သန်း၅၂သန်းနှင့် ရှက်တာဒိုးနက်အသင်းထံမှခေါ်ယူထားပါတယ်။
ယူနိုက်တက်အသင်းဟာ လိုအပ်နေတဲ့တောင်ပံနေရာကိုအပြောင်းအရွေစျေးကွက်မပိတ်ခင်အရခေါ်ယူပြီး သြဂတ်စ်လ ၉ရက်နေ့မှာ စတင်မည့်ပရီးမီးယားလိဂ်ကို စတင်ဖို့ပြင်ဆင်နေပါတယ်။
လိုအပ်နေတဲ့တောင်ပံကို အသင်းမှာ မရေမရာဖြစ်နေတဲ့မာရှယ်ရဲ့နေရာမှာအစားထိုးပြိီး အိုးထရက်ဖို့ဒ်ကို အရောက်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။အကယ်၍ မာရှယ်ထွက်ခွာခဲ့လျှင် သူကိုသေချာပေါက်အရခေါ်ယူမည်လို့ သတင်းများကဖော်ပြကြပါတယ်။
မာရှယ်ဟာပြီးခဲ့တဲ့ရာသီမှာနည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ အချိန်ပိုင်းမျှသာကစားခွင့်ရခဲ့ပြီး အသင်းကိုဆန်းချက်ရောက်ရှိလာပြီးနောက်သူကို် ဆက်လက်အသုံးပြုရန် မသေချာတော့ဘဲ အရန်ခုံမှာသာ ကုန်ဆုံးခဲ့ရပါတယ်။
Post a Comment