Header Ads


ေနမာအားေရာင္းခ်ၿပီးေနာက္ပိုင္း ယူ႐ိုသန္း ၄၀၀ ေက်ာ္ျပန္လည္သံုးစြဲခဲ့ရတဲ့ ဘာစီလိုနာ



ဘာစီလိုနာ အသင္း ေနမာ ကို ေရာင္းခ်ခဲ့တဲ့ ေငြေၾကးဟာ ကမာၻ ့စံခ်ိန္တင္ အေျပာင္းအေရႊ ့ေငြေၾကးျဖစ္ခဲ့ၿပီး ယူ႐ို ၂၂၂သန္းရရွိခဲ့ပါတယ္။ဒါပင္မယ့္လည္း အဆိုပါ ၂၂၂သန္းဟာ ကလပ္အသင္း ျပန္လည္သံုးစြဲခဲ့တဲ့ ေငြေတြ အေပၚ မကာမိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ႏွစ္ကေန ယခု အထိ အေျပာင္းအေရႊ ့အတြက္ ေငြေၾကးအမ်ားအျပားသံုးစြဲခဲ့တဲ့ အသင္းေတြ ထဲမွာ ေတာ့ ဘာစီလိုနာအသင္းဟာ ယူ႐ို သန္း ၄၀၀ ျဖင့္ ထိပ္ဆံုးကရပ္တည္ေနၿပီး မန္စီးတီးက ၃၈၇ သန္း၊ PSG အသင္းက ၃၇၃ သန္း နဲ႔ လီဗာပူးအသင္းက သန္း ၃၅၀ ျဖင့္ အသီးသီးရပ္တည္ေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ Bordeaux အသင္းက မယ္လ္ကြန္ ကို ယူ႐ို ၄၁သန္း ျဖင့္ ဘာစီလိုနာ အသင္းက ႐ိုမားအသင္းထံကေန ၾကားျဖတ္ေခၚယူသြားခဲ့ပါတယ္။

ယူ႐ို သန္း ေဘာနက္စ္နဲ႔ အတူ ၃၁ သန္းေပးေခ်ခဲ့ရတဲ့ ဘရာဇီး ကြင္းလယ္လူ အာသာ နဲ႔ ဆီဗီးလားက လင္ဂလတ္ အတြက္ ယူ႐ို သန္း ၄၀ အထိ ေပးေခ်ေခၚယူခဲ့ ၿပီး ယခုႏွစ္မွာ ေျပာင္းေရႊ ့ေၾကးအတြက္ ယူ႐ို ၁၀၇. သန္းသံုးစြဲခဲ့ၿပီးပါၿပီ။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ ့ကာလ ကလီဗာပူး ကြင္းလယ္လူ ေကာ္တင္ဟိုကို ယူ႐ို သန္း ၁၂၀ ေပးခဲ့ရၿပီး ထပ္ေဆာင္း ေဘာနပ္စ္ အျဖစ္ ယူ႐ိုသန္း ၄၀ ေပးဖို႔ သေဘာတူခဲ့ရပါတယ္။ဒါ့အျပင္ ေနမာ ့ေနရာ ခ်က္ခ်င္းအစားထိုးဖို ့ေဒါ့မြန္က ဒမ္ဘီလီ ကို ယူ႐ို ၁၀၅ သန္းေပးကာ ေခၚယူခဲ့ပါတယ္။

အခ်ဳပ္ဆိုရင္ ေျပာင္းေရႊ ့ေၾကးအတြက္ သံုးစြဲခဲ့တဲ့ ပမာဏဟာ ယူ႐ို ၃၈၄. သန္းျဖစ္ၿပီး ထပ္ေဆာင္းေပးရတဲ့ ပမာဏဟာ ယူ႐ို သန္း ၉၀ ေက်ာ္အထိ ရွိေနတာကို ေတြ ့ရပါတယ္။

ေႏြရာသီအေရာင္းစာရင္း

ဘာစီလိုနာ ရဲ႕ အထြက္စာရင္းမွာ ေတာ့ ကြင္းလယ္လူ ေပၚလင္ဟို ကို တ႐ုတ္ကလပ္ Guangzhou Evergrande အသင္းထံ တစ္ရာသီ အငွားျဖင့္ ေရာင္းထုတ္လိုက္ၿပီး ေနာက္ရာသီ မွာ ယူ
႐ို သန္း၅၀ ရရွိမွာပဲျဖစ္ပါတယ္။


Javier Mascherano, Cristian Tello နဲ႔ Gerard Deulofeu တို ့ကို ျပန္လည္ေရာင္းခ်မွာ ျဖစ္ၿပီး ယူ႐ို ၂၂.၂သန္းသာ ျပန္ေထမိႏိုင္ပါတယ္။ကတ္တလန္ အသင္းဟာ ေနမာထြက္ခြာမႈအတြက္ အသံုးစရိတ္ အသံုးျပဳၿပီးေနာက္ ယူ႐ို ၂၂၄. သန္းေလာက္ ျပန္လည္စုေဆာင္းမိဖို ေမွ်ာ္လင့္ေနပါတယ္။

Jasper Cillessen, Aleix Vidal, Yerry Mina, Andre Gomes, Rafinha, Munir El Haddadi နဲ႔ အခ်ိဳ ့ကစားသမားေတြကို ေရာင္းထုတ္ၿပီး ယခုေႏြရာသီမွာ ယူ႐ိုသန္း ၃၅၀ ေလာက္ ျပန္ဝင္လာဖို ့ႏူးကမ့္အသင္းက ေမွ်ာ္မွန္းေနပါတယ္။


အသင္းရဲ႕ ဂႏၲဝင္ကစားသမား အင္နီေယစတာ ထြက္ခြာသြားျခင္းက ဘာစီလိုနာရဲ႕ အသံုးစရိတ္အေပၚ မထိန္းခ်ဳပ္ႏိုင္ေလာက္ေအာင္အသံုးၾကမ္းေစခဲ့ျပီး ကြင္းလယ္ Play Maker တစ္ဦးကို ထပ္မံေခၚယူဖို ့ရွိေနကာ Aleksandr Golovin, Adrien Rabiot နဲ႔  Frenkie de Jong တို ့ကို စိတ္ဝင္စားေနတယ္လို ့လည္း သိရပါတယ္။


(Unicode)


ဘာစီလိုနာ အသင်း နေမာ ကို ရောင်းချခဲ့တဲ့ ငွေကြေးဟာ ကမ္ဘာ ့စံချိန်တင် အပြောင်းအရွှေ ့ငွေကြေးဖြစ်ခဲ့ပြီး ယူရို ၂၂၂သန်းရရှိခဲ့ပါတယ်။ဒါပင်မယ့်လည်း အဆိုပါ ၂၂၂သန်းဟာ ကလပ်အသင်း ပြန်လည်သုံးစွဲခဲ့တဲ့ ငွေတွေ အပေါ် မကာမိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နှစ်ကနေ ယခု အထိ အပြောင်းအရွှေ ့အတွက် ငွေကြေးအများအပြားသုံးစွဲခဲ့တဲ့ အသင်းတွေ ထဲမှာ တော့ ဘာစီလိုနာအသင်းဟာ ယူရို သန်း ၄၀၀ ဖြင့် ထိပ်ဆုံးကရပ်တည်နေပြီး မန်စီးတီးက ၃၈၇ သန်း၊ PSG အသင်းက ၃၇၃ သန်း နဲ့ လီဗာပူးအသင်းက သန်း ၃၅၀ ဖြင့် အသီးသီးရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Bordeaux အသင်းက မယ်လ်ကွန် ကို ယူရို ၄၁သန်း ဖြင့် ဘာစီလိုနာ အသင်းက ရိုမားအသင်းထံကနေ ကြားဖြတ်ခေါ်ယူသွားခဲ့ပါတယ်။

ယူရို ၉ သန်း ဘောနက်စ်နဲ့ အတူ ၃၁ သန်းပေးချေခဲ့ရတဲ့ ဘရာဇီး ကွင်းလယ်လူ အာသာ နဲ့ ဆီဗီးလားက လင်ဂလတ် အတွက် ယူရို သန်း ၄၀ အထိ ပေးချေခေါ်ယူခဲ့ ပြီး ယခုနှစ်မှာ ပြောင်းရွှေ ့ကြေးအတွက် ယူရို ၁၀၇.၉ သန်းသုံးစွဲခဲ့ပြီးပါပြီ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ ့ကာလ ကလီဗာပူး ကွင်းလယ်လူ ကော်တင်ဟိုကို ယူရို သန်း ၁၂၀ ပေးခဲ့ရပြီး ထပ်ဆောင်း ဘောနပ်စ် အဖြစ် ယူရိုသန်း ၄၀ ပေးဖို့ သဘောတူခဲ့ရပါတယ်။ဒါ့အပြင် နေမာ ့နေရာ ချက်ချင်းအစားထိုးဖို ့ဒေါ့မွန်က ဒမ်ဘီလီ ကို ယူရို ၁၀၅ သန်းပေးကာ ခေါ်ယူခဲ့ပါတယ်။

အချုပ်ဆိုရင် ပြောင်းရွှေ ့ကြေးအတွက် သုံးစွဲခဲ့တဲ့ ပမာဏဟာ ယူရို ၃၈၄.၇ သန်းဖြစ်ပြီး ထပ်ဆောင်းပေးရတဲ့ ပမာဏဟာ ယူရို သန်း ၉၀ ကျော်အထိ ရှိနေတာကို တွေ ့ရပါတယ်။

နွေရာသီအရောင်းစာရင်း

ဘာစီလိုနာ ရဲ့ အထွက်စာရင်းမှာ တော့ ကွင်းလယ်လူ ပေါ်လင်ဟို ကို တရုတ်ကလပ် Guangzhou Evergrande အသင်းထံ တစ်ရာသီ အငှားဖြင့် ရောင်းထုတ်လိုက်ပြီး နောက်ရာသီ မှာ ယူ
ရို သန်း၅၀ ရရှိမှာပဲဖြစ်ပါတယ်။


Javier Mascherano, Cristian Tello နဲ့ Gerard Deulofeu တို ့ကို ပြန်လည်ရောင်းချမှာ ဖြစ်ပြီး ယူရို ၂၂.၂သန်းသာ ပြန်ထေမိနိုင်ပါတယ်။ကတ်တလန် အသင်းဟာ နေမာထွက်ခွာမှုအတွက် အသုံးစရိတ် အသုံးပြုပြီးနောက် ယူရို ၂၂၄.၅ သန်းလောက် ပြန်လည်စုဆောင်းမိဖို ့ မျှော်လင့်နေပါတယ်။

Jasper Cillessen, Aleix Vidal, Yerry Mina, Andre Gomes, Rafinha, Munir El Haddadi နဲ့ အချို ့ကစားသမားတွေကို ရောင်းထုတ်ပြီး ယခုနွေရာသီမှာ ယူရိုသန်း ၃၅၀ လောက် ပြန်ဝင်လာဖို ့နူးကမ့်အသင်းက မျှော်မှန်းနေပါတယ်။

အသင်းရဲ့ ဂန္တဝင်ကစားသမား အင်နီယေစတာ ထွက်ခွာသွားခြင်းက ဘာစီလိုနာရဲ့ အသုံးစရိတ်အပေါ် မထိန်းချုပ်နိုင်လောက်အောင်အသုံးကြမ်းစေခဲ့ပြီး ကွင်းလယ် Play Maker တစ်ဦးကို ထပ်မံခေါ်ယူဖို ့ရှိနေကာ Aleksandr Golovin, Adrien Rabiot နဲ့  Frenkie de Jong တို ့ကို စိတ်ဝင်စားနေတယ်လို ့လည်း သိရပါတယ်။

No comments

Powered by Blogger.