အဂၤါေန ့ညေန ေနာက္ဆံုးရေဘာလံုးသတင္းတိုုမ်ား
ခ်ဲလ္ဆီး နည္းျပသစ္ဆာရီက ကြင္းလယ္လူ ဖာဘရီဂတ္စ္ ရဲ႕ မဂၤလာလက္ထပ္ပြဲကို တက္ေရာက္ဖို ့ အသင္းကစားသမားေတြကို ခြင့္ျပဳေပးခဲ့ေၾကာင္းသိရပါတယ္။ဒါ့အျပင္ wedding party ပြဲအတြက္ပါ တက္ေရာက္ႏိုင္ဖို ့အားလပ္ခ်ိန္ ခြင့္ျပဳေပးလိုက္တယ္လို ့လည္းသိရပါတယ္။
Bordeaux အသင္းရဲ႕ ဘရာဇီးတိုက္စစ္မွဴး မယ္လ္ကြန္ကို ဘာစီလိုနာ အသင္းက ႐ိုးမားအသင္းထက္ လက္ဦးမႈရယူၿပီး ေခၚယူႏိုင္ခဲ့တယ္လို ့သိရပါတယ္။ေျပာင္းေရႊ ့ေၾကးမွာ ေပါင္ ၃၆.၅ သန္းလို ့သိရပါတယ္။
မန္ယူႏိုက္တက္နည္းျပေမာ္ရင္ဟိုက ရာသီသစ္မစခင္မွာ အသင္းရဲ႕ လူစာရင္းမွာ အင္အားထပ္မံျဖည့္တင္းဖို ့ တိုက္စစ္ဦးစားေပး ကစားသမား ၂ေယာက္ ထပ္မံအလို ရွိေနေသးတယ္လို ့ဝန္ခံေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံေရး အသံုးခ်ခံျဖစ္ခဲ့လို ့ဂ်ာမနီ လက္ေရြးစင္ကစားသမား ဘဝကေန အနားယူခဲ့တဲ့ အိုေဇးလ္ ဟာ လတ္တေလာမွာ ေဝဖန္မႈမ်ားနဲ႔ ရင္ဆိုင္ေနရေသာ္လည္း တူရကီ ႏိုင္ငံမွာေတာ့ အိုေဇးလ္ နာမည္နဲ ့လမ္းအသစ္တစ္ခုေပးခဲ့ၿပီး အိုေဇးလ္႐ုပ္ပံုပါ ပိုစတာ တစ္ခုစိုက္ထူခဲ့ၾကပါတယ္။ အိုေဇးလ္ ဟာတူရကီ မ်ိဳးႏြယ္မွ ဆင္းသက္လာတဲ့ သူတစ္ဦးျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ တူရကီ ပရိတ္သတ္မ်ားက သူ ့ကို အားေပးေထာက္ခံေနၾကပါတယ္။
ခ်ဲလ္ဆီးကြင္းလယ္လူ ဘာကေလက နည္းျပသစ္ဆာရီ ရဲ႕ တိုက္စစ္ကစားဟန္ဟာ သူတို ့ကစားခ်င္ၾကတဲ့ ပံုစံျဖစ္ေၾကာင္းနဲ႔ နည္းျပသစ္နဲ႔ အတူရာသီသစ္စတင္ဖို ့အရမ္းကိုစိတ္လႈပ္ရွားေနေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။
(Unicode)
ချဲလ်ဆီး နည်းပြသစ်ဆာရီက ကွင်းလယ်လူ ဖာဘရီဂတ်စ် ရဲ့ မင်္ဂလာလက်ထပ်ပွဲကို တက်ရောက်ဖို ့ အသင်းကစားသမားတွေကို ခွင့်ပြုပေးခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင် wedding party ပွဲအတွက်ပါ တက်ရောက်နိုင်ဖို ့အားလပ်ချိန် ခွင့်ပြုပေးလိုက်တယ်လို ့လည်းသိရပါတယ်။
Bordeaux အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး မယ်လ်ကွန်ကို ဘာစီလိုနာ အသင်းက ရိုးမားအသင်းထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တယ်လို ့သိရပါတယ်။ပြောင်းရွှေ ့ကြေးမှာ ပေါင် ၃၆.၅ သန်းလို ့သိရပါတယ်။
မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုက ရာသီသစ်မစခင်မှာ အသင်းရဲ့ လူစာရင်းမှာ အင်အားထပ်မံဖြည့်တင်းဖို ့ တိုက်စစ်ဦးစားပေး ကစားသမား ၂ယောက် ထပ်မံအလို ရှိနေသေးတယ်လို ့ဝန်ခံပြောကြားခဲ့ပါတယ်။
နိုင်ငံရေး အသုံးချခံဖြစ်ခဲ့လို ့ဂျာမနီ လက်ရွေးစင်ကစားသမား ဘဝကနေ အနားယူခဲ့တဲ့ အိုဇေးလ် ဟာ လတ်တလောမှာ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရသော်လည်း တူရကီ နိုင်ငံမှာတော့ အိုဇေးလ် နာမည်နဲ ့လမ်းအသစ်တစ်ခုပေးခဲ့ပြီး အိုဇေးလ်ရုပ်ပုံပါ ပိုစတာ တစ်ခုစိုက်ထူခဲ့ကြပါတယ်။ အိုဇေးလ် ဟာတူရကီ မျိုးနွယ်မှ ဆင်းသက်လာတဲ့ သူတစ်ဦးဖြစ်ပြီး အခုအချိန်မှာတော့ တူရကီ ပရိတ်သတ်များက သူ ့ကို အားပေးထောက်ခံနေကြပါတယ်။
ချဲလ်ဆီးကွင်းလယ်လူ ဘာကလေက နည်းပြသစ်ဆာရီ ရဲ့ တိုက်စစ်ကစားဟန်ဟာ သူတို ့ကစားချင်ကြတဲ့ ပုံစံဖြစ်ကြောင်းနဲ့ နည်းပြသစ်နဲ့ အတူရာသီသစ်စတင်ဖို ့အရမ်းကိုစိတ်လှုပ်ရှားနေကြောင်းပြောကြားသွားခဲ့ပါတယ်။
Post a Comment