အဂၤလန္မွာ သူလိုကစားဟန္ျမင္ဖူးမွာ မဟုတ္ဘူး လို႔ ဆိုလိုက္တဲ့ ေဂ်ာ္ဂင္ဟို
အီတလီလက္ေရြးစင္ကစားသမား ေဂ်ာ္ဂင္ဟို ဟာ ပရီးမီးယားလိဂ္ ကလပ္ ခ်ဲလ္ဆီးအသင္းကို ေပါင္၅၇သန္းႏွင့္ေျပာင္းေရြ႔ခဲ့ပါတယ္။သူဟာနည္းျပဆာရီရဲ႕ဆြဲေဆာင္မႈေၾကာင့္
ခ်ဲလ္ဆီးကိုေျပာင္းေရြ႔ဖို႔ စိတ္အားထက္သန္ခဲ့တယ္လို႔လည္းသိရပါတယ္။သူက အသင္းဟာ သူမတူေအာင္ထူးခြၽန္စြာကစားၿပီးပံုမွန္ေနရာအရယူဖို႔ ျပင္ဆင္ေနပါတယ္။
" ကြၽန္ေတာ္ရဲ႕ကစားဟန္ ေတြက ပရီးမီးယားလိဂ္မွာ မျမင္ဖူးတာေၾကာင့္ခင္ဗ်ားတို႔ကို ကြၽန္ေတာ္ရဲ႕ကစားဟန္ ကိုေတြ႔ျမင္ေစခ်င္တယ္။ၿပီးေတာ့ ကြၽန္ေတာ္ရဲ႕ ထူးျခားတဲ့
စြမ္းရည္ေတြနဲ႔အတူ အသင္းမွာ ခိုင္မာတဲ့ေနရာအရယူျဖစ္ဖို႔လည္းႀကိဳတင္ျပင္ဆင္ထားပါတယ္"။
ေဂ်ာ္ဂင္ဟိုဟာ အီတလီလက္ေရြးစင္အသင္းႏွင့္နာပိုလီကလပ္မွာ ကစားစဥ္ကအသင္းရဲ႕ ကြင္းလယ္ကိုဟာကြက္မ႐ွိေအာင္ျဖည့္ကစားႏိုင္သူတစ္ေယာက္လည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းမွာလည္းလိုအပ္ေနတဲ့ ကြင္းလယ္ကို ျပဳျပင္ထိန္းေက်ာင္းဖို႔အတြက္ သူရဲ႕စြမ္းရည္က အေၾကာင္းျပခ်က္ေကာင္းတစ္ခု အျဖစ့္႐ွိေနၿပီဟုလည္းသိရပါတယ္။လက္႐ွိအသင္းမွာ စြမ္းရည္ မ်ိဳးစံု ႏွင့္ကစားသမားတိုင္းဟာ အသီးသီးေသာေနရာေတြမွာ ႐ွိေနၾကေသာလည္း သူကိုေခၚယူရျခင္းအေၾကာင္းရင္းတစ္ခုက လစ္ဟသြားတက္တဲ့ကြင္းလယ္ကို ေသေသခ်ာခ်ာဖိဖိစီးစီးလုပ္ႏိုင္ဖို႔ေခၚယူျခင္းျဖစ္ပါတယ္။
သူကထပ္မံ၍ " ကြၽန္ေတာ္ငယ္ရြယ္စတည္းက အမ်ိဳးမ်ိဳးအဖံုဖံု ေသာၿပိဳင္ဆိုင္မွုေတြကို ႏွစ္ၿခိဳက္မိတယ္။အခုကေတာ့တကယ္ကိုႀကီးမားၿပီးၿပိဳင္ဆိုင္မႈျပင္းထန္တဲ့လိဂ္တစ္ခုပါ၊ဒီမွာ
ကြၽန္ေတာ္ရဲ႕ပေရာ္ဖယ္ရွင္နယ္ကစားသမားပီသမႈ ကိုယ္ပိုင္စိတ္ဓာတ္အရည္အခ်င္းေတြနဲ႔ ၿပိဳင္ဆိုင္ကစားမွာပါ။ဒါေတြက ကြၽန္ေတာ္ရဲ႕အခြင့္အေရးေတြရဖို႔နဲ႔အခြင္အေရးေတြ႐ွိေနဖို႔ကို
ကြၽန္ေတာ္ကိုလွံုေဆာ္ေနသလိုခံစားရပါတယ္"။.
ေဂ်ာ္ဂင္ဟိုရဲ႕ဆရာ ဆာရီက "သူက နည္းျပေတြ အဖြဲ႔ဝင္ေတြနဲ႔ေပါင္းသင္းဆက္ဆံမႈေကာင္းတယ္။ဒါဟာေဘာလံုးသမားတစ္ဦးရဲစ႐ိုက္လကၡဏာပါ။ေဘာလံုးသမားမွန္ရင္ဒီလို
စိတ္ဓာတ္႐ွိသင့္ပါတယ္။ၿပီးေတာ့သူက အသင္းကို ေကာင္းေကာင္းထိန္းေက်ာင္းတက္ပါတယ္"
"ကြၽန္ေတာ္သူနဲ႔အတူ နာပိုလီမွာတူတူ႐ွိစဥ္က သူကိုအျမဲေျပာဆိုဆံုးမေလ့႐ွိပါတယ္။သူကေဘာလံုးသမားတစ္ေယာက္မွာ႐ွိသင့္တဲ့စိတ္ပိုင္းဆိုင္ရာ ေရာ အမူအက်င့္
ပိုင္း ဆိုင္ရာေတြပါ ႐ွိထားပါတယ္" လိုု ့ဆာရီ ကေျပာၾကားသြားပါတယ္။
(Unicode)
အီတလီလက်ရွေးစင်ကစားသမား ဂျော်ဂင်ဟို ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းကို ပေါင်၅ရသန်းနှင့်ပြောင်းရွေ့ခဲ့ပါတယ်။သူဟာနည်းပြဆာရီရဲ့ဆွဲဆောင်မှုကြောင့်
ချဲလ်ဆီးကိုပြောင်းရွေ့ဖို့ စိတ်အားထက်သန်ခဲ့တယ်လို့လည်းသိရပါတယ်။သူက အသင်းဟာ သူမတူအောင်ထူးချွန်စွာကစားပြီးပုံမှန်နေရာအရယူဖို့ ပြင်ဆင်နေပါတယ်။
" ကျွန်တော်ရဲ့ကစားဟန် တွေက ပရီးမီးယားလိဂ်မှာ မမြင်ဖူးတာကြောင့်ခင်ဗျားတို့ကို ကျွန်တော်ရဲ့ကစားဟန် ကိုတွေ့မြင်စေချင်တယ်။ပြီးတော့ ကျွန်တော်ရဲ့ ထူးခြားတဲ့
စွမ်းရည်တွေနဲ့အတူ အသင်းမှာ ခိုင်မာတဲ့နေရာအရယူဖြစ်ဖို့လည်းကြိုတင်ပြင်ဆင်ထားပါတယ်"။
ဂျော်ဂင်ဟိုဟာ အီတလီလက်ရွေးစင်အသင်းနှင့်နာပိုလီကလပ်မှာ ကစားစဉ်ကအသင်းရဲ့ ကွင်းလယ်ကိုဟာကွက်မရှိအောင်ဖြည့်ကစားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းမှာလည်းလိုအပ်နေတဲ့ ကွင်းလယ်ကို ပြုပြင်ထိန်းကျောင်းဖို့အတွက် သူရဲ့စွမ်းရည်က အကြောင်းပြချက်ကောင်းတစ်ခု အဖြစ့်ရှိနေပြီဟုလည်းသိရပါတယ်။လက်ရှိ
အသင်းမှာ စွမ်းရည် မျိုးစုံ နှင့်ကစားသမားတိုင်းဟာ အသီးသီးသောနေရာတွေမှာ ရှိနေကြသောလည်း သူကိုခေါ်ယူရခြင်းအကြောင်းရင်းတစ်ခုက လစ်ဟသွားတက်တဲ့ကွင်းလယ်ကို သေသေချာချာဖိဖိစီးစီးလုပ်နိုင်ဖို့ခေါ်ယူခြင်းဖြစ်ပါတယ်။
သူကထပ်မံ၍ " ကျွန်တော်ငယ်ရွယ်စတည်းက အမျိုးမျိုးအဖုံဖုံ သောပြိုင်ဆိုင်မှုတွေကို နှစ်ခြိုက်မိတယ်။အခုကတော့တကယ်ကိုကြီးမားပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်တစ်ခုပါ၊ဒီမှာ
ကျွန်တော်ရဲ့ပရော်ဖယ်ရှင်နယ်ကစားသမားပီသမှု ကိုယ်ပိုင်စိတ်ဓာတ်အရည်အချင်းတွေနဲ့ ပြိုင်ဆိုင်ကစားမှာပါ။ဒါတွေက ကျွန်တော်ရဲ့အခွင့်အရေးတွေရဖို့နဲ့အခွင်အရေးတွေရှိနေဖို့ကို
ကျွန်တော်ကိုလှုံဆော်နေသလိုခံစားရပါတယ်"။.
ဂျော်ဂင်ဟိုရဲ့ဆရာ ဆာရီက "သူက နည်းပြတွေ အဖွဲ့ဝင်တွေနဲ့ပေါင်းသင်းဆက်ဆံမှုကောင်းတယ်။ဒါဟာဘောလုံးသမားတစ်ဦးရဲစရိုက်လက္ခဏာပါ။ဘောလုံးသမားမှန်ရင်ဒီလို
စိတ်ဓာတ်ရှိသင့်ပါတယ်။ပြီးတော့သူက အသင်းကို ကောင်းကောင်းထိန်းကျောင်းတက်ပါတယ်"
"ကျွန်တော်သူနဲ့အတူ နာပိုလီမှာတူတူရှိစဉ်က သူကိုအမြဲပြောဆိုဆုံးမလေ့ရှိပါတယ်။သူကဘောလုံးသမားတစ်ယောက်မှာရှိသင့်တဲ့စိတ်ပိုင်းဆိုင်ရာ ရော အမူအကျင့်
ပိုင်း ဆိုင်ရာတွေပါ ရှိထားပါတယ်" လိုု ့ဆာရီ ကပြောကြားသွားပါတယ်။
Post a Comment