တနင်္လာနေ့ နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းတိုများ
(Unicode)
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားကော်တွိုက်စ်နဲ့ ဟာဇက်တို ့ကိုခေါ်ယူဖို ့ကေါင်သန်း ၁၀၀ ကျော်နီးပါး အသုံးပြုမယ်လို ့ Mirror သတင်းဌာန အရသိရပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး မော်ရာတာရဲ့ ဇနီး ကမ်ပယ်လိုဟာ မနေ ့ည က အမြွာပူးလေးမွေးဖွားခဲ့တယ်လို ့သိရပါပြီး ချဲလ်ဆီးဆီရောက်လာလိမ့်မယ်လို ့သတင်းထွက်နေတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂွာအင်က အင်စတာဂရမ်မှာ ဂုဏ်ယူဝမ်းမြောက်ကြောင်းရေးသားခဲ့တယ်လို ့သိရပါတယ်။
မန်ယူနိုက်တက်ရဲ့ အပြောင်းအရွှေ ့ပေါ်လစီဟာ နှောင့်နှေးကြန် ့ကြာနေမှုကြောင့် မော်ရင်ဟိုနဲ့ ယူနိုက်တက်တို ့ကြား တင်းမာမှု ဟာ အမြင့်ဆုံးအခြေအနေထိရောက်နေတယ်လို ့သိရပါတယ်။
ချယ်လ်ဆီးကွင်းလယ်လူဟောင်းကြီး အသက်၃၅ နှစ်အရွယ် မိုက်ကယ်အက်ဆီယန်ဟာ ဂါနာဘောလုံးလက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ပူလီဆစ်ကိုပေါင် ၆၅ သန်းဖြင့် ခေါ်ယူဖို ့စတင်ပြောဆိုဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါတယ်။
ချဲလ်ဆီးအသင်းနောက်ခံလူဒေးဗစ်လူးဝစ်က သူဟာ နည်းပြသစ်ဆာရီရဲ့ ဘောလုံးဒဿနကို ကြိုက်နစ်သက်ပြီး အသင်းမှာပဲဆက်ရှိသွားလိုတယ်လို ့ဖွင့်ဟဝန်ခံသွားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်း ဟာ စပါးအသင်းရဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို ့စီစဉ်နေကြောင်း သိရပါတယ်။
Post a Comment