ဗုဒ္ဓဟူးနေ့ နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းအတိုများ
(Unicode)
ဘက်ဆစ်တပ်စ် နဲ့ ခရိုအေးရှား နောက်ခံလူ ဗီဒါ အပေါ် ပေါင် ၁၉.၅ သန်း ဖြင့် လီဗာပူးအသင်းကကမ်းလှမ်းခဲ့ရာ ပယ်ချခြင်းခံခဲ့ရတယ်လို ့သိရပါတယ်။
Bordeaux အသင်းရဲ့ တိုက်စစ်မှူး မယ်လ်ကွန်ဟာ ရိုမား အသင်းသို ့ရောက်ရှိဖို ့အီတလီကိုရောက်ရှိလာခဲ့ပြီး ပြောဆိုဆွေးနွေးစဉ်မှာ ဘာစီလိုနာ အသင်းက အံသြသင့်ဖွယ် ကြားဖြတ်ခေါ်ယူသွားခဲ့တဲ့အတွက် ဥပဒေလမ်းကြောင်းအရ တရားစွဲဆိုသွားမယ်လို ့ရိုးမားအသင်းအားကစားဒါရိုက်တာ မွန်ချီကပြောကြားသွားပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဒီရာသီငွေသုံးကြမ်းနေတဲ့ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ ့အပေါ်ထောက်ခံအားပေးမှုလုပ်ခဲ့ပြီး လီဗာပူးအသင်းက သူတို ့အတွက် လိုအပ်မယ်ထင်တဲ့ ကစားသမားတွေကို ဝယ်ခဲ့တာ လို ့မှတ်ချက်ပေးခဲ့ပါတယ်။
မန်ယူနိုက်တက်နည်းပြ မော်ရင်ဟိုက လာမယ့်ပရီမီးယားလိပ်ဖလားအားစိန်ခေါ်နိုင်ဖို ့ အသင်းဟာ ကောင်းကောင်းလုံလောက်နေပြီလားလို ့မေးမြန်းမှုအပေါ် မင်းအဖြေကို လုံးဝမဖြေနိုင်ဘူးလို ့ပြန်လည်ပြောကြားသွားခဲ့ကြောင်းသိရပါတယ်။
ဂျပန်လိပ် J1 leagueဟာ လိပ်စည်းမျဉ်းအရ ရာသီဝက်မှာ ကျောနံပါတ်လဲလှယ်ဝတ်ဆင်ခွင့်မရှိသော်လည်း အင်နီယောစတာ ဟာသူ ့ရဲ့ ဗီဆဲလ်အသင်း က အသင်းဖော် Hirotaka Mita ရဲ့ ကျောနံပါတ် ၈ ကို ဝတ်ဆင်ချင်တာကြောင့် J1 league က စည်းမျဉ်းကို ပြင်ဆင်ပေးခဲ့ပြီး Hirotaka Mita က ကျောနံပါတ် ၇ ကို ဝတ်ဆင်ကာ အင်နီယေစတာ က သူ အကြိုက်ဆုံး ကျောနံပါတ် ၈ ကို ဝတ်ဆင်ခွင့်ရရှိခဲ့တယ်လို ့သိရပါတယ်။
Post a Comment