ဘရာဇီးလ္သားေတြ ေနမာကိုဘာလိုု ့စိတ္ဆိုးေနတာလဲ?
ဘရာဇီးလ္အသင္း တိုက္စစ္မႉး ေနမာဟာ ဘရာဇီးလ္အသင္း ေနရပ္ကိုျပန္လာတဲ့အခါ ပရိသတ္ေတြႏွင့္မေတြ႕ဆုံဘဲပရိသတ္မရွိတဲ့ အေပါက္ကေန ထြက္ခြာသြားတဲ့အတြက္ပရိသတ္ေတာ္ေတာ္မ်ားက စိတ္ဆိုးေဒါသထြက္ေနၾကပါတယ္။
ဘရာဇီးလ္ အသင္းဟာ ကြာတားဖိုင္နယ္ မွာ ဘယ္လ္ဂ်ီယံအသင္းကိုရႈံးနိမ့္ကာၿပိဳင္ပြဲက ထြက္ခြာခဲ့ရပါတယ္။ဘရာဇီးလ္အသင္းဟာလက္ရွိအခ်ိန္ မွာ ရႈံးနိမ့္မႈဒဏ္ကို နိုင္ငံကိုျပန္ေရာက္တဲ့အခ်ိန္ အျပင္းအထန္ေဝဖန္ခံေနရၿပီးကစားသမားေတြကိုယ္ေယာင္ေဖ်ာက္ေနဖို႔ဆိုတာခက္ခဲေနပါတယ္။အထူးသျဖင့္တိုက္စစ္မႉးေနမာအတြက္အေတာ္ကိုအခက္ေတြ႕ေနပါတယ္။
ဘရာဇီးလ္နိူင္ငံရဲ့ သတင္းေခါင္းစဥ္ မ်ားမွာေတာ့ ဘရာဇီးလ္ အသင္းရႈံးနိမ့္ျခင္းရဲ့အေၾကာင္းအရင္းတစ္ခုမွာ ေနမာေၾကာင့္ဆိုၿပီး သတင္းလိႈင္လိႈင္ထြက္ေနပါတယ္။
ေနမာဟာ ပြဲစဥ္တိုင္းလိုလိုမွာ အခ်ိန္ျဖဳံးတီးသကဲ့သိုျဖစ္ခဲ့ၿပီး ဒဏ္ရာရရွိတဲ့အခါအလြန္အၾကဴး ဟန္ေဆာင္မႈေတြကိုုျပဳ လုပ္ခဲ့ပါတယ္။ေဝဖန္သူမ်ားက "ဒါဟာေယာက္်ားေတြကစားတဲ့ေဘာလုံးပြဲပါ။လူေၾကာက္ေတြငေပ်ာ့ေတြကစားဖို႔မထိုက္တန္ပါဘူး" လိ့ုအျပင္းအထန္ေဝဖန္ေနၾကပါတယ္။
ေနမာရဲ့ အိမ္ျပန္ခရီးစဥ္မွာ ပရိသတ္ေတြ က သူကိုျမင္ေတြ ့ခ်င္ေနၾကေသာ္လည္း ေနမာက ပရိသတ္ေတြေရွာင္ဖယ္ကာ သြားခဲ့တာ ေၾကာင့္ပရိတ္သတ္ေတြရဲ့အခ်စ္ကေနအမုန္း ကိုေျပာင္းလဲေစခဲ့ပါတယ္။ဒါပင္မယ့္လည္း သူရဲ့အက်ႌေရာင္းအား ႏွင့္ သူရဲ့႐ုပ္သံအစီအစဥ္ေတြကေတာ့ ပရိသတ္တိုးပြားလ်က္ရွိေနဆဲျဖစ္ပါတယ္။
ဘရာဇီးလ္ရဲ့အျဖစ္အပ်က္ကို ပီလီက အင္တာဗ်ဴးတစ္ခုမွာယခုလိုေျပာၾကားသြားပါတယ္။ "ယခုေခတ္က ကစားသမားေတြကၽြန္ေတာ္လို ကစားဖို႔သင့္ခဲ့ပါတယ္။ကၽြန္ေတာ္ ဆန္းတို႔စ္မွာ နံပါတ္၁၀ နဲ႔ကစားခဲ့ၿပီး ဂိုး၁၂၈၁သြင္းယူခဲ့ရပါတယ္။ကမၻာ ့ဖလားကို၃ႀကိမ္ရယူခဲ့တယ္။သို႔ေသာ္ ၂ဝရာစုေနာက္ပိုင္း မွာဘရာဇီးလ္အသင္းရဲ့ စြမ္းရည္ အလြန္အမင္းက်ဆင္းသြားခဲ့ပါၿပီ"
ဘရာဇီးလ်သားတွေ နေမာကိုဘာလိုု ့စိတ်ဆိုးနေတာလဲ?
ဘရာဇီးလ်အသင်း တိုက်စစ်မှူး နေမာဟာ ဘရာဇီးလ်အသင်း နေရပ်ကိုပြန်လာတဲ့အခါ ပရိသတ်တွေနှင့်မတွေ့ဆုံဘဲပရိသတ်မရှိတဲ့ အပေါက်ကနေ ထွက်ခွာသွားတဲ့အတွက်ပရိသတ်တော်တော်များက စိတ်ဆိုးဒေါသထွက်နေကြပါတယ်။
ဘရာဇီးလ် အသင်းဟာ ကွာတားဖိုင်နယ် မှာ ဘယ်လ်ဂျီယံအသင်းကိုရှုံးနိမ့်ကာပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ဘရာဇီးလ်အသင်းဟာလက်ရှိအချိန် မှာ ရှုံးနိမ့်မှုဒဏ်ကို နိုင်ငံကိုပြန်ရောက်တဲ့အချိန် အပြင်းအထန်ဝေဖန်ခံနေရပြီးကစားသမားတွေကိုယ်ယောင်ဖျောက်နေဖို့ဆိုတာခက်ခဲနေပါတယ်။အထူးသဖြင့်တိုက်စစ်မှူးနေမာအတွက်အတော်ကိုအခက်တွေ့နေပါတယ်။
ဘရာဇီးလ်နိူင်ငံရဲ့ သတင်းခေါင်းစဉ် များမှာတော့ ဘရာဇီးလ် အသင်းရှုံးနိမ့်ခြင်းရဲ့အကြောင်းအရင်းတစ်ခုမှာ နေမာကြောင့်ဆိုပြီး သတင်းလှိုင်လှိုင်ထွက်နေပါတယ်။
နေမာဟာ ပွဲစဉ်တိုင်းလိုလိုမှာ အချိန်ဖြုံးတီးသကဲ့သိုဖြစ်ခဲ့ပြီး ဒဏ်ရာရရှိတဲ့အခါအလွန်အကြူး ဟန်ဆောင်မှုတွေကိုုပြု လုပ်ခဲ့ပါတယ်။ဝေဖန်သူများက "ဒါဟာယောက်ျားတွေကစားတဲ့ဘောလုံးပွဲပါ။လူကြောက်တွေငပျော့တွေကစားဖို့မထိုက်တန်ပါဘူး" လိ့ုအပြင်းအထန်ဝေဖန်နေကြပါတယ်။
နေမာရဲ့ အိမ်ပြန်ခရီးစဉ်မှာ ပရိသတ်တွေ က သူကိုမြင်တွေ ့ချင်နေကြသော်လည်း နေမာက ပရိသတ်တွေရှောင်ဖယ်ကာ သွားခဲ့တာ ကြောင့်ပရိတ်သတ်တွေရဲ့အချစ်ကနေအမုန်း ကိုပြောင်းလဲစေခဲ့ပါတယ်။ဒါပင်မယ့်လည်း သူရဲ့အကျႌရောင်းအား နှင့် သူရဲ့ရုပ်သံအစီအစဉ်တွေကတော့ ပရိသတ်တိုးပွားလျက်ရှိနေဆဲဖြစ်ပါတယ်။
ဘရာဇီးလ်ရဲ့အဖြစ်အပျက်ကို ပီလီက အင်တာဗျူးတစ်ခုမှာယခုလိုပြောကြားသွားပါတယ်။ "ယခုခေတ်က ကစားသမားတွေကျွန်တော်လို ကစားဖို့သင့်ခဲ့ပါတယ်။ကျွန်တော် ဆန်းတို့စ်မှာ နံပါတ်၁၀ နဲ့ကစားခဲ့ပြီ း ဂိုး၁၂၈၁သွင်းယူခဲ့ရပါတယ်။ကမ္ဘာ ့ဖလားကို၃ကြိမ်ရယူခဲ့တယ်။သို့သော် ၂ဝရာစုနောက်ပိုင်း မှာဘရာဇီးလ်အသင်းရဲ့ စွမ်းရည် အလွန်အမင်းကျဆင်းသွားခဲ့ပါပြီ"






Post a Comment