Header Ads


ကမာၻ႔ဖလားကို ရယူကာ သမိုင္းသစ္ ေရးထိုးမယ္လို႔ ေပါ့ဘာ ႀကံဳး၀ါး




ေပါလ္ေပါ့ဘာဟာ ကမာၻ႔ဖလားကိုဗိုလ္စြဲးၿပီး သူ႔ရဲ႕ျပင္သစ္ရွပ္အကၤ်ီေပၚမွာ ၾကယ္တစ္လံုး ေပါင္းထည့္ဖို႔စိတ္အားထက္သန္ ေနပါတယ္။
၁၉၉၈ခုနွစ္တုန္းကLES BLEU’S ေတြကေတာ့ သူတို႔ရဲ႕ကိုယ္ပိုင္ဖိုင္နယ္ပြဲစဥ္ေတြမွာအႀကီးအက်ယ္ ေအာင္ျမင္ၿပီးေနာက္ အျပာေရာင္ဂ်ာစီေပၚမွာ ၾကယ္တစ္လံုးတပ္ဆင္ေပးနိုင္ခဲ့ပါၿပီ။သို႔ေသာ္ ေပါ့ဘာနွင့္ သူ႔အသင္းသားေတြဟာအဲ့လိုမ်ိဳး ၾကယ္တစ္လံုးမွ မဆြတ္ခူးနိုင္ေသးသည့္အတြက္ ေပါ့ဘာဟာ ျပင္းျပတဲ့ စိတ္ေတြ ျဖစ္ေနပါတယ္။
လြန္ခဲ့တဲ့ အနွစ္ ၂၀ က ဆီမီးဖိုင္နယ္ပြဲစဥ္ရႈံးနိမ့္မႈအေပၚ ျပင္သစ္ကို ခရိုုေအးရွားရဲ႕ေခ်ပလိုမႈနွင့္ ပတ္သက္ၿပီး ေမးခဲ့ရာ မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္ကစားသမားက သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျဖၾကားသြားခဲ့ပါတယ္။
“ခရိုေအးရွားမွာ ၾကယ္ေတြ မရွိေသးပါဘူး၊သူတို႔လည္း တစ္ခုလိုခ်င္မွာပဲ၊သူတို႔ေကာင္းေကာင္း ကစားခဲ့ပါတယ္။ၿပီးေတာ့ သူတို႔လည္း ကၽြန္ေတာ္တို႔လို ေအာင္ျမင္မႈမွတ္တိုင္ လိုခ်င္မွာပါပဲ။
ကၽြန္ေတာ့္မွာၾကယ္မရွိေသးဘူး၊ ရွပ္အကၤ်ီေပၚမွာေတာ့ရွိတယ္၊ဒါေပမယ့္ကၽြန္ေတာ္နိုင္ခဲ့တာ မဟုတ္ဘူး၊အျခားကစားသမား အားလံုးလိုပဲကၽြန္ေတာ္တို့လည္းအဲဒါကိုရဖို႔ ႀကိဳးစားေနၾကတာပါ၊ဒါဟာ တကယ့္ကို ခက္ခဲမယ့္ပြဲႀကီးပြဲေကာင္း ကမာၻ႔ဖလားဖိုင္နယ္ ျဖစ္လာပါလိမ့္မယ္။”

ရႈံးထြက္ပဲြစဥ္မ်ားမွာ ခရိုေအးရွားအသင္းက အခ်ိန္ပိုမွာ ၾက့ံၾက့ံခံ ကစားခဲ့ျခင္းေၾကာင္ ့တနဂၤေႏြေန႔ ဖိုင္နယ္ပဲြစဥ္မွာ ျပင္သစ္အသင္းက ဦးေဆာင္နိုင္လိမ့္မယ္လို႔အမ်ားက ထင္ျမင္ထားၾကတယ္။ဒါေပမယ့္၊ ေပါ့ဘာကေတာ့ ခုလိုမ်ိဳးပံုစံမေဖာ္ျပခဲ့ပါဘူး။
သူေျပာခဲ့တာက “ကၽြန္ေတာ္တို႔ ဒီလိုမေတြးပါဘူး၊ခရိုေအးရွားဟာ အဂၤလန္နဲ႔ တကယ့္ကို ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ကစားခဲ့ၾကတာပါ။အသင္းက ၂ သင္း၊ ဖလားက ၁ လံုး။ ကၽြန္ေတာ္တို႔ထက္ သူတို႔က မိနစ္ ၉၀ ထက္ေက်ာ္ကာ(အခ်ိန္ပို) ကစားခဲ့တယ္။အဲ့ဒါက သူတို႔အတြက္ ဆိုးက်ိဳးရွိလာလိမ့္မလားေတာ့ မသိဘူး၊ ဒါမွမဟုတ္ သူတို႔ရဲ႕ ပိုျပီးအနိုင္လိုျပင္းျပမႈကို သူတို႔ျပလာလိမ့္မလားေပါ့ေလ။
ကၽြန္ေတာ့အေနနဲ႔ကေတာ့၊ ကၽြန္ေတာ္တို႔ဟာ အေတာ္ဆံုးေတြ မဟုတ္ပါဘူး။ ပြဲစဥ္ေတြရဲ႕ အစမွာကတည္းက ကၽြန္ေတာ္တေတြ ကစားခဲ့တဲ့ကၽြန္ေတာ္တို႔ရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကိုေတာ့ ကၽြန္ေတာ္တို႔ေတြ မေမ့ၾကပါဘူး။
ကၽြန္ေတာ္တို႔ကေတာ့ ဘာမွ မလုပ္ရေသးပါဘူး။”
လုကာမိုဒရစ္ ဦးေဆာင္တဲ့ ခရိုေအးရွားအသင္းဟာ ဆီမီီးဖိုင္နယ္မွာ အဂၤလန္အသင္းကိုု  အခ်ိန္ပိုအတြင္းမွာပဲ ဂိုး ၁ ဂိုးနဲ႔ အနိုင္ရရွိခဲ့တာပါ။သို႔ေသာ္ ေပါ့ဘာအတြက္ေတာ့ ၿခိမ္းေျခာက္မႈတစ္ခုလည္းျဖစ္ရင္ ျဖစ္လာပါလိမ့္မယ္။ ဒီအတြက္ ရီရဲမက္ဒရစ္ ရဲ႕ ကြင္းလယ္ ဖန္တီးရွင္နွင္ ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ “မိုဒရစ္မွ မဟုတ္ပါဘူး၊ ရာခစ္တစ္တို႔၊ ပယ္ရီဆစ္တို႔၊ ခံစစ္ ကစားသမားေတြလည္း အေရးပါပါတယ္။ မိုဒရစ္အတြက္ ကစားကြက္ရယ္ ရွိမယ္လို႔ ကၽြန္ေတာ္ မထင္ဘူး၊ ကစားသမားတိုင္းအတြက္ သူအေရးပါတဲ့ ကစားကြက္ေတြ ခ်ည္းပါပဲ။”



(Unicode)

ပေါလ်ပေါ့ဘာဟာ ကမ္ဘာ့ဖလားကိုဗိုလ်စွဲးပြီး သူ့ရဲ့ပြင်သစ်ရှပ်အင်္ကျီပေါ်မှာ ကြယ်တစ်လုံး ပေါင်းထည့်ဖို့စိတ်အားထက်သန် နေပါတယ်။
၁၉၉၈ခုနှစ်တုန်းကLES BLEU’S တွေကတော့ သူတို့ရဲ့ကိုယ်ပိုင်ဖိုင်နယ်ပွဲစဉ်တွေမှာအကြီးအကျယ် အောင်မြင်ပြီးနောက် အပြာရောင်ဂျာစီပေါ်မှာ ကြယ်တစ်လုံးတပ်ဆင်ပေးနိုင်ခဲ့ပါပြီ။သို့သော် ပေါ့ဘာနှင့် သူ့အသင်းသားတွေဟာအဲ့လိုမျိုး ကြယ်တစ်လုံးမှ မဆွတ်ခူးနိုင်သေးသည့်အတွက် ပေါ့ဘာဟာ ပြင်းပြတဲ့ စိတ်တွေ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ က ဆီမီးဖိုင်နယ်ပွဲစဉ်ရှုံးနိမ့်မှုအပေါ် ပြင်သစ်ကို ခရိုုအေးရှားရဲ့ချေပလိုမှုနှင့် ပတ်သက်ပြီး မေးခဲ့ရာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။
“ခရိုအေးရှားမှာ ကြယ်တွေ မရှိသေးပါဘူး၊သူတို့လည်း တစ်ခုလိုချင်မှာပဲ၊သူတို့ကောင်းကောင်း ကစားခဲ့ပါတယ်။ပြီးတော့ သူတို့လည်း ကျွန်တော်တို့လို အောင်မြင်မှုမှတ်တိုင် လိုချင်မှာပါပဲ။
ကျွန်တော့်မှာကြယ်မရှိသေးဘူး၊ ရှပ်အင်္ကျီပေါ်မှာတော့ရှိတယ်၊ဒါပေမယ့်ကျွန်တော်နိုင်ခဲ့တာ မဟုတ်ဘူး၊အခြားကစားသမား အားလုံးလိုပဲကျွန်တော်တို့လည်းအဲဒါကိုရဖို့ ကြိုးစားနေကြတာပါ၊ဒါဟာ တကယ့်ကို ခက်ခဲမယ့်ပွဲကြီးပွဲကောင်း ကမ္ဘာ့ဖလားဖိုင်နယ် ဖြစ်လာပါလိမ့်မယ်။”


ရှုံးထွက်ပွဲစဉ်များမှာ ခရိုအေးရှားအသင်းက အချိန်ပိုမှာ ကြ့ံကြ့ံခံ ကစားခဲ့ခြင်းကြောင် ့တနင်္ဂနွေနေ့ ဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းက ဦးဆောင်နိုင်လိမ့်မယ်လို့အများက ထင်မြင်ထားကြတယ်။ဒါပေမယ့်၊ ပေါ့ဘာကတော့ ခုလိုမျိုးပုံစံမဖော်ပြခဲ့ပါဘူး။
သူပြောခဲ့တာက “ကျွန်တော်တို့ ဒီလိုမတွေးပါဘူး၊ခရိုအေးရှားဟာ အင်္ဂလန်နဲ့ တကယ့်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။အသင်းက ၂ သင်း၊ ဖလားက ၁ လုံး။ ကျွန်တော်တို့ထက် သူတို့က မိနစ် ၉၀ ထက်ကျော်ကာ(အချိန်ပို) ကစားခဲ့တယ်။အဲ့ဒါက သူတို့အတွက် ဆိုးကျိုးရှိလာလိမ့်မလားတော့ မသိဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ပိုပြီးအနိုင်လိုပြင်းပြမှုကို သူတို့ပြလာလိမ့်မလားပေါ့လေ။
ကျွန်တော့အနေနဲ့ကတော့၊ ကျွန်တော်တို့ဟာ အတော်ဆုံးတွေ မဟုတ်ပါဘူး။ ပွဲစဉ်တွေရဲ့ အစမှာကတည်းက ကျွန်တော်တတွေ ကစားခဲ့တဲ့ကျွန်တော်တို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုတော့ ကျွန်တော်တို့တွေ မမေ့ကြပါဘူး။
ကျွန်တော်တို့ကတော့ ဘာမှ မလုပ်ရသေးပါဘူး။”

လုကာမိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားအသင်းဟာ ဆီမီီးဖိုင်နယ်မှာ အင်္ဂလန်အသင်းကိုု  အချိန်ပိုအတွင်းမှာပဲ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။သို့သော် ပေါ့ဘာအတွက်တော့ ခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်ရင် ဖြစ်လာပါလိမ့်မယ်။ ဒီအတွက် ရီရဲမက်ဒရစ် ရဲ့ ကွင်းလယ် ဖန်တီးရှင်နှင် ပတ်သက်ပြီး မေးမြန်းခဲ့ရာ “မိုဒရစ်မှ မဟုတ်ပါဘူး၊ ရာခစ်တစ်တို့၊ ပယ်ရီဆစ်တို့၊ ခံစစ် ကစားသမားတွေလည်း အရေးပါပါတယ်။ မိုဒရစ်အတွက် ကစားကွက်ရယ် ရှိမယ်လို့ ကျွန်တော် မထင်ဘူး၊ ကစားသမားတိုင်းအတွက် သူအရေးပါတဲ့ ကစားကွက်တွေ ချည်းပါပဲ။”

No comments

Powered by Blogger.