ဒီ ရံႈးပြဲအတြက္ အက်ိဳးဆက္ကို လက္ခံပါတယ္ ##ရယ္လ္ဟိုး
နည္းျပ ဖာနန္ဒို ရယ္ဟိုးလ္ ရဲ႕ စပိန္အသင္းဟာ ၁၆ ရံႈးထြက္အဆင့္ ၿပိဳင္ပြဲမွာ အိမ္ရွင္႐ုရွား အသင္းကို ပယ္နယ္တီ အဆံုးအျဖတ္ခံယူရင္း အေရးနိမ့္ခဲ့ပါတယ္။
ပြဲခ်ိန္ မိနစ္ ၉၀ အတြင္း ၁ ဂိုးစီသေရ က်ခဲ့တဲ့ အတြက္ အခ်ိန္ပို မိနစ္ ၃၀ ဆက္လက္ကစားခဲ့ေသာ္လည္း အေျဖမေပၚတာေၾကာင့္ ပယ္နယ္တီ အဆံုးအျဖတ္ခံယူခဲ့ရတာပဲျဖစ္ပါတယ္။
စပိန္နည္းျပ ရယ္ဟိုးလ္ က ေတာ့ ကမာၻ ့ဖလားၿပိဳင္ပြဲ မတိုင္ခင္ ၂ရက္အလိုေလာက္မွ နည္းျပ တာဝန္ကို ရယူခဲ့ရေသာ္လည္း ေနာင္တမရေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။
ဒါ့အျပင္ ႐ုရွားအသင္းဟာ ခံစစ္မွာ အားလံုးစုျပံဳပိတ္ဆို ့ကစားေသာ္လည္း စပိန္အသင္းရဲ႕ ပံုစံျဖစ္တဲ့ ေဘာလံုးပိုင္ဆိုင္မႈ ကစားဟန္ကို မစြန္ ့လႊတ္သင့္ေၾကာင္း ရယ္ဟိုးလ္က ေျပာၾကားခဲ့ပါေသးတယ္။
" စပိန္တစ္မ်ိဳးသားလံုးေတြ လိုပါပဲ၊ ကၽြန္ေတာ္တို ့လည္း ရည္မွန္းခ်က္ ျမင့္ျမင့္ ထားခဲ့ၾကပါတယ္။ လူသန္းေပါင္းမ်ားစြာ အတြက္ ဘာမွ မလုပ္ေပးႏိုင္ခဲ့ပဲ အိမ္ျပန္လာခဲ့ရလို ့ကၽြန္ေတာ္တို ့ဝမ္နည္းခဲ့ၾကရပါတယ္။"
" ဒါဟာ ေဘာလံုးေလာ က ရဲ ့ေမးခြန္း တစ္ခုပါပဲ။ ႏိုင္မွာလား? ရံႈးမွာလား? ဒါပါပဲ။ ကၽြန္ေတာ့္ ကစားသမားေတြရဲ႕ မ်က္လံုးေတြကိုေသခ်ာစိုက္ၾကည့္ၿပီး ေျပာႏိုင္ပါတယ္။ သူတို ့ဟာစပိန္ အသင္းအတြက္ အထူး အားထုတ္ခဲ့ၾကပါတယ္။သူ တို ့ရဲ႕ ပေရာဖယ္ရွင္နယ္ဆန္မႈေတြ၊ သူတို ့ရဲ႕ မာေက်ာၾကံခိုင္မႈေတြကို သက္ေသျပသြားခဲ့ပါတယ္။"
"ဒီမွာ တာဝန္ရွိသူေတြအားလံုးေရာ၊ ကစားသမားေတြ အားလံုးေရာ၊ နည္းျပ ဝန္ထမ္းေတြေရာ၊ အလုပ္သမားေတြ ေရာ အရမ္းခံစားခဲ့ၾကပါတယ္။ ဒီကမာၻ ့ဖလား ၿပိဳင္ပြဲကို အရမ္းအားခဲေမွ်ာ္လင့္ခဲ့တာပါ။ ဒါပင္မယ့္ ကၽြန္ေတာ္တို ့အတြက္ ျဖစ္မလာခဲ့ပါဘူး။ ဒါပင္မယ့္ ဘယ္တစ္ေယာက္နဲ႔ မွ ကၽြန္ေတာ္အတိုက္အခံလုပ္ၿပီး ျငင္းဆန္ေနမွ မဟုတ္ပါဘူး။"
စပိန္နည္းျပေဟာင္း လိုပက္တဂီဟာ ရီးရဲလ္နည္းျပ ရာထူးကို လက္ခံခဲ့တဲ့အတြက္ စပိန္ FA က လိုပက္တဂီ ကို ထုတ္ပယ္ခဲ့ၿပီး ရယ္ဟိုးလ္ကို နည္းျပအသစ္ခန္ ့အပ္ခဲ့ပါတယ္။
ရယ္လ္ဟိုး က လိုပက္တဂီ ရဲ႕ နည္းျပအဖြဲ႕အဝင္တစ္ဦးလည္း ျဖစ္ပါတယ္။
" ကၽြန္ေတာ္ဟာ အတိုက္အခံတစ္ဦး မဟုတ္ပါဘူး။ ေပၚတူဂီ ပြဲမတိုင္ခင္ ၂ရက္ေလာက္အလို မွ နည္းျပ တစ္ေယာက္အျဖစ္လက္ခံရတာေတြ ကို ေနာက္ျပန္ေျပာစရာ မရွိပါဘူး။ ကၽြန္ေတာ္ လုပ္ရမယ့္ အရာေတြကို ေတြးေတာခဲ့ပါတယ္။ ဒီ ရံႈးပြဲအတြက္ အက်ိဳးဆက္ကို လက္ခံပါတယ္။" လို ့ပြဲအၿပီး
အင္တာဗ်ဴးမွာ ေျပာၾကားသြားပါတယ္။
စပိန္အသင္းဟာ ပယ္နယ္တီ အဆံုးအျဖတ္ ခံယူခဲ့ရာမွာ အသင္းကစားေတြ ျဖစ္ၾကတဲ့ ကိုကီ၊ အက္စ္ပတ္ တို ့ ဂိုးဝင္ေအာင္ မကန္သြင္းႏိုင္ခဲ့တဲ့ အတြက္ အခုလိုရံႈးနိမ့္ခဲ့ရတာပဲျဖစ္ပါတယ္။
#MailOnline
#FridayFlavors
နည်းပြ ဖာနန်ဒို ရယ်ဟိုးလ် ရဲ့ စပိန်အသင်းဟာ ၁၆ ရှုံးထွက်အဆင့် ပြိုင်ပွဲမှာ အိမ်ရှင်ရုရှား အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ခံယူရင်း အရေးနိမ့်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၉၀ အတွင်း ၁ ဂိုးစီသရေ ကျခဲ့တဲ့ အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့သော်လည်း အဖြေမပေါ်တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာပဲဖြစ်ပါတယ်။
စပိန်နည်းပြ ရယ်ဟိုးလ် က တော့ ကမ္ဘာ ့ဖလားပြိုင်ပွဲ မတိုင်ခင် ၂ရက်အလိုလောက်မှ နည်းပြ တာဝန်ကို ရယူခဲ့ရသော်လည်း နောင်တမရကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားအသင်းဟာ ခံစစ်မှာ အားလုံးစုပြုံပိတ်ဆို ့ကစားသော်လည်း စပိန်အသင်းရဲ့ ပုံစံဖြစ်တဲ့ ဘောလုံးပိုင်ဆိုင်မှု ကစားဟန်ကို မစွန် ့လွှတ်သင့်ကြောင်း ရယ်ဟိုးလ်က ပြောကြားခဲ့ပါသေးတယ်။
" စပိန်တစ်မျိုးသားလုံးတွေ လိုပါပဲ၊ ကျွန်တော်တို ့လည်း ရည်မှန်းချက် မြင့်မြင့် ထားခဲ့ကြပါတယ်။ လူသန်းပေါင်းများစွာ အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ပဲ အိမ်ပြန်လာခဲ့ရလို ့ကျွန်တော်တို ့ဝမ်နည်းခဲ့ကြရပါတယ်။"
" ဒါဟာ ဘောလုံးလော က ရဲ ့မေးခွန်း တစ်ခုပါပဲ။ နိုင်မှာလား? ရှုံးမှာလား? ဒါပါပဲ။ ကျွန်တော့် ကစားသမားတွေရဲ့ မျက်လုံးတွေကိုသေချာစိုက်ကြည့်ပြီး ပြောနိုင်ပါတယ်။ သူတို ့ဟာစပိန် အသင်းအတွက် အထူး အားထုတ်ခဲ့ကြပါတယ်။သူ တို ့ရဲ့ ပရောဖယ်ရှင်နယ်ဆန်မှုတွေ၊ သူတို ့ရဲ့ မာကျောကြံခိုင်မှုတွေကို သက်သေပြသွားခဲ့ပါတယ်။"
"ဒီမှာ တာဝန်ရှိသူတွေအားလုံးရော၊ ကစားသမားတွေ အားလုံးရော၊ နည်းပြ ဝန်ထမ်းတွေရော၊ အလုပ်သမားတွေ ရော အရမ်းခံစားခဲ့ကြပါတယ်။ ဒီကမ္ဘာ ့ဖလား ပြိုင်ပွဲကို အရမ်းအားခဲမျှော်လင့်ခဲ့တာပါ။ ဒါပင်မယ့် ကျွန်တော်တို ့အတွက် ဖြစ်မလာခဲ့ပါဘူး။ ဒါပင်မယ့် ဘယ်တစ်ယောက်နဲ့ မှ ကျွန်တော်အတိုက်အခံလုပ်ပြီး ငြင်းဆန်နေမှ မဟုတ်ပါဘူး။"
စပိန်နည်းပြဟောင်း လိုပက်တဂီဟာ ရီးရဲလ်နည်းပြ ရာထူးကို လက်ခံခဲ့တဲ့အတွက် စပိန် FA က လိုပက်တဂီ ကို ထုတ်ပယ်ခဲ့ပြီး ရယ်ဟိုးလ်ကို နည်းပြအသစ်ခန် ့အပ်ခဲ့ပါတယ်။
ရယ်လ်ဟိုး က လိုပက်တဂီ ရဲ့ နည်းပြအဖွဲ့အဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
" ကျွန်တော်ဟာ အတိုက်အခံတစ်ဦး မဟုတ်ပါဘူး။ ပေါ်တူဂီ ပွဲမတိုင်ခင် ၂ရက်လောက်အလို မှ နည်းပြ တစ်ယောက်အဖြစ်လက်ခံရတာတွေ ကို နောက်ပြန်ပြောစရာ မရှိပါဘူး။ ကျွန်တော် လုပ်ရမယ့် အရာတွေကို တွေးတောခဲ့ပါတယ်။ ဒီ ရှုံးပွဲအတွက် အကျိုးဆက်ကို လက်ခံပါတယ်။" လို ့ပွဲအပြီး
အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
စပိန်အသင်းဟာ ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ အသင်းကစားတွေ ဖြစ်ကြတဲ့ ကိုကီ၊ အက်စ်ပတ်တို ့ ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တဲ့ အတွက် အခုလိုရှုံးနိမ့်ခဲ့ရတာပဲဖြစ်ပါတယ်။
#MailOnline
#FridayFlavors
Post a Comment