Header Ads
.ဂရစ်ဇမန်း
ပြင်သစ်အသင်းရဲ့ Playmaker အန်တိုနီယို ဂရစ်ဇမန်း ဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲအစမှာတော့ခြေစွမ်းပြဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။အသင်းမှာ ကစားနေတဲ့ ဂရစ်ဇမန်းအပါအဝင် အခြားသောကစားသမားများဟာလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပြီး သူတို့ အားလုံးဟာ နှေးကွေးလေးလံနေတာကိုတွေ့ ခဲ့ရပါတယ်။ဒါပင်မယ့်လည်း အုပ်စုပွဲစဉ်တွေမှာ တစ်ပွဲပြီး တစ်ပွဲခြေတွေ့ လာတဲ့ ပြင်သစ်အသင်းဟာ လူငယ်ကစားသမားလေး မက်ပီရဲ့ ထွန်းတောက်လာမှုနဲ့ အတူ ကွာတားအဆင့်ထိတက်ရောက်လာခဲ့ပါတယ်။
 ဂရစ်ဇမန်းဟာ အခုအချိန်မှာတော့ ပြင်သစ်အသင်းရဲ့ တိုက်စစ်မှာ နားလည်မှုကောင်းကောင်း ရရှိထားပြီး တစ်ဖက်အသင်းနောက်တန်း တွေ ကို ပုံမှန်ချိန်းခြောက်နိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်နေပါပြီ။
၎။ ဒီဘရိုင်း
ဒေးဗစ်ဘက်ခမ်းလက်သစ် လို့ တင်စားခြင်းခံထားရတဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်း ဟာ ဘရာဇီး အသင်းနဲ့ ပွဲမှာ အားပါ ပြင်းထန်တဲ့ ကန်ချက်သွင်းဂိုး ကို သွင်းယူပေးခဲ့ပြီး ဘရာဇီး ဂိုးသမား အယ်လီဆန် အတွက် အိပ်မက်ဆိုးတစ်ဖွယ်ဖြစ်ခဲ့ပါတယ်။
သူဟာ ဘယ်လ်ဂျီယံ အသင်းရဲ့ အုပ်စုပွဲစဉ်တွေမှာ ကွင်းလယ်အတွင်းလူနေရာအဖြစ် ကစားခဲ့ရပြီး သူ့ ရဲ့ အစွမ်းထက်မှုကို မပြနိုင်ခဲ့ပါဘူး။
ဒါပင်မယ့် အသင်းဖော်တွေ ဖြစ်တဲ့ လူကာကူ၊ ဟာဇက်တို့ ဂိုးသွင်းပြီး နေရာလွတ်တွေ အများကြီး ပုံဖော်နိုင်အောင် မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ကူညီပေးနေတာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းရဲ့ တန်ပြန်တိုက်စစ်ကို ပုံဖော်ရာမှာ ဒီဘရိုင်း ကအခရာကြနေပါတယ်။
ဘရာဇီး ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ပေါ်လင်ဟို၊ ဖာနန်ဒင်ဟို တို့ဟာ ဒီဘရိုင်း ကို ထိန်းချုပ်ဖို့ အတော်လေးခက်ခဲနေခဲ့တာတွေ့ ရပြီး အဆိုပါကွင်းလယ်လူရဲ့ ဘောလုံးအမြင်စူးရှ မှုနဲ့ ကစ်ပါဝါ ကောင်းမှုက ဘယ်လ်ဂျီယံ အသင်းကို ဆီမီးဖိုင်နယ်အထိ တက်ရောက်စေခဲ့တာ အမှန်ပါပဲ။
.ကော်တိုရစ်
ဘယ်လ်ဂျီယံ အသင်းဟာအုပ်စုပွဲစဉ်တွေမှာ ပနားမား၊တူနီးရှား တို့ လို အသင်းမျိုးတွေ နဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အတွက် သူတို့ အသင်း ဂိုးသမား ကော်တိုရစ် ရဲ့ လက်စွမ်းအမှန်ကို စမ်းသပ်ခွင့်မရခဲ့ပါဘူး။
ဒါပင်မယ့် ဘရာဇီး နဲ့ ကွာတားပွဲမှာ တော့ အရေးပါတဲ့ ကာကွယ်မှုတွေကို ချဲလ်ဆီး ဂိုးသမားကော်တိုရစ် လုပ်ဆောင်ပြခဲ့ပါတယ်။
အားလုံးပြောစမှတ်ဖြစ်ခဲ့တာကတော့ ဘရာဇီးစတားနေမာရဲ့ ချေပဂိုး သေချာပေါက်နီးပါး ဖြစ်လောက်တဲ့ ဘောလုံးကို လေပေါ်မှာ ဆန့် ထုတ်ပြီး ပုတ်ထုတ်ပြသွားခဲ့တာဟာ တကယ်တော်တဲ့ ဂိုးသမားတွေရဲ့ လက္ခဏာ တွေပါ။
လွန်ခဲ့ တဲ့ပွဲ တွေမှာ လုပ်ကွက်နည်းခဲ့တဲ့ ကော်တိုရစ်ဟာ တကယ် အကြိတ်အနယ် ဖမ်းရမယ့် ပွဲမှာတော့ သူ့ ဘက် ကအကောင်းဆုံး လုပ်ပြပေးခဲ့တဲ့ ဂိုးသမားတစ်ယောက်ဖြစ်နေပါပြီ။
.ပစ်ဖို့ ဒ်
အင်္ဂလန်ဂိုးသမားလေး ပစ်ဖို့ ဒ်ဟာ လည်း အင်္ဂလန် အသင်းအတွက် မရှိမဖြစ် ဂိုးသမားဖြစ်လာခဲ့ပါပြီ။
ကိုလံဘီယာနဲ့ ပွဲမှာ ဘာကာရဲ့ ဂိုးကို ကာကွယ်ပုတ်ထုတ်ပြခဲ့တဲ့ ပစ်ဖို့ ဒ်ဟာ အင်္ဂလန် အသင်းရဲ့ သူရဲကောင်း တစ်ဦးဖြစ်လာပါတယ်။
ဆွီဒင်နဲ့ ကွာတားဖိုင်နယ်ပွဲမှာ လည်း ကယ်လီဆင်၊ ဘာကာ တို့ ရဲ့ အပိုင်ဂိုးတွေ ကိုစွမ်းစွမ်းတမံ ကာကွယ်ပြသွားတဲ့ ပစ်ဖို့ ဒ်ဟာ အရပ်အမောင်း သေးသော်လည်း လျင်မြန်ဖြတ်လတ်တဲ့ ဂိုးသမားတစ်ယောက်ဖြစ်နေပါပြီ။
 မနေ့ ညက ဆွီဒင်နဲ့ ပွဲ မှာ Man Of the Match ရရှိခဲ့တဲ့ ဂိုးသမားပစ်ဖို့ ဒ်ဟာ အင်္ဂလန် အသင်းကို ၁၉၉၀ နောက်ပိုင်း ဆီမီးဖိုင်နယ်တက်စေခဲ့တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်နေပါပြီ။
.လူကာမိုဒရစ်
ခရိုအေးရှား ရဲ့ play maker အသင်းခေါင်းဆောင် မိုဒရစ် ဟာ လက်ရှိ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ တော်တော်လေးခြေစွမ်းပြကစားနေတာကို တွေ့ ရပါတယ်။
မိုဒရစ်ဟာ ကွင်းလယ်ကြောတစ်လျှောက်မှာ အတက်အဆင်းနဲ့ ပြေးပြေးလွှားလွှားကစားပေးနေပြီ ခရိုအေးရှား အသင်းအတွက် အခွင့်အရေးပေါင်းများစွာကို ဖန်တီးပေးလျက်ရှိပါတယ်။
ဒိန်းမတ်နဲ့ ပွဲမှာ သူဟာ ပယ်နယ်တီ လွဲချော်မှု ရှိခဲ့သော်လည်း ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ မိုဒရစ် ဟာ ခရိုအေးရှား အသင်းရဲ့ မရှိမဖြစ်ကစားသမားတစ်ဦးဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
(Unicode)
ကွာတားဖိုင်နယ်ပွဲစဉ်များအပြီးပိုမိုထွန်းတောက်လာတဲ့ကစားသမား၅ဦး
ကမ္ဘာ ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်များဟာယမန်နေ ့ည က ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တဲ့ အသင်းများလည်းပေါ်ထွက်လာခဲ့ပြီး အင်္ဂလန် နဲ့ ခရိုအေးရား ဘယ်လ်ဂျီယံ နဲ့ ပြင်သစ်အသင်းတို ့ဟာ ထိပ်တိုက်တွေ ့ဆုံနေကြပါတယ်။ ကိုယ့်နိုင်ငံအသင်းကို ဆီမီးဖိုင်နယ်အဆင့်ထိရောက်အောင်ဆွဲတင်နိုင်ခဲ့ပြီး ပိုမို ထွန်းတောက်ခြေစွမ်းပြလာတဲ့ ကစားသမား ၅ ဦး ကို ကျွန်တော်တုုိ ့အားလုံး သတိထားမိလာခဲ့ကြပါတယ်။
၅.ဂရစ်ဇမန်း
ပြင်သစ်အသင်းရဲ့ Playmaker အန်တိုနီယို ဂရစ်ဇမန်း ဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲအစမာတော့ခြေစွမ်းပြဖို ့အတော်လေးရုန်းကန်ခဲ့ရပါတယ်။အသင်းမာ ကစားနေတဲ့ ဂရစ်ဇမန်းအပါအဝင် အခြားသောကစားသမားများဟာလည်း ခြေစွမ်းပြဖို ့ရုန်းကန်နေခဲ့ရပြီး သူတို ့အားလုံးဟာ နေးကွေးလေးလံနေတာကိုတွေ ့ခဲ့ရပါတယ်။ဒါပင်မယ့်လည်း အုပ်စုပွဲစဉ်တွေမာ တစ်ပွဲပြီး တစ်ပွဲခြေတွေ ့လာတဲ့ ပြင်သစ်အသင်းဟာ လူငယ်ကစားသမားလေး မက်ပီရဲ့ ထွန်းတောက်လာမုနဲ့ အတူ ကွာတားအဆင့်ထိတက်ရောက်လာခဲ့ပါတယ်။
ဒါပင်မယ့် ဆီမီးဖိုင်နယ်အဆင့်ကို ပြင်သစ်အသင်းအားဆွဲတင်ပေးခဲ့တဲ့ သူကတော့ အက်တလက်တီကိုစတား ဂရစ်ဇမန်းပဲဖြစ်ပါတယ်။
သူဟာ ဗာရိန်းရဲ့ သွင်းဂိုးကို ဖရီးကစ်ကနေ တစ်ဆင့်ဖန်တီးပေးခဲ့တဲ့အပြင် ကိုယ်တိုင်လည်း ပြင်းထန်အားပါတဲ့ အဝေးကန်ချက် သွင်းဂိုးကို ပြင်သစ်အသင်းအတွက်ရယူပေးခဲ့ပါတယ်။
 ဂရစ်ဇမန်းဟာ အခုအချိန်မာတော့ ပြင်သစ်အသင်းရဲ့ တိုက်စစ်မာ နားလည်မုကောင်းကောင်း ရရိထားပြီး တစ်ဖက်အသင်းနောက်တန်း တွေ ကို ပုံမန်ချိန်းခြောက်နိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်နေပါပြီ။
၄။ ဒီဘရိုင်း
ဒေးဗစ်ဘက်ခမ်းလက်သစ် လို ့တင်စားခြင်းခံထားရတဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်း ဟာ ဘရာဇီး အသင်းနဲ့ ပွဲမာ အားပါ ပြင်းထန်တဲ့ ကန်ချက်သွင်းဂိုး ကို သွင်းယူပေးခဲ့ပြီး ဘရာဇီး ဂိုးသမား အယ်လီဆန် အတွက် အိပ်မက်ဆိုးတစ်ဖွယ်ဖြစ်ခဲ့ပါတယ်။
သူဟာ ဘယ်လ်ဂျီယံ အသင်းရဲ့ အုပ်စုပွဲစဉ်တွေမာ ကွင်းလယ်အတွင်းလူနေရာအဖြစ် ကစားခဲ့ရပြီး သူ ့ရဲ့ အစွမ်းထက်မုကို မပြနိုင်ခဲ့ပါဘူး။
ဒါပင်မယ့် အသင်းဖော်တွေ ဖြစ်တဲ့ လူကာကူ၊ ဟာဇက်တို ့ဂိုးသွင်းပြီး နေရာလွတ်တွေ အများကြီး ပုံဖော်နိုင်အောင် မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ကူညီပေးနေတာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းရဲ့ တန်ပြန်တိုက်စစ်ကို ပုံဖော်ရာမာ ဒီဘရိုင်း ကအခရာကြနေပါတယ်။
ဘရာဇီး ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ပေါ်လင်ဟို၊ ဖာနန်ဒင်ဟို တို့ဟာ ဒီဘရိုင်း ကို ထိန်းချုပ်ဖို ့အတော်လေးခက်ခဲနေခဲ့တာတွေ ့ရပြီး အဆိုပါကွင်းလယ်လူရဲ့ ဘောလုံးအမြင်စူးရုနဲ့ ကစ်ပါဝါ ကောင်းမုက ဘယ်လ်ဂျီယံ အသင်းကို ဆီမီးဖိုင်နယ်အထိ တက်ရောက်စေခဲ့တာ အမန်ပါပဲ။
၃.ကော်တိုရစ်
ဘယ်လ်ဂျီယံ အသင်းဟာအုပ်စုပွဲစဉ်တွေမာ ပနားမား၊တူနီးရား တို ့လို အသင်းမျိုးတွေ နဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အတွက် သူတို ့အသင်း ဂိုးသမား ကော်တိုရစ် ရဲ့ လက်စွမ်းအမန်ကို စမ်းသပ်ခွင့်မရခဲ့ပါဘူး။
ဒါပင်မယ့် ဘရာဇီး နဲ့ ကွာတားပွဲမာ တော့ အရေးပါတဲ့ ကာကွယ်မုတွေကို ချဲလ်ဆီး ဂိုးသမားကော်တိုရစ် လုပ်ဆောင်ပြခဲ့ပါတယ်။
အားလုံးပြောစမတ်ဖြစ်ခဲ့တာကတော့ ဘရာဇီးစတားနေမာရဲ့ ချေပဂိုး သေချာပေါက်နီးပါး ဖြစ်လောက်တဲ့ ဘောလုံးကို လေပေါ်မာ ဆန် ့ထုတ်ပြီး ပုတ်ထုတ်ပြသွားခဲ့တာဟာ တကယ်တော်တဲ့ ဂိုးသမားတွေရဲ့ လက္ခဏာ တွေပါ။
လွန်ခဲ့ တဲ့ပွဲ တွေမာ လုပ်ကွက်နည်းခဲ့တဲ့ ကော်တိုရစ်ဟာ တကယ် အကြိတ်အနယ် ဖမ်းရမယ့် ပွဲမာတော့ သူ ့ဘက် ကအကောင်းဆုံး လုပ်ပြပေးခဲ့တဲ့ ဂိုးသမားတစ်ယောက်ဖြစ်နေပါပြီ။
၂.ပစ်ဖို ့ဒ်
အင်္ဂလန်ဂိုးသမားလေး ပစ်ဖို ့ဒ်ဟာ လည်း အင်္ဂလန် အသင်းအတွက် မရိမဖြစ် ဂိုးသမားဖြစ်လာခဲ့ပါပြီ။
ကိုလံဘီယာနဲ ့ပွဲမာ ဘာကာရဲ့ ဂိုးကို ကာကွယ်ပုတ်ထုတ်ပြခဲ့တဲ့ ပစ်ဖို ့ဒ်ဟာ အင်္ဂလန် အသင်းရဲ့ သူရဲကောင်း တစ်ဦးဖြစ်လာပါတယ်။
ဆွီဒင်နဲ့ ကွာတားဖိုင်နယ်ပွဲမာ လည်း ကယ်လီဆင်၊ ဘာကာ တို ့ရဲ့ အပိုင်ဂိုးတွေ ကိုစွမ်းစွမ်းတမံ ကာကွယ်ပြသွားတဲ့ ပစ်ဖို ့ဒ်ဟာ အရပ်အမောင်း သေးသော်လည်း လျင်မြန်ဖြတ်လတ်တဲ့ ဂိုးသမားတစ်ယောက်ဖြစ်နေပါပြီ။
 မနေ ့ညက ဆွီဒင်နဲ့ ပွဲ မာ Man Of the Match ရရိခဲ့တဲ့ ဂိုးသမားပစ်ဖို ့ဒ်ဟာ အင်္ဂလန် အသင်းကို ၁၉၉၀ နောက်ပိုင်း ဆီမီးဖိုင်နယ်တက်စေခဲ့တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်နေပါပြီ။
၁.လူကာမိုဒရစ်
ခရိုအေးရား ရဲ့ play maker အသင်းခေါင်းဆောင် မိုဒရစ် ဟာ လက်ရိ ကမ္ဘာ ့ဖလားပြိုင်ပွဲမာ တော်တော်လေးခြေစွမ်းပြကစားနေတာကို တွေ ့ရပါတယ်။
မိုဒရစ်ဟာ ကွင်းလယ်ကြောတစ်လျောက်မာ အတက်အဆင်းနဲ့ ပြေးပြေးလွားလွားကစားပေးနေပြီ ခရိုအေးရား အသင်းအတွက် အခွင့်အရေးပေါင်းများစွာကို ဖန်တီးပေးလျက်ရိပါတယ်။
ဒိန်းမတ်နဲ့ ပွဲမာ သူဟာ ပယ်နယ်တီ လွဲချော်မု ရိခဲ့သော်လည်း ကမ္ဘာ ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ မိုဒရစ် ဟာ ခရိုအေးရား အသင်းရဲ့ မရိမဖြစ်ကစားသမားတစ်ဦးဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
No comments
Powered by Blogger.